Channel Myanmar

The Gods Must Be Crazy II (1989)

The Gods Must Be Crazy II    

PG 1h 38min Comedy

6.8
IMDB: 6.8/10 15,657 votes

, , , , , , , , , ,

1 nomination

South Africa | Botswana

811283

Report error

442

 

#Nixau_Toma ( ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မှုငွေကြေးချမ်းသာမှုတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ )
.……………………………………………………………
” ပီတာက ဆိတ်၇ကောင်ပေး မယ်ဆိုလို့ကျွန်တော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကိုကျွန်တော်အခုမှကြားဖူးတာဗျ။ ဒီမှာ နေအခါ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ ပြီးရင်ကျွန်တော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ ”

N!xau Toma
တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင်ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲကကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက ၁၂ရာစုလူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။ အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိူးမှုကိုတောင်မသိရှိသလို သူတို့ဘာသာစကားဟာလူ၁သောင်းတောင်မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိူးနွယ်ပါ။ ၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။သူတို့ယုံကြည်မှုက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မှုမဟုတ်ဘဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့လူမျိူးတွေပါ။မှတ်တမ်းများအရ ဒီလူမျိူးစုစစ်စစ်ဟာ၂၀၀ကျော်သာကျန်တော့ပြီးသစ်တောပြူန်းတီးမှု တောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့သူပုန်တွေကြောင့် မျိူးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ၃၀ကိုတရွာလောက်ပဲနေထိုင်မှုတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာကမ္ဘာ့လူမျိူးစုထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါတယ်။

အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Tomaဆိုတဲ့လူရိုင်းလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့တမိသားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့တောပုန်းမှုမှာကြုံရင်း အသတ်ခံခဲ့ရပါတယ်။ ဒီလူရိုင်းလေးနဲ့သူ့အကို N!aau သာကျန်ခဲ့ပြီးတခြားရွာသူကြီးကသူတို့ညီကို၂ယောက်ကို မွေးစားခဲ့ပါတယ်။

Niaau ဟာလဲ ၉နှစ်သားမှာအပျော်တမ်းအမဲလိုက်အဖွဲ့ကပစ်သတ်တာခံခဲ့ရပြီး Tomaတယောက်ထဲမိမဲ့ဖမဲ့မိသားစုမဲ့နဲ့ဘဝကိုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ Tomaကလူရိုင်းပေမယ့်ဉာဏ်တော့ကောင်းတယ်။ ရွာကလူတွေထဲအမဲလိုက် အကျွမ်းကျင်ဆုံးသူရဲကောင်းဖြစ်သလို ၁၉နှစ်သားမှာငါးမွေးမြူဖို့ ရွံ့ကန်တခုကိုသူလုပ်ခဲ့ပါပြီ ဒါကသာမာန်လူတွေအဖို့ကလေးတောင်သိတယ်ဆိုပေမယ့် ဒီလိုလူရိုင်းတွေအဖို့တော့နည်းပညာသစ်တခုပါပဲ။ အဆိပ်မှုတ်ပြောင်းကိုပေ၃၀နီးပါးပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလဲပေါ့ပါးပြီးအဝေးပစ်နိုင်အောင် ရွာကလူတွေကိုသူသင်ကြားပေးနိုင်ခဲ့ပါပြီ။

သူများတွေတလလောက်လိုက်ရတဲ့အမဲအုပ်ကိုသူ၁၀ရက်နဲ့လိုက်နိုင်သလိုတောလဲကျွမ်းကျင်သူပေါ့။ ဒါကြောင့်လဲရွာမှာပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို Popularလဲဖြစ်လွန်းသူပါ။ ဒါပေမယ့်သူ့အသက်ကိုသူဘယ်လောက်ရှိမှန်းမရေနိုင်သလို တရက်တာအချိန်ကိုလဲနေဝင်နေထွက်တာနဲ့ပဲသိတဲ့သူပါ။ မိုးတခါရွာရင်တနှစိလို့သိတဲ့လူမျိူးစုဖြစ်သလို သမင်အုပ် တောင်ဖက်ပြောင်းရင် ၁နှစ်လို့အကြမ်းဖျင်းသိတဲ့လူမျိူးစုပါ။ နှစ်လရက်နာရီတွေကိုမသိသလိုဂဏာန်းတွေကိုလဲမသိရှိသူပါ။ ရွာမှာဆိတ်၅ကောင်ရှိသူဟာသူဌေးစာရင်းဝင်ဖြစ်ပြီးကျွဲ၁၀ကောင်အမဲလိုက်နိုင်ရင် Heroပါပဲ။ ဒီလိုနဲ့သူ့ အသက် ၂၅လို့ထင်ရတဲ့အချိန်မှာတခြားရွာကသူကြီးသမီးနဲ့လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲနေထိုင်ခဲ့ပါ တယ်။ ရွာဆိုတာကလဲ လူ၃၅ယောက်သာရှိတဲ့ရွာလေးပါ။

Peter Jay
………………
ပီတာကHollywood ရုပ်ရှင်လော ကမှာ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ Jamie Uys ရဲ့သားပေါ့။ သူကိုင်တိုင်လဲSettingသမား တယောက်ဖြစ်သလိုအငယ်တန်းဒါရိုက်တာတယောက်ပါ။သူဌေးသားဖြစ်ပေမယ့်အမဲလိုက်ရ တာကိုဝါသနာပါသူတယောက်။ ၁၉၇၉ခုနှစ်မေလမှာ သူနဲ့သူငယ်ချင်း၃ယောက်တောင်အာဖရိကကိုအမဲလိုက်ထွက်ခဲ့ပါတယ်။ကိုယ်ပိုင်ဂျက်လေယာဉ်တစီးနဲ့သူငယ်ချင်းတွေအပျော်တမ်းအမဲ လိုက်ရာကနေ အင်ဂျင်မတော်မဆမှုဖြစ်ပြီးလေယာဉ်ပျက်ကျမှုကြောင့်သူတို့သူငယ်ချင်းတသိုက်ဟာကံဆိုးခဲ့ရပါတယ်။

မြို့ပြနဲ့ဆက်သွယ်မှုပြတ်သွားသလိုသူတို့လေယာဉ်ပျောက်ဆုံးမှုဟာလည်း သတင်းမှာပါခဲ့ပြီး တစီးလုံးသေဆုံးသွားကြောင်း ကြေငြာခဲ့ပါတော့တယ်။
…………………………………
ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်း Toma တွေ့သွားတာကဒီသူဌေးသားပီတာရဲ့ အလောင်းကိုပါပဲ။ သေချာကြည့်မှမသေသေးပဲ အသက်ရှင်နေသေးတာကိုသိခဲ့လို့ရွာကိုကယ်လာပြီးဆေးကုပေးခဲ့ခဲ့ပါတယ်။ ကံကောင်းတယ် လို့ပဲပြောရမယ် ပီတာဟာအသက်ဘေးကနေဒီလူရိုင်းကြောင့်လွတ်ခဲ့ပါတယ်။ ဒါပေမယ့်ခြေထောက်တဖက်ကတော့ဆုံးရှူံးခဲ့ရပါတယ်။ပီတာဟာဒီလူရိုင်းရွာမှာ ၅လအထိသောင်တင်ခဲ့ပြီးTomaနဲ့လဲသူငယ်ချင်းဖြစ်ခဲ့ပါတယ်။

ပီတာက Tomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မှုတွေကိုသင်ပေးတယ်။ ဒါပေမယ့်Tomaကမှတ်နိုင်စွမ်းမရှိသလိုအလွဲလွဲအချော်ချော်လုပ်လို့ဟာသတွေဖြစ်ခဲ့ရတာပေါ့။ ပီတာကideaတခုရသွားတယ်။ဟာသကားတွေရိုက်တဲ့Hollywoodကသူ့သူငယ်ချင်း Nic နဲ့ဒီလူရိုင်းရဲ့အလွဲတွေကိုရုပ်ရှင်ရိုက်ရင် တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။ ၁၉၇၉ခုနှစ်ဒီဇင် ဘာလမှာကံကောင်းထက်မစွာနဲ့ပဲအာဖရိကသစ် တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ပီတာတွေ့သွားပြီး မြို့ကိုပြန်ဖို့အခွင့်အရေးရခဲ့ပါတော့တယ်။

ဒါပေမယ့်သူတယောက်ထဲမပြန်ဘူး။ Tomaကိုပါခေါ်သွားချင်တယ်။ Tomaကလဲမလိုက်ရဲဘူး။ ဒီလိုနဲ့ Tomaကို ဆိတ်၇ကောင်ပေးမယ်ဆိုတဲ့ကမ်းလှမ်းမှုနဲ့ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ဆိတ်၇ကောင်ဆိုတဲ့ပမာဏက Tomaအဖို့ရွာမှာသူဌေး ဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အတူလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

#The_Gods_Must_Be_Crazy

ဘုရားတွေရူးမလား လူတွေရူးမလားတော့မသိဘူး ဒီလို ၁၂၃၄ တောင်မသိတဲ့လူရိုင်းတကောင်ကိုမြို့ပေါ်ခေါ်လာပြီးရုပ်ရှင်ရိုက်ချင်တဲ့ပီတာရဲ့idea ကတော့တော်တော်ရူးလွယ်ပါတယ်ပေါ့ဗျာ။ အဖေဖြစ်သူ Jamie Uysကိုပြောတယ်ဒါပေမယ့်လက်မခံဘူး ။ ဘယ်ကလူရိုင်းကိုရုပ်ရှင်မင်းသားတင်မလဲပေါ့ ဒီကောင်ရူးနေပြီလားပေါ့ အဖေဖြစ်သူက။ ဒါပေမယ့်သားဖြစ်သူရဲ့စိတ်အားထက်သန်မှုနဲ့ ရုပ်ရှင်အပေါ်စိတ်ဝင်စားမှုသိပ်မရှိခဲ့ဘဲ လေနေတဲ့သားကပြောလာတော့အဖေဖြစ်သူကလက်ခံခဲ့ပါတော့တယ်။ သူကိုယ်တိုင် Producerလုပ်ပြီးဒါရိုက်တာတွေကိုခေါ်ပေမယ့်ဘယ်သူမှလက်မခံတဲ့အပြင်အဟားပါခံခဲ့ရတယ်။

နောက်ဆုံးသူကိုယ်တိုင်ပဲဒါရိုက်တာလုပ်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။The Gods Must Be Crazy ဆိုတဲ့ဒီကားကို ၁၉၈၄ခုနှစ် ဇူလိုင်လ ၉ရက်နေ့မှာ အာဖရိက အမေရိကနဲ့ ဥရောပမှာရုံတင်ခဲ့ပါတယ်။၅သန်းပဲအကုန်ကျခံခဲ့တဲ့ဒီကားဟာ $60,000,000 ကျော်ရခဲ့သလို မထင်ထားတဲ့ရုပ်ရှင်လောကသားတွေကြားထဲဒီလူရိုင်းကတလအတွင်းရုပ်သံသတင်းတွေ interviewတွေမှာပါလာခဲ့ပါတယ်။ ဒီကားကိုရိုက်ဖို့အခက်အခဲများစွာရှိခဲ့သလို Cameraနဲ့ချိတ်ထားရင်သေနပ်ထင်လို့လန့်ပြီးဝပ်မှောက်တတ်တဲ့ဒီလူရိုင်းကြောင့် Cameraတွေကိုအဝတ်နဲ့အုပ်ပြီးရိုက်ကူးခဲ့ရသလို ဒိုင်ယာလော့တွေကိုအလုံး၁၀ထက်ပိုသင်လို့မရလို့ဖြတ်ဖြတ်ပြီးရိုက်ခဲ့ရပါတယ်။ထူးခြားမှုကတော့ဒီကားထဲကရိုက်ကွက်တွေဟာTomaသရုပ်ဆောင်နေတာမဟုတ်ပဲတကယ်ထင်ပြီးလုပ်ခဲ့ပြေးခဲ့တာတွေများပါတယ်။

ဒီကားဟာဒေါ်လာအမြတ်ငွေ သန်း၁၁၀ကျော်အထိတနှစ်အတွင်းရခဲ့သလို Tomaဟာလဲနိုင်ငံတကာဆုတွေရခဲ့ပါတယ်။ ဒီကားအတွက်Tomaဟာဒေါ်လာ၇သန်းရခဲ့ပါတယ်။ ဒါပေမယ့်ဒီဒေါ်လာတွေကိုသူဘာမှန်းမသိလို့လာမခံခဲ့ပဲပီတာကိုပဲဆိတ်၇ကောင်လိုချင်ကြောင်းပြောခဲ့ပါတယ်။ပီတာဟာဒါကြောင့် Tomaကိုဆိတ်အကောင်၃၀နဲ့အတူသူ့ရွာကိုပြန်ပို့ခဲ့ပြီး ဒေါ်လာ၃၀၀ကိုလဲသူမလိုချင်တောင်အမှတ်တရသိမ်းထားဖို့ထည့်ပေးခဲ့ပါတယ်။

ဒါပေမယ့်ဒီမှာတင်မပြီးသွားဘူး။The Gods Must Be Crazy ကအရမ်းအောင်မြင်လို့ 2 ကိုထပ်ရိုက်ဖို့ကမ္ဘာ့အနှံ့ကToma Fan တွေကတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ ဒီအခါမှာတော့ The Gods Must Be Crazy 2ကို Hollywood ရုပ်ရှင်ထုတ်လုပ်ရေးကြီး 20th Century Fox ကထုတ်လုပ်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ TGMBC 2 ကို၁၉၉၀ခုနှစ် ဧပြီလ၁၃ရက်နေ့မှာထပ်မံရုံတင်ခဲ့ပါတော့တယ်။ ရှေ့က1လိုပဲ အောင်မြင်မှုများစွာရခဲ့ပြီးဒေါ်လာသန်း၁၅၀ကျော်အထိအမြတ်ငွေရရှိခဲ့ပါတယ်။ ဒီကားမှာတော့ Tomaရဲ့မိသားစုတစုလုံးကပါဝင်ရိုက်ကူးခဲ့ပြီးသားဖြစ်သူတွေရေကားနောက်ပါသွားမှုကိုစိုးရိမ်တကြီးနဲ့နောက်ကလိုက်တဲ့ဖခင်တယောက်ရဲ့မေတ္တာကိုရိုက်ကူးခဲ့တဲ့ကားပေါ့။ ဒီကားမှာသားဖြစ်သူတွေရဲ့ဟာသအလွဲတွေလဲပါဝင်လာသလို ဖခင်ဖြစ်သူရဲ့ကြောင်တောင်တောင်ဓလေ့စရိုက်တွေလဲပါလာခဲ့ပါတယ်။

ကလေးတွေဖြစ်ပေမယ့်တောတောင်ထဲအန္တရယ်ကြုံလာရင်ကိုယ်တိုင်ကာကွယ်မှုတွေ လူရိုင်းတွေရဲ့ရိုးသားတဲ့အကျင့်စရိုက်တွေကိုဒီကားမှာမြင်ရသလိုဟာသရောကြေကွဲစရာလေးတွေကိုပါမြင်ရစေတဲ့ကားတကားပါ။ ဒီကားအပြီးမှာတော့Toma ရဲ့လုပ်ဆောင်ချက်ကအရမ်းကြီးမားသွားခဲ့ပါပြီ။ ကမ္ဘာပေါ်ကမဖွံ့ဖြိုးသေး မြို့ပြနဲ့ဝေးတဲ့နေရာတွေက လူရိုင်းတွေရဲ့ဘဝကိုတကမ္ဘာလုံးသိအောင်ပြသခဲ့သလို Tomaဟာလဲကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကိုကမ္ဘာကပစ်ထားမှုကိုချပြလိုက်တဲ့ဇာကောင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါတင်မကပါဘူး Tomaဟာကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကိုထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ်ရောတောင်အာဖရိကလူမည်းတွေရဲ့စားဝတ်နေရေးသံတမန်အဖြစ်ပါခန့်အပ်ခံခဲ့ရပါတယ်။ဒါပေမယ့်သူဘာမှမသိဘူး interviewတိုင်း talkshowတိုင်း ရယ်ပြတာကလွဲရင်သူဘာမှမသိမပြောတတ်မလုပ်တတ်ခဲ့ပါဘူး။ဒီ၂ကားအပြီးမှာတော့TomaဟာHollywood အာဖရိကတင်မကပဲဟောင် ကောင်ရုပ်ရှင်လောကကပါကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ ဟောင်ကောင်ထုတ်လုပ်ရေးနဲ့ပထမဆုံးရုံတင်လာတဲ့ကားက Crazy Safariဒီကားကလဲရှေ့ကTGMBC တွေလိုပဲအောင်မြင်ခဲ့ပါတယ်။ ဟောင်ကောင်ဒေါ်လာသိန်း၁၀၀ကျော်ရခဲ့သလို Tomaရဲ့ဘရုစလီလိုလုပ်ကွက်တွေကလဲဘရုစလီနဲ့တူအောင်ရိုက်တဲ့သူတွေထဲအအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်သရဲတကောင်နဲ့တိုင်ပတ်နေတဲ့လူရိုင်းကားပေါ့။ဒီကားအပြီး Tomaဟာ Crazy Hong Kong(1993) / The Gods Must Be Funnyin China (1994) / Sekai Ururun Taizaiki ( 1996 )ကားတွေထွက်ခဲ့ပြီးလူရိုင်းတွေထဲအောင်မြင်မှုအကြီးမားဆုံးလူသားအဖြစ် 1996ခုနှစ်မှာဂင်းနစ်စံချိန်ဝင်ခဲ့ပြီးရုပ်ရှင်သမိုင်းမှာ ဟာသလူရိုင်းသရုပ်ဆောင်အဖြစ်တသက်တာအနုပညာရှင်ဆုကိုရခဲ့ပါတော့တယ်။

TomaဟာSakei Ururun Taizaikiဇာတ်ကားအပြီးမှာတော့သူ့ရွာကိုပဲပြန်ချင်ကြောင်းပြောလာခဲ့လို့ပီတာကပို့ပေးခဲ့ပြီးရုပ်ရှင် ဘယ်တော့မှထပ်မရိုက်တော့ပဲမိသားစုနဲ့အတူရွာမှာပဲအမဲလိုက်ရင်းနေထိုင်ခဲ့ပါတော့တယ်။သူဟာဒီဆယ်စုနှစ်အတွင်း ဒေါ်လာသန်း၇၀ကျော်ရရှိခဲ့ပေမယ့် ဒီစက္ကူတွေကသူ့မိသားစုအတွက်အသုံးမဝင်ကြောင်းပြောခဲ့ပြီး အာဖရိကကလေးသူငယ်များအစာအဟာရချို့တဲ့မှု Foundationကိုအကုန်လှူတန်းခဲ့ပါတယ်။ Tomaဟာကမ္ဘာပေါ်ကလူရိုင်းတွေရဲ့နေထိုင်မှု ရိုးသားမှု တောင်အာဖရိကရဲ့လူမည်းတွေရဲ့ဒုက္ခရောက်နေမှုကို ကမ္ဘာကိုသိအောင်ပြောကြားခဲ့သူဖြစ်ပြီးရုပ်ရှင်လောကမှာပထမဆုံးလူရိုင်းမင်းသားတယောက် အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်ဇူလိုင်လ ၁၂ရက်နေ့မှာတော့ Toma ဟာငှက်ဖျားရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ ရုပ်ချောမှ စကားပြောကောင်းမှဆိုတဲ့ အနုပညာလောကမှာဒီလူရိုင်းကဘာမှသေချာမပြောတတ်ဘဲ ဂဏာန်းအလုံး၂၀ထက် ပိုမမှတ်တတ်ဘဲ ငွေတွေနာမည်ကြီးမှုတွေအောင်မြင်မှုတွေကိုမသိဘဲ ဝင်ရောက်လာခဲ့ပြီးကမ္ဘာ့ရုပ်ရှင်လောကမှာနာမည်တခုထားသွားခဲ့ပါတယ်။

အာဖရိက မော့စ် ပုလင်းမင်းသားလို့မြန်မာကသိကြတဲ့ Toma ဟာဂျစ်ကားပြောင်းပြန်မောင်းတာတွေခြင်္သေ့လိုက်လို့ပြေးတာတွေ ပုလင်းတလုံးနဲ့တရွာလိုက်ပြသနာတက်တာတွေ မြို့ပြကိုသားဖြစ်သူတွေနောက်လိုက်ရင်းဝရုန်းသုန်းကားဖြစ်တာတွေ တရုတ်သရဲနဲ့အသီးခူးတာတွေ တောတွင်းဟာသအလွဲတွေနဲ့ သူ့ရိုးသားဖြူစင်တဲ့အပြူံးဘဝမှာမိသားစုကလွဲပြီးဘာမှမသိတဲ့လူတယောက်အဖြစ် ငွေကြေးအောင်မြင်မှုတွေမရှိဘဲ ပျော်ရွှင်တဲ့လူတယောက်အဖြစ်နေထိုင်နိုင်ကြောင်းလူရိုင်းတွေရဲ့အရိုးခံစိတ်ထားတွေက ကမ္ဘာ့ရုပ်ရှင်လောကမှာရောကမ္ဘာပေါ်ကလူတွေအတွက်မှာမမေ့နိုင်စရာလူတယောက်ပါ။ သူဒေါ်လာသန်းချီပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ဒီချမ်းသာမှုတွေနဲ့မိသားစုဘဝကိုမလဲခဲ့ဘူး။ အောင်မြင်မှု StarIdol Fan ပရိတ်သတ်ဆိုတာကိုမသိဘူး။ဒီလိုလူမျိုး ရုပ်ရှင်လောကမှာရော အနုပညာလောမှာပါတယောက်မှမရှိပါဘူး။

Forever Respect My Childhood Idol
Ref : Twitter
The Gods Music Be Crazy Book
Inc Magazine (Toma )
ထက်ဝန

(ရုပ်ရှင်အညွှန်းကို Htet Wa Na Facebook မှကူးယူဖော်ပြပါသည်။)

File size…(2.7 GB)/(1.4 GB)
Quality….Webrip 1080p / 720p
Format… mp4
Duration…. 01:38:00
Genre… Comedy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Missy Win



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Gods Must Be Crazy II (1989)


No downloads available

Genres



Related movies