The 355 (2022)
ဒီတစ်ခါတော့ “The 355” ဆိုတဲ့ အလန်းစားဆိုက်ဘာအက်ရှင်ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်
အင်တာနက်တွေ ဆိုက်ဘာနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ
တီထွင်မှုတွေကလည်း အပြိုင်အဆိုင်ကို ပေါ်ပေါက်လာခဲ့ပါတယ်
ကိုလံဘီယာ ဘိုဂိုဒါမှာ ကမ္ဘာကြီးရဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တဲ့ ဒရိုက်ဗ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်
အဲဒီဒရိုက်ဗ်ကို ကိုလံဘီယာအေးဂျင့် လူဝစ်က ရရှိသွားပြီးတော့
စီအိုင်အေကို ဒေါ်လာသုံးသန်းနဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့
အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စီအိုင်အေ အေးဂျင် မေ့စ်နဲ့ သူ့ချစ်သူ နစ်ခ်တို့နှစ်ယောက် ပဲရစ်ကိုရောက်လာကြပါတော့တယ်
အပေးအယူလုပ်တဲ့နေရာမှာ ဂျာမန်အေးဂျင့် မယ်ရီက
ပိုက်ဆံထည့်ထားတဲ့ အိတ်ကို ကြားထဲကနေ ဖြတ်ယူသွားပါတော့တယ်
မေ့စ်က မယ်ရီနောက်လိုက်နေတုန်း နစ်ခ်က ပစ်သတ်ခံလိုက်ရပါတယ်
စီအိုင်အေကို ပြန်ရောက်တော့မှ မေ့စ်တစ်ယောက် နစ်ခ်အသတ်ခံလိုက်ရမှန်း သိသွားပါတော့တယ်
မေ့စ်ရဲ့ အထက်လူကြီး မတ်ခ်က မေ့စ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့
ဒရိုက်ဗ်ကို ပြန်ရအောင်ယူခိုင်းတဲ့အခါမှာတော့
မေ့စ်တစ်ယောက်ဘယ်လိုတွေလုပ်မလဲ
– စီအိုင်အေ အေးဂျင့် မေ့စ်
– ဂျာမန်အေးဂျင့် မယ်ရီ
– ကွန်ပျူတာကျွမ်းကျင်သူ ခါဒီဂျာ
– ကိုလံဘီယာစိတ်ရောဂါကုဆရာဝန် ဂရေစီယယ်လာ
သူတို့တွေ တတိယကမ္ဘာစစ်ကြီး မဖြစ်အောင် ဘယ်လိုတွေကာကွယ်ကြမလဲဆိုတာ ကြည့်ရှူရမှာပါ
အမျိုးသမီးဖိုက်တာတွေရဲ့ အက်ရှင်ခန်းတွေကို အပီအပြင် ခံစားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
အညွှန်းကိုတော့ Roman NoX က ရေးသားပေးထားပြီးတော့
ဘာသာပြန်ပေးထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။
Genre…..Action, Thriller
Quality….WEB-DL 1080p and 720p and 360p
File size…1.8GB and 1GB and 300MB
Format…mp4
Duration….2h 2min
Subtitle….Myanmar Subtitle (Hardsub)
Translator …..CM Team
Encoder ….. August
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။