Channel Myanmar

The Desperate Chase (2024)

ActionComedy

5.5
IMDB: 5.5/10 votes

125411

Report error

The Desperate Chase (2024)

***************************

442

Action ကားလည်းကြိုက်တယ် ဒါပေမဲ့ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးလည်း

ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ The Desperate Chase ဆိုတဲ့

Movie အသစ်စက်စက်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

Cast တွေအနေနဲ့ကတော့ Killing Vote, Bloodhounds တို့ထဲက

မင်းသားကြီး Park Sung Woong, Cafe Minamdang, Flex X Cop တို့ထဲက

မင်းသား Kwak Si Yang, Kdrama ပရိသတ်ကြီးတွေ ရင်းနှီးနေပြီးသားဖြစ်တဲ့

ဇာတ်ပို့မင်းသားကြီး Yoon Kyung Ho တို့က အဓိကအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း-

ဇာတ်လမ်းကတော့ ဂျယ်ဂျူကျွန်းမှာ Gold Medi Valley လို့ခေါ်တဲ့ ဆေးဌာနကြီးကို

ဖွင့်ဖို့လုပ်ရင်း ဒေါသကြီးပြီး ပြဿနာရှာနေကျ စုံထောက်နဲ့ ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီး

လိမ်စားနေကျ အကြီးစားလူလိမ်တို့ ထိပ်တိုက်တွေ့ကြရာကနေ စတင်လာခဲ့တာပါ။

ဂင်အင်ဟယ် (Park Sung Woong) ကတော့ သရုပ်မှန်ကို မမှတ်မိအောင်ဖုံးကွယ်ပြီး

ရုပ်ဖျက်ရင်းလိုက်လိမ်နေတဲ့ လူလိမ်ဆရာကြီးဖြစ်ပြီး ဂျိုဆူဂွမ် (Kwak Si Yang) ကတော့

ဒေါသမထိန်းနိုင်ဘဲ အမြဲတမ်းဝုန်းဒိုင်းကြဲနေပြီး ဂြိုဟ်မွှေနေကျ စုံထောက်တစ်ယောက်ပေါ့။

ဂျယ်ဂျူကျွန်းကို မတူညီတဲ့အကြောင်းရင်းတွေနဲ့ သွားခဲ့ကြတဲ့ လူလိမ်နဲ့ စုံထောက်တို့

တွေ့လိုက်တိုင်း ရန်ဖြစ်နေကြတဲ့ သူတို့နှစ်ယောက်က ဂျူရင်းဖန်း (Yoon Kyung Ho) ဆိုတဲ့

အကြင်နာကင်းမဲ့တဲ့ ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးဖို့ရာ အင်အားပေါင်းစည်းဖို့ ဖြစ်လာပါတော့တယ်။

ဂျူရင်းဖန်းကရော ဂိုဏ်းကနေဘယ်လိုမတရားတဲ့ကိစ္စတွေကို ကျူးလွန်နေတာဖြစ်မလဲ..။

မတည့်အတူနေလူလိမ်နဲ့ စုံထောက်ကရော ဘယ်လိုတွေညှိပြီး စစ်ဆင်ရေးတွေချသွားကြမှာလဲ..။

သူတို့ရဲ့စစ်ဆင်ရေးမှာရော တခြားဘယ်သူတွေက ဘယ်လိုကူညီပေးသွားကြမလဲဆိုတာကို

ဟာသလေးတွေနှောပြီး စိတ်အပန်းဖြေကြည့်လိုက်ကြပါဦးနော်။

 

(ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။)

 

File size…1.38GB / 650MB
Quality…WEB-DL 1080p/ 720p
Format…mp4
Duration….1h 55m
Genre ….. Action,Comedy
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Tiff
Translated by Miri Theint, Vanessa, Toe Toe Aung & Treasure Htet



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Desperate Chase (2024)
The Desperate Chase (2024)
The Desperate Chase (2024)


No downloads available

Genres



Related movies