Channel Myanmar

Tale of the Mural (2023)

DramaFantasyRomance

6.0
IMDB: 6.0/10 votes

22198

Report error

Tale of the Mural (2023)
=====================
ဒီတရုတ်ကားကတော့ ကြည့်ကောင်းပါတယ်။ ဘုရားစူး တကယ်ကြည့်ကောင်းပါတယ်။ အဓိကကတော့ မင်းသမီးတွေလှသလို ဖမ်းစားတဲ့အခန်းတွေလည်း ပါသကိုး။ ဇာတ်ကတော့  နာမည်ကျော်  Chinese Ghost Storyလို အမျိုးအစားမျိုးပဲ။ မမြင်အပ်ဘဝတွေနဲ့ လူသားတွေ ချစ်ကြိုးသွယ်တဲ့ အကြောင်းပေါ့။ ဒါပေမဲ့ သူကနည်းနည်းလေးတော့ ဇာတ်အိမ်က ကွန့်ထားတယ်။ဇာမဏီနတ်ဘုရားမနဲ့ စာကလေးမိစ္ဆာမ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရင်း အပယ်ဘုံတံခါးကို စာကလေးမိစ္ဆာမက ဖွင့်လိုက်တဲ့နောက် ဇာမဏီနတ်ဘုရားမက သူ့ကိုယ်သူပါ နံရံဆေးရေးပန်းချီကားထဲ ချိပ်ပိတ်ခံပြီး မိစ္ဆာတွေကို တားဖို့စတေးခဲ့တယ်။  ဒီလိုနဲ့ အပြင်လောကမှာ သူ့စွမ်းအားတွေ ကိန်းဝပ်နေတဲ့ အတောင်တစ်ချောင်းကို ကျကျန်ခဲ့ပြီး သူ့ကိုယ်သူ  ပန်းချီကားထဲ ချိပ်ပိတ်မိသွားခဲ့တယ်။ ဒီလိုနဲ့ အနှစ်နှစ်ဆယ်ကျော်ကြာတဲ့အထိ ဒီပန်းချီကားထဲကနေ ဘယ်သူမှမထွက်နိုင်ခဲ့ဘူး။
ဒါပေမဲ့ ဒီကာလတွေမှာ မိစ္ဆာမဟာ လူသားယောက်ျားတွေကို တစ္ဆေမတွေကိုသုံးပြီး ဖျားယောင်းပြီး အသက်ဓာတ်စုပ်ရင်း ဒီပန်းချီကားထဲကနေ ထွက်ဖို့အားဖြည့်နေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဇာမဏီနတ်ဘုရားမရဲ့ အတောင်ကိုပိုင်ထားတဲ့ ပန်းချီဆရာလူသားဟာ  ပန်းချီကိုလေ့လာဖို့လာရင်း ပန်းချီကားနောက်က လောကထဲရောက်လာတဲ့အခါ မိစ္ဆာမ ဇာမဏီနတ်ဘုရားမနဲ့ လူသားကြား  ဘာတွေဖြစ်လာမလဲ ကြည့်ကြရမှာပါ။ ဇာတ်က ကြည့်တော့ကောင်းနေသလို မင်းသမီးကလည်း ဆွဲဆောင်မှုအပြည့်ရှိနေတော့ ကြည့်ရတော်တော်လေးတန်တဲ့ ရုပ်ရှင်ပါပဲ။ မြင်နေကျ ဒီလိုကားတစ်ချို့လောက်တော့ မဆိုးရွားပါဘူး။
ပြောရရင် ဒီကရတဲ့အငွေ့အသက်က ဝူခုန်းထဲ ဆရာတော် ဥဒေါင်းမနဲ့ တွေ့တဲ့အခန်းလိုပါပဲ။ စစအဖွင့်က ဥဒေါင်းမရဲ့ အလှက အဲဒီဝူခုန်းစီးရီးတစ်လျှောက်ထဲ စိတ်ထဲ အစွဲထင်ဆုံးကျန်ခဲ့တဲ့အထိ ညှို့ဓာတ်ကောင်းပါတယ်။ ဒီမှာတော့ ဇာမဏီမနဲ့ လူသားကြားက အချစ်ဇာတ်ပေါ့။ ဇာတ်အိမ်ကလည်း အတော်အတန်တော့ ကောင်းနေတော့ အကောင်းစားမဟုတ်တောင် အချိန်ပေးရတန်မှာပါပဲ။
  ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )

File size_(1.3GB)/(750MB)
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_01:20:00
Genre_Drama, Fantasy
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by W



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director



No downloads available

Genres



Related movies