အလုပ်တစ်ခုကိုစလုပ်ပြီးရင် ပြီးအောင်လုပ်ဖို့ Moti လိုနေတဲ့
သူတွေအတွက် ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကို တင်ဆက်
ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်တုန်းက
ဂျော့ဂျ်လို့ခေါ်တဲ့ အမေရိကန်စစ်ပြန်တစ်ယောက် လမ်းလျှောက်
တောင်တက်ခဲ့တဲ့ခရီးစဉ်ကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
နာမည်ကိုတော့ The Keeper လို့ပေးထားပြီး လက်ရှိ IMDb Rating
6.2 အထိရရှိထားပါတယ်။
သူလမ်းလျှောက်တောင်တက်တာဘာထူးဆန်းလို့လဲမေးရင်တော့
သူနဲ့အတူတူတိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်ရဲဘော်တွေထဲကမှ ပြန်လာပြီး
သိပ်မကြာခင်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြတဲ့ စစ်ပြန်ပေါင်း
၃၆၃ ယောက်ရဲ့နာမည်ပြားတွေကိုသူ့ရဲ့ခရီးသွားလွယ်အိတ်ကြီးမှာ
အလေးခံချိတ်ဆွဲပြီး အပလာချီယန်လမ်းကြောင်းကို မိုင်ပေါင်း ၂၁၉၃ မိုင်
သွားခဲ့တဲ့ခရီးဖြစ်နေလို့ပဲဖြစ်ပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့
အဲ့ဒီနာမည်ပြားတွေထဲမှာပါတဲ့လူတွေအတွက်ရည်ရွယ်ပြီး ဂုဏ်ပြုဖို့
အတွက်ပဲဖြစ်ပါတယ်။အသက်လည်းနည်းနည်းရနေပြီဖြစ်တဲ့
ဂျော့ဂျ်တစ်ယောက်အတွက် ခရီးလမ်းကခက်ခဲပေမဲ့ လမ်းမှာတွေ့တဲ့
တခြားသောစစ်ပြန်တွေပေးတဲ့ခွန်အားတွေနဲ့ရှေ့ဆက်ပြီး မလျှော့သော
ဇွဲနဲ့ပန်းတိုင်ကိုအရောက်လှမ်းခဲ့တဲ့ခရီးစဉ်ကိုစိတ်ဝင်စားစရာရှုစားရမှာ
ဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်ဇာတ်ကားလေးတွေသဘောကျတဲ့လူတွေ
အတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။
File size… (1.56GB) / (855MB )
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 41m
Genre ….. Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။