The Killing Fields (1984)
IMDb Rating (7.8) / Rotten Tomatoes (93%)
ဒီဇာတ်ကားလေးကတော့ 1984 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သတင်းထောက် Sydney Schanberg ရဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ စစ်ပွဲတွေအကြောင်း ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
IMDb rating 7.8 အထိရရှိထားပြီး 1985 Oscar ဆုပေးပွဲမှာလည်း ဆု သုံးဆုအထိရရှိခဲ့သလို ဆုတွေအများကြီး ပတ်သိမ်းခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။
မင်းသားကြီး Sam Waterston နဲ့အတူ ကမ္ဘောဒီးယား သရုပ်ဆောင် Dr Haing S. Ngor တို့ အဓိက ပါဝင်ထားပြီးတော့ ဒါရိုက်တာ Roland Joffé ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
1970 ပြည့်နှစ်အလွန်ကာလများအတွင်း ကမ္ဘောဒီးယား ပြည်တွင်းစစ်ကာလတွင် The NewYork Times သတင်းထောက်ဖြစ်သူ Sydney Schanberg ဟာ
ဒေသခံ သတင်းထောက်ဖြစ်သူ Dith Pran နဲ့အတူ စစ်ပွဲ၏ ကြောက်မက်ဖွယ်ရာများ ကြေကွဲဖွယ်ရာ များကို သတင်းယူနေခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် 1975 ခုနှစ် အရောက်မှာတော့ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွါခဲ့ရတဲ့အခါ Dith Pran က မိသားစုကို လုံခြုံရာကို ပို့ပြီးတော့ Schanberg နဲ့ အတူ ကျန်နေခဲ့ပါတယ်။
သို့သော် ခမာနီတပ်တွေ ဖနွမ်းပင်မြို့ထဲကို ဝင်ရောက်လာတဲ့အခါ Schanberg မှာ ထွက်ခွါခွင့်ရသော်လည်း Dith Pran ဟာ ခမာနီများထံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
Schanberg လည်း အမေရိကန်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ Dith Pran ကို မနားမနေ ရှာဖွေခဲ့ရင်း နောက်ဆုံးမှာ သူတို့မိတ်ဆွေနှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်ပြန်တွေ့သွားမလားဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)
File size… (3.2 GB) / (1.5 GB)
Quality…. Blu-Ray 1080p HEVC / 720p
Format…. mkv/mp4
Genre…. Biography, Drama, History, War
Duration…. 02:22:15
Subtitle…. Myanmar Subtitle (Hardsub)
Encoder…. Benjamin
Translated by Nay
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။