အားလုံးပဲ ဗန်ပိုင်းယားဆိုတာ တကယ်ရှိတယ်လို့ ယုံကြပါသလား ။
ဒီနေ့ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ The Radleys ရုပ်ရှင်
ကားထဲမှာတော့ ဗန်ပိုင်းယားဆိုတာ မိသားစုလိုက် မျိုးရိုးလိုက်ပြီး
ဖြစ်တဲ့ အခြေအနေတစ်ခုပါတဲ့ ။
တစ်မိသားစုလုံး ဗန်ပိုင်းယားတွေ ဖြစ်နေတဲ့ ရက်ဒလေ မိသားစုဟာ
သာမန်နဲ့ တူအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး လူယောင်ဆောင်
နေကြတာဖြစ်ပါတယ် ။ ဒီလိုကနေ တစ်ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ်
ဗန်ပိုင်းယားမှန်း မသိသေးတဲ့ သမီးဖြစ်သူ ကလာရာက ပါတီမှာ
တွေ့တဲ့ ကောင်လေးတစ်ယောက်ကို ကိုက်သတ်ပစ်ပါတော့တယ် ။
သမီးဖြစ်သူ အမှုပတ်ပြီး ထောင်နန်းစံရမှာ စိုးရိမ်တဲ့ မိဘနှစ်ပါးကလည်း
ဦးလေးဖြစ်သူ ဝီလ်ကို လှမ်းခေါ်ပြီး အလောင်းဖျောက်ဖို့ အကူအညီ
တောင်းရပါတယ် ။ ဒါပေမဲ့ ဝီလ် နဲ့ ကလေးတွေရဲ့အမေဖြစ်သူ
ဟယ်လင်ရဲ့ ဇာတ်ကြောင်းက ထင်သလောက် မရိုးရှင်းတဲ့အခါ
လင်မယားကြားမှာ ဘာတွေဖြစ်လာမလဲ ။ ရက်ဒလေမိသားစုရဲ့
နေထိုင်ပုံနဲ့ အများကြီး ကွာခြားနေတဲ့ ဝီလ်ဟာ ကလေးတွေအတွက်
မကောင်းတဲ့ နမူနာတစ်ခု ဖြစ်လာတဲ့အခါ ကလေးတွေ အတုခိုးမှားပြီး
ဘာတွေ ဖြစ်လာကြမလဲ ဆိုတာကိုတော့ The Radleys ရုပ်ရှင်မှာ
အားလုံး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ။
File size…1.46GB / 773MB
Quality…WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 55m
Genre ….. Comedy , Horror
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Hazelle
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။