Sir 2024 (ကျောင်းဆရာ)
ပညာရေးဆိုတာ လူတိုင်းအတွက် ညီတူညီမျှပါပဲ။ ပြဿနာကတော့ ဒါကို နားမလည်တဲ့သူတွေ ရှိနေတာပါ။
အထက်တန်းစားလူတွေက ဆင်းရဲနွမ်းပါးတဲ့သူတွေသာ ပညာတက်သွားရင် သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းတွေ
လုပ်နိုင်စွမ်းတွေ ပျောက်ပျက်သွားမှာ စိုးရိမ်ရာကနေ ဒီဇာတ်လမ်းလေး စတင်ခဲ့ပါတယ်။
ဒီဇာတ်လမ်းကတော့ မန်ဂိုလိုင်ရွာလေးကို အခြေတည်ထားတာဖြစ်ပြီး
ဒီရွာလေးရဲ့ ပညာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဂနာနမ်တို့ရဲ့ မိသားစုဟာ ကျောင်းဆရာမျိုးရိုးဖြစ်ပြီးတော့ သူ့အဘိုးက
မန်ဂိုလိုင်ရွာလေးမှာ စာသင်ကျောင်းစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။
သို့ပေမဲ့ ကံအကြောင်းမလှတဲ့ အဘိုးဖြစ်သူဟာ အသက်အရွယ်ကြီးတဲ့အခါအမှာ
စိတ်ရောဂါဖြစ်သွားပြီး စိတ်မနှံ့ဘဲ လုပ်ချင်တာ လျှောက်လုပ်နေလို့ ရွာက
အရူးဆရာရယ်လို့ ခေါ်ကြပါတယ်။
ဂနာနမ်နဲ့ ရွယ်တူတွေထဲက တချို့ကလေးတွေဟာ ဂနာနမ့်ကို အရူးဆရာရဲ့မြေးဆိုပြီးတော့
ပြဿနာလိုက်ရှာတာမျိုးကိုလည်း ခံရပါသေးတယ်။ ဒီလိုနဲ့ ဂနာနမ် အသက်ကြီးလာတဲ့အခါမှာလည်း
ကျောင်းဆရာမျိုးရိုးဖြစ်တဲ့အတိုင်း ကျောင်းဆရာဖြစ်ဖို့ မြို့မှာ ကျောင်းသွားတက်လို့နေပါတယ်။
ဒီအချိန်မှာပဲ ဂနာနမ့်အဖေဟာ ရွာကကျောင်းလေးကို မူလတန်းကနေ အလယ်တန်းအထိ တိုးချဲ့လာနိုင်ခဲ့ပါတယ်။
ဂနာနမ့်အဖေရဲ့ ရည်မှန်းချက်အိပ်မက်ကတော့ ရွာကျောင်းလေးကို အထက်တန်းကျောင်းအထိ
တိုးမြှင့်ပေးချင်တာဖြစ်ပြီး ဒီတာဝန်ကိုတော့ ဂနာနမ့်လက်ထဲအပ်လိုက်ပါတော့တယ်။
ဒီလိုနဲ့ ဆင်းရဲသားတွေ ပညာတက်မှာကို ကြောက်တဲ့ အထက်တန်းအုပ်စုက ဂနာနမ် ရွာကျောင်းလေးကို
အထက်တန်းကျောင်းဖြစ်အောင်ကြိုးစားမယ့်လမ်းမှာ ဘယ်လိုတွေ လာရှုပ်မလဲ …….
ဂနာနမ်တစ်ယောက် ဖခင်ဖြစ်သူရဲ့ ရည်မှန်းချက်အိပ်မက်ကို အကောင်အထည်ဖော်နိုင်မှာလား….
ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦး။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
File size… 2.3 GB / 1.2 GB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….2h 12m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။