ဒီဇာတ်ကားက မြန်မာမင်းသားဖိုးကျော် နဲ့တူတဲ့ Kevin Bacon ရဲ့ဇာတ်ကားလေးပါ။
ဒီဇာတ်က စစ်ကားဆိုပေမဲ့ စစ်တိုက်တာ မပါတဲ့ War Drama အမျိုးအစားလေးပါ။
9/11 ကိစ္စအပြီးမှာ US ရဲ့ Marine တပ်တွေက အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ တပ်တွေချထားပြီး အဲ့က သူပုန်သောင်းကျန်းသူတွေနဲ့ တိုက်ကြပါတယ်။
ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ ဘယ်သူကမှန်တယ် မှားတယ်ဆိုတာထက်
စစ်ပွဲထဲမှာ သေသွားရတဲ့စစ်သားတွေ ဘက်ကနေ ရိုက်ပြထားပါတယ်။
ဖြစ်ရပ်မှန်ဇာတ်ကားလည်းဖြစ်ပြီး အီရန်မှာ တိုက်ပွဲကျသွားတဲ့
တပ်ကြပ် ချန့်ဖက်ပ် က သူသေဆုံးသွားတဲ့ အချိန်မှာ အသက် ၁၉ ပဲ ရှိပါသေးတယ်။
သူရဲ့ အလောင်းကို သူ့မွေးရပ်မြေကို ပြန်ပို့ပေးဖို့ ဗိုလ်မှူးမိုက်ကယ်စတိုဘီ( Kevin Bacon ) က
ကိုယ်တိုင် တောင်းဆိုပြီး လိုက်ပို့ပေးတဲ့ ဇာတ်လမ်းလေးကို ရိုက်ထားတာပါ။
ဗိုလ်မှူးမိုက်ကယ်စတိုဘီက တိုက်ပွဲကနေအနားယူပြီး
စစ်သား စိစစ်သူအနေနဲ့ လုပ်ကိုင်နေရင်း ရှေ့တန်းမှာ အသက်ငယ်ငယ်နဲ့ တပ်သားတွေ
သေဆုံးနေရတာကို အပြစ်ရှိသလိုခံစားနေရသူပါ။
ဒီ ဇာတ်လမ်းနဲ့ Kevin Bacon က အကောင်ဆုံးသရုပ်ဆောင်ရွှေကမ္ဘာလုံးဆုကိုလည်းရရှိထားပါတယ်။
ဒီဇာတ်ကားကြည့်ပြီး မျက်ရည်တော့ နည်းနည်းဝဲမိမှာသေချာပါတယ်။
ကြည့်ရှူခံစားလိုက်ကြပါဦး။
File Size : 1.7 GB, 762 MB
Quality : WEB-DL 1080p / 720p
Running Time : 1hr 17min
Format : Mp4
Genre : Drama, War
Subtitle : Myanmar Subtitle (Hard Sub)
Translated by : Nikobaby
Encode by : Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။