Channel Myanmar

Shutter Island (2010)

Shutter Island    

R 2h 18min DramaMysteryThriller

8.2
IMDB: 8.2/10 1,080,345 votes

,

, , , , , , , , ,

11 wins & 65 nominations

USA

1165780

Report error

442

Shutter Island (2010)

IMDb Rating (8.1) / Rotten Tomatoes (69 %)

Shutter Island က ဒါရိုက်တာ Martin Scorsese အကောင်းဆုံးကားတွေထဲက တစ်ကားပါ။

Shutter Island လို့ခေါ်တဲ့ကျွန်းတစ်ကျွန်းက အရူးဆေးရုံကို Teddy ( Leonardo ) နဲ့ Chuck ( Mark Ruffalo ) အရာရှိ ၂ ယောက် ရောက်လာတယ်။ သူတို့အလုပ်က Rachel Solando လို့ခေါ်တဲ့ လူနာပျောက်သွားတဲ့အမှုကို လာစစ်ဆေးဖို့။ အဲဒီအရုးဆေးရုံ တစ်နည်းအားဖြင့် စိတ်ဝေဒနာရှင်အပြင်းစားတွေကို ကုတဲ့ဆေးရုံမှာ Dr. John Cawley စိတ်ရောဂါအထူးကု ဆရာ၀န်ခေါင်းဆောင်။ သူ့အထက်မှာ ဆေးရုံအုပ်နဲ့ ဘုတ်အဖွဲ့ပဲ ရှိတော့တယ်။ မာရှယ်အရာရှိဖြစ်တဲ့ Teddy ( Leo ) က ပျောက်သွားတဲ့လူနာ Rachel Solando ကို ရှာဖွေဖို့ Chuck က သူ့လက်ထောက်အဖြစ် အနီးကပ်လိုက်ပါ ကူညီပေးရတယ်။

Spoiler Alert*

ဒီကားဟာ Plot Twist နဲ့ ကြည့်တဲ့သူကို ရှုတ်ထွေးသွားစေတယ်။ သေချာမကြည့်ရင် နားလည်မှာမဟုတ်ဘူး။ ဒီကားမှာ Teddy ( Leo ) က ရူးနေတာပါ။ သူရူးသွားတဲ့အကြောင်းရင်းလည်း ရှိတယ်။ အဲဒီရူးသွားတဲ့အကြောင်းကိုပဲ Plot Twist လုပ်ထားတာဖြစ်ပါတယ်။
Teddy ရူးနေတဲ့အကြောင်းကို သူ မီးပြတိုက်သွားပြီး Dr. John Cawley နဲ့ တွေ့သွားချိန်မှာ အားလုံးရှင်းရှင်း လင်းလင်း ပြောပြသွားပြီးပါပြီ။ ဇတ်ကားက အဲမှာတင် ရှင်းနေပြီးပါပြီ။

Teddy ( Leo ) ဘာကြောင့်ရူးသွားလဲ။ Teddy ( Leo ) ရဲ့ နာမည်အရင်းက Andrew Laeddis ပါ။ သူ့မှာ Dolores Chanal လို့ခေါ်တဲ့ မိန်းမနဲ့ သားသမီး ၃ ယောက်ရှိတယ်။ သူ မရူးခင်ကတည်းက သူ့မိန်းမ Dolores Chanal က စိတ်ဖောက်ပြီးအရင်ရူးနေတာပါ။ ရူးသွားတဲ့ သူ့မိန်းမဟာ တစ်နေ့မှာ သူ့တို့အိမ်၀င်းထဲက ကန်ထဲမှာ သူ့သားသမီး ၃ ယောက်လုံးကို ရေနစ်သတ်လိုက်ပါတယ်။ သူပြန်လာချိန်မှာ သူ့ကလေးတွေ ရေထဲနစ်သေနေတာတွေ့ပြီး ဒေါသနဲ့ သူ့မိန်းမကိုပါ ပစ်သတ်လိုက်တယ်။ သူကိုယ်တိုင်လည်း စိတ်အကြီးအကျယ်ထိခိုက်၊ စ်ိတ်ဒဏ်ရာရ Trauma ဖြစ်ပြီး ရူးသွားပါတယ်။ သူ့နာမည်ရင်းနဲ့ သူ့မိန်းမ၊ သူ့သားသမီး အားလုံးကိုလည်း မေ့သွားပါတယ်။ တစ်ခါတခါတော့သတိရတတ်ပါတယ်။
သူရူးတာက အများနဲ့မတူ အန္တရာယ်ရှိတဲ့အတွက် Shutter ကျွန်းပေါ်က Ashecliffe လို့ခေါ်တဲ့ အရူးဆေးရုံ၊ စိတ္တဇဆေးရုံကို ပို့ခံရတာပါ။ ဒါပေမယ့် သူ့ကို ဒီအတိုင်းတန်းပို့လို့မရပါဘူး။ ဇတ်လမ်းတစ်ခုထွင်ပြီး သူ့ကိုယ်သူ ဘယ်သူဆိုတာ သိလာအောင် ပြန်ရှာခိုင်းတာပါ။ သူ့အတွက် ဆရာ၀န်တွေ ထွင်လိုက်တဲ့လုပ်ဇတ်(ဇတ်လမ်း) ကိုလည်း ကြည့်ပါဦး။ ဆေးရုံက ပျောက်သွားတဲ့လူနာရဲ့ နာမည်က Rachel Solando တဲ့ Rachel ဆိုတာ သူ့သမီးရဲ့ နာမည် ဖြစ်နေတယ်။

Leonardo ရဲ့ စိတ်ကူးယဉ်ကမ္ဘာ
Leonardo ဟာ သူ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာ Fantasy World မှာ အသက်ရှင်နေတာပါ။ ဒါကို ဆ၇ာ၀န်တွေက သူပြန်အမှတ်ရလာအောင် Reality လက်တွေ့ကမ္ဘာထဲရောက်လာအောင် ကူညီပေးနေတာပါ။
စိတ်ကူးယဉ်ကမ္ဘာထဲကလူတွေနဲ့ စကားပြောမယ် လက်တွေ့ဘ၀ကလူတွေနဲ့လည်း ပေါင်းမယ်ဆိုတဲ့ စ်ိတ်ဝေဒနာရှင်တစ်မျိုးပါ။ ကြုံလို့ ပြောရရင် ပြီးခဲ့တဲ့ သူစိမ်းအိမ် ဇတ်ကားကြည့်နေုတုန်းက လူသတ်မိသားစု ဖြစ်ပျက်နေပုံကို ကြည့်ပြီး ချက်ချင်းသွားသတိရတာ Shutter Island နဲ့ A Beautiful Mind ဇတ်ကားကပါ။ မရှိတာ ( စိတ်ကူးကမ္ဘာ )ကို အရှိ ( reality ) ဆိုပြီး ယုံကြည်နေတဲ့ psycho character ချင်း အတူတူပါပဲ။
ဇတ်ကားအကြောင်း ပြန်ဆက်မယ်။

Leo ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ သူ့ကိုယ်သူ Teddy Daniels အဖြစ် ခံယူထားပြီး သူန့ တတွဲတွဲ သွားလာနေတဲ့ ( သူ့ကို အနီးကပ်စောင့်ကြည့်ဖို့ထားတဲ့ ) ဆရာ၀န် Sheehan ကိုတော့ Chuck အဖြစ်ပဲ သိထားတယ်။ သူ့မိန်းမဟာ သူ့အိမ်မက်မှာဖြစ်စေ၊ သူ့စိတ်ကူးကမ္ဘာမှာ ဖြစ်စေ တစ်ခါတရံပေါ်လာတတ်ပြီး သူ့မိန်းမနာမည် ဘယ်သူဆိုတော့ မေ့နေတယ်။ သူ့စိတ်ကူးမ္ဘာမှာ သူ့မိန်းမက အသတ်ခံရတယ်လို့ ပုံဖော်ထားပြီး သတ်လိုက်တဲ့သူက Andrew Laeddis ( သူမဟုတ်ဘူး တစ်ခြားတစ်ယောက် ) လို့ မှတ်ယူထားပြန်တယ်။ သူ့စိတ်ကူးမှာ သူ့မိန်းမကို မီးတောက်လောင်နေတဲ့ ပုံစံနဲ့ တွေ့တွေ့နေရတာက သူ့မိန်းမ Dolores Chanal က သူတို့နေအိမ်ကို စိတ်ဖောက်ပြီး မီးရှို့ခဲ့တဲ့အတွက်ကြောင့်ပါ။ ဒီအကြောင်းကို မီးပြတိုက်မှာ Chuck က ပြောသွားပါတယ်။ ဇတ်အိမ်အရ ဆက်စပ်၊ ဆီလျော်မှုလည်း ရှိပါတယ်။

Teddy ( Leo ) ရူးနေကြောင်း အခန်းတော်တော်များမှာ သတိထားကြည့်ရင် သိနိုင်ပါတယ်။ ဆရာ၀န် John Cawley နဲ့ ပထမဆုံး တွေ့တော့ ပျောက်သွားတဲ့ Rachel Solando အကြောင်းရှင်းပြချိန်မှာ Teddy က သူ့စိတ်ကူးထဲ ပုံဖော်ပြီး ခေါင်းကိုက်သွားလို့ အက်စ်ပရင် တောင်းပါတယ်။ နောက်ဒါရိုက်တာက အရိပ်အမွက်တစ်ခု ထပ်ပြပါတယ်။ Solando အခန်းထဲရှာတော့ “The law of 4; who is 67? ဆိုတဲ့စာတွေ့တယ်။ ဆေးရုံမှာ စိတ္တဇ လူနာ ၆၆ ယောက်ရှိတယ်။ Who is 67? တဲ့။ ၆၇ ယောက်မြောက်လူနာက သူ့ကိုယ်သူ Andrew Laeddis လို့မသိဘဲ Teddy ထင်နေတဲ့ Leo ကိုယ်တိုင်ပါပဲ။ သူရူးနေကြောင်း ပိုသိသာတာက မီးပြတိုက်မှာ Dr. John Cawley ကို သေနတ်နဲ့ ပစ်လိုက်တဲ့အခန်းပါ။ သူကတော့ သူ့စ်ိတ်ကူးနဲ့ သေနတ်အစစ်ထင်ပြီး ပစ်လိုက်တာ သွေးတွေတောင်ထွက်သွားတယ်။ တကယ်တမ်းက သေနတ်က ကလေးကစားစရာ သေနတ်ဖြစ်နေတာ သိသွားမှ Reality ကို ပြန်ရောက်လာတယ်။ နောက်ပြီး မီးပြတိုက်မသွားခင် ကားအနီကို မီးရှို့လိုက်တာလည်း သူရူးနေတယ်ဆိုတာကို ဖော်ပြနေတာပဲ။

မီးပြတိုက်မှာ ဟိုဒေါက်တာ John Cawley က စိတ်မရှည်တော့ဘဲ Leo ကို White Board က နာမည်တွေသေချာကြည့်လို့ပြောပြီး သေချာရှင်းပြလိုက်တော့မှ သူ့စိတ်ဖောက်နေတာ နားလည်သွားတော့တယ်။ ဒါပေမယ့် သိပ်မကြာဘူး။ နောက်နေ့ရောက်တော့ ဒုံရင်းပြန်ဆိုက်သွားတာပဲ။ ဘာလို့အဲလိုပြောရတာလဲဆိုရင် Leo က ဒေါက်တာ Sheehan ကို chuck လို့ခေါ်လိုက်တာကြောင့် ဒေါက်တာ Sheehan က အခြေအနေ မထူးဘူးဆိုတဲ့အထာနဲ့ ခေါင်းခါပြပါတယ်။ဒါပေမယ် နောက်ဆုံး Leo ပြောသွားတဲ့ စကားတစ်ခွန်းကြောင့် ဒေါက်တာ Sheehan ရော ကြည့်နေတဲ့ပရိတ်သတ်ရော ခေါင်းစားသွားပါတယ်။ သူပြောသွားတာက
“Which would be worse to live as a monster or to die as a good man.”
စိတ်တ္တဇလူသတ်ကောင် မကောင်းဆိုးဝါလို အသက်ရှင်နေတာနဲ့ လူကောင်းတစ်ယောက်လို သေသွားတာ ဘယ်ဟာက ပိုဆိုးမလဲ။ တဲ့။
သူဆက်ရူးနေတာဆိုရင် သူ့ကို Lobotomized လုပ်တော့မှာပါ။ သူ့ကို ၂ နှစ်တာ အချိန်ပေးပြီး အနီးကပ်စောင့်ကြည့်ပြီးခဲ့ပြီးပြီလေ။

IMDb 8.1 ,
Rotten Tomatoes 68%
Metacritic 63%
Mind Fuck Level 6/10 ( Cinemanto )
Written by TMA
#Shutter_island
#Mind_Blowing_movie
#Cinemanto

(ရုပ်ရှင်အညွှန်းကို Cinemanto FB Page မှ ကူးယူဖော်ပြပါသည်။)

File size…(8.6 GB)/ (2.5 GB )/(1.5 GB)
Quality…WEB-DL  4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….02:12:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)
Shutter Island (2010)


No downloads available

Genres



Related movies