လက်ရှိနေထိုင်နေတဲ့ကမ္ဘာကြီးပျက်စီးသွားပြီး ကိုယ်နဲ့ကိုယ်ချစ်ရတဲ့ချစ်သူ
ဒါမှမဟုတ် လင်မယားဖြစ်သူနဲ့ပဲကျန်ခဲ့မယ်ဆိုရင်ဘ၀ကြီးကလွယ်ကူနေဦး
မှာပဲလို့တွေးမိတဲ့လူတွေရှိမှာပါ။ဒါပေမယ့်တကယ်တမ်းကိုယ်တွေ့မျက်မြင်
ကြုံလာရတဲ့အခါမှာတော့အဲ့လောက်လွယ်ကူနေမှာမဟုတ်ပါဘူး။
ကိုယ်ချစ်ရတဲ့လူကကိုယ့်ဘေးမှာရှိနေမယ်ဆိုပေမဲ့ ပျက်စီးနေတဲ့ကမ္ဘာကြီးကို
ကြည့်ပြီး တစ်နေ့တစ်နေ့ဖြတ်သန်းဖို့ကိုမနည်းရုန်းကန်နေရရင်တော့
လွယ်ကူမှာမဟုတ်တော့ပါဘူး။
အဲ့လိုစိတ်ကူးယဉ်မှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရအောင်ပုံဖော်
ရိုက်ကူးထားတဲ့ The Lonely Man With The Ghost Machine ဆိုတဲ့
ဘက်ဂျက်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
အစမှာပြောခဲ့တဲ့အတိုင်း၀ူဇက်နဲ့နယ်လီတို့လင်မယားက ခရမ်းရောင်
ကောင်းကင်တွေ တိမ်တိုက်ကြီးတွေနဲ့ ကောင်းကင်ပေါ်ကကျလာတဲ့
အကောင်ကြီးတွေရှိနေတဲ့ပျက်စီးနေတဲ့ကမ္ဘာကြီးမှာရှင်သန်အောင်ရုန်းကန်
နေကြရတာကိုတွေ့ရမှာဖြစ်ပါတယ်။
စစချင်းတုန်းကတော့တစ်ယောက်လက်တစ်ယောက်တွဲပြီးလောကကြီးကို
ရင်ဆိုင်ခဲ့ကြတယ်ဆိုပေမဲ့ကြာလာတဲ့အခါမှာတော့၀ူဇက်တစ်ယောက်လည်း
စိတ်တွေလေလာပြီး အရက်တွေပဲသောက်နေပါတော့တယ်။
ဒီလိုနဲ့နယ်လီလည်းစိတ်တွေညစ်ပြီးစိတ်ပြေလက်ပျောက်လမ်းထွက်
လျှောက်ရာကနေသေဆုံးသွားခဲ့ပါတယ်။အဲ့ဒါကြောင့်အကြီးအကျယ်တွေ
နောင်တရနေတဲ့၀ူဇက်ကသူ့မိန်းမကိုပြန်ခေါ်ဖို့ကြိုးစားရင်းနဲ့ The Lonely Man
With The Ghost Machine(အထီးကျန်နေသောယောက်ျားတစ်ယောက်နှင့်
ဝိညာဉ်စက်)ဆိုတဲ့ဇာတ်ကားလေးပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
File size…809MB / 432MB
Quality…WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 30m
Genre ….. Horror
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။