Channel Myanmar

Report error

442

 

The Ballad of Wallis Island (2025)

IMDb Rating (7.4) / Rotten Tomatoes (98%)

 

ဒီနှစ် Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ပွဲတော်အတွင်း ပြသခဲ့တဲ့ 2025 ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားအဖြစ် သတ်မှတ်ခံခဲ့ရသလို၊

အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားအဖြစ်လည်း ချီးကျူးခံထားရပါတယ်။

ရီဗျူးတွေ အရဆိုရင်လည်း ကြည့်ရှုခံစားသူ ပရိတ်သတ်တွေကို အားရကျေနပ်စေတဲ့ ရုပ်ရှင် ကားလေးဖြစ်ပါတယ်။ ဟာသလေးနှောတဲ့ ဒရမ်မာ ဆန်ဆန် ကားလေးပါ။

နှလုံးပီတိ ဂွမ်းဆီထိဆိုသလို ၊ နှလုံးသား အရည်ပျော်စေလောက်အောင် စိတ်ချမ်းမြေ့စရာ၊ ကြည်နူးစရာ ကောင်းလှတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

အရေးကြီးဆုံးအရာဟာ ချစ်ခြင်း မေတ္တာတရားပဲ မဟုတ်ပါလား။

 

ဇာတ်လမ်းအကျဉ်း

ချားလ်စ် ဟာ ထီဆုကြီးနှစ်‌ခါပေါက်ပြီး ၊ အမျိုးသမီး ဖြစ်သူ မယ်ရီနဲ့ ကမ္ဘာပတ်ကာ ခရီး‌တွေ ‌ထွက်ခဲ့သူပေါ့။

မယ်ရီ ဆုံးသွားတဲ့နောက်မှာတော့ ချားလ်စ်လည်း ခရီးထွက်တာကို ရပ်လိုက်ပြီး ၊ အရမ်းကို ဝေးလှတဲ့ ကျွန်းတစ်ကျွန်းမှာ အိမ် တစ်လုံး ဝယ်ပြီး ၊

သူ့ရဲ့များပြားလှတဲ့ ငွေတွေနဲ့ ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။

အဲ့ဒီ ကျွန်းလေးဟာ လူသူနည်းပါးပြီ အေးအေးချမ်းချမ်း ရှိပါတယ်။ ရွာခံ တွေကလည်း ရိုးသားကြပါတယ် ။

တစ်နေ့မှာပဲ မယ်ရီရဲ့ ငါးနှစ်ပြည့် နှစ်ပတ်လည် နေ့အတွက် သူနဲ့ မယ်ရီ ရဲ့ အကြိုက်ဆုံး ယူကေ ဖော့ခ် အဆိုတော် မက်ဂွါးရား ကို သီးသန့်ဖျော်ဖြေပွဲအတွက် ဒေါ်လာသန်းဝက် ပေးကာ ငှားလိုက်ပါတယ်။

အဲ့ဒီအပြင် မက်ဂွါးရားရဲ့ ရည်းစားဟောင်းဖြစ်သူ ဂီတာလောကက ထွက်ခွာသွားတဲ့ နေးလ်ကိုပါ ငှားလိုက်ပါတယ်။

ချားလ် က မက်ဂွါးရား ရဲ့ အနုပညာ တွေကို သေ‌လောက် အောင် ရူးသွပ်သူပါ။

အဲ့လိုကနေစပြီး ‌ချားလ်နဲ့ မက်ဂွါးရားကြား က ပေါ့ပေါ့ပါးပါး အလွဲလေးတွေနဲ့ စိတ်ကို ကြည်နူးရစေမှာပါ။

ဖျော်ဖြေပွဲအတွက်စီစဥ်ရင်း ကျွန်းပေါ်မှာ ဘာတွေ ဖြစ်ကြမလဲဆိုတာကို ကော်ဖီလေး တစ်‌ခွက်နဲ့ အနားယူပြီး ခံစားကြည့်သင့်တဲ့ ကားလေးဖြစ်ပါတယ်။

 

(အညွှန်းနဲ့ဘာသာပြန်ကတော့ Kafka ဖြစ်ပါတယ်။)

 

File size… (5.7 GB) / (1.7 GB) / (890 MB)
Quality…. WEB-DL 4K HEVC / 1080p HEVC / 720p
Format…. mkv/mp4
Genre…. Comedy, Drama, Music, Romance
Duration…. 01:40:15
Subtitle…. Myanmar Subtitle (Hardsub)
Encoder…. Benjamin
Translated by  Kafka



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Ballad of Wallis Island (2025)
The Ballad of Wallis Island (2025)
The Ballad of Wallis Island (2025)
The Ballad of Wallis Island (2025)


No downloads available

Genres



Related movies