The Dish (2000)
IMDb Rating (7.2) / Rotten Tomatoes (96%)
ခုနေများ ကြုံကြိုက်လို့ လပေါ်ကိုရောက်ရင် အောက်ပါစာတန်းပါတဲ့ ကဗျည်းနဲ့ အမေရိကန်အလံကို ရှာကြည့်ပါ။
Here men from the planet Earth first set foot upon the Moon. July 1969, A. D. We came in peace for all mankind.
ဤနေရာတွင် ကမ္ဘာဂြိုလ်မှ လူသားများ လပေါ်တွင် ပထမဆုံး ခြေချနိုင်ခဲ့သည်။
ဇူလိုင်လ ၁၉၆၉ ခုနှစ် အေဒီလူသားမျိုးနွယ်စုအားလုံးအတွက် ကျွန်ုပ်တို့ ငြိမ်းချမ်းစွာလာခဲ့သည်။
ဒါ လူသားမျိုးနွယ်တို့ရဲ့ မဟာအောင်ပွဲပါ။ အာကာသယာဉ်မှူး နီးလ် အမ်စထရောင်းပြောခဲ့သလို “လူသားတစ်ယောက်ရဲ့ အဲဒီခြေလှမ်းသေးသေးလေးဟာ လူသားမျိုးနွယ်အတွက်တော့ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါပဲ”
ဒါတွေဟာ နာဆာရဲ့ အပိုလိုမစ်ရှင်တွေထဲက ၁၁ကြိမ်မြောက်မှာ လပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့ ဖြစ်စဉ်ပါ။
ခုနေ ယူကျုဘ်ကနေ First Moon landing ဆိုရှာရင် ခုန်ပေါက်ပြနေတဲ့ အာကာသယာဉ်မှူးကို မြင်ရမှာပါ။
ဒီ ရုပ်ပုံတွေကို ၁၉၆၉ ခုနှစ်တုန်းက လပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာရော သင်သိပါသလား။
အဲဒီလို ပြသနိုင်အောင် အဓိကစွမ်းဆောင်ခဲ့တာကတော့ အခု ရုပ်ရှင်ရဲ့ ခေါင်းစဉ် The Dish ပါ။
ရေဒီယိုတယ်လီစကုပ်တစ်ခုဖြစ်ပြီး ဩစတြေးလျနိုင်ငံ ပက်စ်မြို့လေးရဲ့ သိုးစားကျက်ကွင်းအလယ်မှာရှိပါတယ်။
အဲဒီ’စလောင်း’ကို အသုံးပြုပြီး Moon walking လုပ်တာကို အခက်အခဲတွေကြားက ရအောင် ထပ်ဆင့်လွှင့်ပေးနိုင်ဖို့ကြိုးစားကြတဲ့ ဇာတ်လမ်းပါ။
ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး တကယ့် နေရာ၊ တကယ့်စလောင်း နဲ့ တကယ့် Footage တွေကို ထည့်သွင်းထားပါတယ်။
ဇာတ်လမ်းကိုအများကြီး မညွှန်းလိုပေမယ့် သူ့ခေတ်သူ့အခါက နာမည်ကြီး သရုပ်ဆောင်တွေ၊ နိုင်ငံရေးအပါအဝင် ပျက်လုံးတွေထုတ်ပုံ၊ အင်္ဂလိပ်စကားကိုပဲ ဩစီ နဲ့ အမေရိကန်ပြောပုံမတူလို့ စကားပြန်နဲ့ပြောရပုံတွေ၊ Moon landing လုပ်ပုံတွေကို ရှုစားရမှာပါ။
သရုပ်ဆောင်တွေ အနေနဲ့ ဒိုင်နိုဆောဆရာကြီး Sam Neill က ဦးဆောင်ထားပြီး Roy Billing, Patrick Warburton, Kevin Harrington, Tom Long နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။
ဒါရိုက်တာက Rob Sitch ဖြစ်ပါတယ်။ Nominations ၁၀ ခု ဝင်ထားပြီး Soundtrack, Music နဲ့ screen play ဆု သုံးခု ရထားပါတယ်။
တစ်ကားလုံးမှာ ပျင်းစရာမပါအောင်ပြသွားသလို အကြိုက်ဆုံးစကားတစ်ခွန်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။
“ရှုံးနိမ့်ခြင်းဆိုတာ နောင်တလောက် ကြောက်စရာကောင်းတဲ့ အရာမျိုးမဟုတ်ဘူး”
(အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။)
File size… (3.4 GB) / (1.3 GB)
Quality….Blu-Ray 1080p HEVC / 720p
Format…. mkv/mp4
Genre….Comedy, Drama, History
Duration….01:42:28
Subtitle….Myanmar Subtitle (Hardsub)
Encoder….Benjamin
Translated by T Lone
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။