နေ့ခင်းကြောင်တောင် နယူးယောက်မြို့မှာရှိတဲ့ အရက်ဘားတစ်ခုကို လာထိုင်ကြတဲ့ မိန်းကလေးတွေ နဲ့ ဘားပိုင်ရှင်သားအဖတွေ ဘယ်လို ပတ်သက်မှုလေးတွေ ရှိနေတာလဲဆိုတာကို မပျင်းရဘဲ ဟာသလေးတွေနှောပြီးတင်ဆက်ထားတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ
ဇာတ်ကောင်တွေအနေနဲ့ကတော့ ဂျာနယ်လစ်တစ်ယောက်နဲ့ သူ့သူငယ်ချင်း သူဌေးသမီးလေး ၊ ကိုယ့်ကိုကိုယ် “ရှေ့နေ” လို့ အမြဲပြောတတ်တဲ့ ရှေ့နေ မဖြစ်သေးတဲ့ ဥပဒေကျောင်းသူလေး နဲ့ သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမလေး ၊ ပြီးတော့ စာရေးဆရာတစ်ယောက် နဲ့ ဒီဇာတ်ကားရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်ကောင်ဖြစ်တဲ့ ဘားက အဖျော်ဆရာကောင်မလေး ရဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ အပြုအမူတွေ ၊ လောကကြီးကို စိတ်ကုန်ပြီး ဘားကို လာသမျှ လူတိုင်းကို ရွဲ့ပြီး ပြန်ပြောတတ်တဲ့ သူ့ရဲ့အကျင့်ကို ချစ်စရာကောင်းအောင် ပုံဖော်ထားတာကို မြင်တွေ့ရမှာပါ
ဒီဇာတ်ကားရဲ့အကောင်းဆုံးအပိုင်းက ဒိုင်ယာလော့တွေလို့ ပြောရမှာပါ…သူငယ်ချင်းအချင်းချင်း စကားပြောပုံတွေက အရမ်းကို ရင်းရင်းနှီးနှီးရှိပြီး သဘာဝကျနေတာရယ် မျက်နှာအမူအရာတွေကအစ ဆွဲဆောင်မှုရှိနေတာရယ်က ဒီဇာတ်ကားကိုကြည့်နေရင်း အချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် ခံစားရစေမှာပါ
File size…(734 MB)/(400 MB)
Quality….Webrip HEVC 1080p / 720p
Format…mp4/ mkv
Duration….01:48:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Swan Min Htet
Translated by Aung Kyaw Htet
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။