Channel Myanmar

Results:

Batti Gul Meter Chalu (2018) 6.0
Batti Gul Meter Chalu (2018) Batti Gul Meter Chalu (2018) ဒီဇာတ်ကားကတော့ Kabir Singh မင်းသား Shahid Kapoor နဲ့ Yami Gautam တို့အပြင် နာမည်ကြီး မီဇားပူးဇာတ်လမ်းတွဲထဲက Munna Tripathi ဆိုတဲ့ Divyenndu တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Comedy,Dramaအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း SK, Lalitaနဲ့ Sundarတို့သုံးဦးဟာ အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ Sundarရဲ့ ပုံနှိပ်တိုက်ကို မီတာဘေ(လ်) မတန်တဆ အတောင်းခံရတဲ့အခါမှာတော့ Sundar ဟာ သူ့ကိုယ်သူ အဆုံးစီရက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ငယ်သူငယ်ချင်းတစ်ယောက်လုံး ဆုံးရှူံးလိုက်ရတဲ့ ရှေ့နေ SKပန့်(တ်)ဟာ မီတာဘေ(လ်) မတန်တဆတောင်းတဲ့ SPTL လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီကို တရားစွဲဆိုပါတော့တယ် ... တရားရုံးက ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ သူ့ သူငယ်ချင်းအတွက် တရားမျှတမှု ရမှာလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...။ (ဘာသာပြန်သူတွေကတော့ Myint Thu ...
movie

Batti Gul Meter Chalu (2018)

[18+] My Husband, My Lover (2021)
[18+] My Husband, My Lover (2021) အဲလိုက်စ်ဟာ အလွန်အောင်မြင်ပြီး ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်သလို အိမ်ထောင်နှစ်ခုကိုတစ်ပြိုင်တည်းဦးဆောင်နေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်။ဟုတ်ပါတယ် အိမ်ထောင် ''နှစ်ခု'' ပါ။ ဂရုစိုက်ကြင်နာတတ်ပြီး သူ့လိုပဲထက်မြက်တဲ့ခင်ပွန်းသည် နိုဝယ်ကို အဲလိုက်စ်တာဝန်ကျေသလိုပဲ တစ်ဖက်ကအိပ်ယာထဲမှာအကြမ်းပတမ်းအစွမ်းပြတတ်တဲ့တိတ်တိတ်ပုန်းချစ်သူ ဒင်းနစ်စ်ကိုလဲ မလစ်ဟင်းစေရပါဘူး။ အားလုံးဟာ အဆင်ပြေပြေလည်ပတ်နေခဲ့ရာကနေ သူကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ဇောက်ထိုးမိုးမျှော်တွေဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ကလေးအဖေဟာ တိတ်တခိုးချစ်သူဖြစ်တယ်လို့သူ့ဟာသူဆုံးဖြတ်ချက်ချပြီး ဒင်းနစ်စ်နဲ့သွားပေါင်းဖက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကလေးက အဖတ်မတင်သလိုဒီအင်အေစစ်ဆေးချက်အရ ကလေးအဖေဟာ သူ့ခင်ပွန်းအရင်း နိုဝယ်ဆိုတာသိလိုက်ရပါတယ်။ အဲ့ဒီတော့ နိုဝယ့်အပေါ်တဖန်ဂရုဏာစိတ်တွေယိုဖိတ်ပြီး ကားထဲမှာတစ်ခါ ဟိုတယ်မှာတစ်ခါတာဝန်တွေကျေမိပြန်ပါတယ်။ အရင်က နိုဝယ်နဲ့ပေါင်းနေပေမယ့် အခုတော့ ဒင်းနစ်စ်နဲ့ပေါင်းနေတာဖြစ်တဲ့အတွက် သူကဘယ်သူ့အပေါ်ဖောက်ပြန်ရာကျနေမလဲ။ ဘယ်သူကလက်ရှိအချိန်မှာ လင်ကြီးဖြစ်နေလဲ။ ဒီလိုပဲ နိုဝယ်ကလဲ သူအပေါ်ကျောင်းထဲက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ လွိုက်ဒါဆိုတဲ့ချစ်သူနဲ့တွဲနေပြီဖြစ်တဲ့အတွက် သူက စနိုက်ကြော်ရာကျနေမလား။ ဒါဆိုရင် အဲလိုက်စ်ဟာ ခြံခုန်နွားမကြီးလား စနိုက်ကြော်မကြီးလား ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ဒီလိုဇာတ်လမ်းမျိုးတွေကိုအကြီးအကျယ်စိတ်ဝင်စားတတ်တဲ့ ပရိသတ်တွေအကြိုက်ဖြစ်ပြီး တစ်ဖက်ဆီကိုတစ်လှည့်စီမျှအောင်ပြပေးထားတဲ့အတွက် ဟိုပရိုဖိုင်သွားချောင်းလိုက် ဒီပရိုဖိုင်သွားချောင်းလိုက် အလုပ်မရှုပ်တော့ပဲအဆင်ပြေမှာပါ။ ပြီးတော့ဖြစ်နေတဲ့ အခြေအနေတွေအပေါ် သူတို့ရဲ့ဆုံးဖြတ်ချက်တွေ တုန့်ပြန်မှုတွေ အချင်းချင်းအဆုံခန်းတွေမှာ စကားနာထိုးကြပုံတွေဟာ အတုယူမှတ်သားဖွယ်ရာ မက်ဆေ့ချ်တွေအပြည့်အဝရမှာဖြစ်ပါတယ်။ (၁၈ နှစ်အထက်မှကြည့်ခွင့်ရမယ့် ဇာတ်ဝင်ခန်းများပါဝင်ပြီး ဘယ်သူမှနစ်နာမှုမရှိအောင်သိမ်းပေးထားတဲ့ ဒီဖိလစ်ပိုင် အချစ်ဇာတ်ကြမ်းရဲ့ ဇာတ်သိမ်းကလဲ အရမ်းကောင်းတယ်.. ရှယ်ပါပဲ။) File size…(1.2 ...
movie

[18+] My Husband, My Lover (2021)

The Last Duel (2021) 18+ Rated 7.7
The Last Duel (2021) 18+ Rated ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novel The Last Duel: A True Story of Trial by Combat in Medieval France (နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကို Nicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရ ဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ...
movie

The Last Duel (2021) 18+ Rated

[18+] Invitation Only (2009)
[18+] Invitation Only (2009) မာရီယာအိုဇာဝါတို့လို ခပ်ဟော့ဟော့သရုပ်ဆောင်တွေနဲ့ ဒီဇာတ်ကားက ထိုင်ဝမ် Horror ဇာတ်ကားပါ။ ဓနရှင်လူတန်းစားနဲ့နင်းပြားလူတန်းစားကြားက ကွာဟချက်ကို မီးမောင်းထိုးရိုက်ပြသွားတာမျိုး။ ဒါပေမဲ့တကယ်တမ်းပြောရရင်တော့ ဓနရှင်တွေ စိတ္တဇဖြစ်တယ်လို့ပဲဆိုရမှာမျိုး... In time ကားကလိုပေါ့ဗျာ။ ဓနရှင်လူတန်းစားတွေရဲ့ချမ်းသာမှုဟာ ဆင်းရဲသားနင်းပြားတွေဆီကတစ်ဖက်လှည့်နဲ့ယူထားတာမျိုးပဲလို့ သွယ်ဝိုက်ပြောထားသလိုမျိုးပေါ့။ ဇာတ်လမ်းထဲမှာ ရက်ရက်စက်စက်ပက်ပက်စက်စက်သတ်လွန်းလို့ တော်ရုံမကြည့်ရဲရင် ကြည့်ဖို့မလွယ်ဘူး။ ထမင်းစားနေရင်းကြည့်ဖို့လုံးဝ/လုံးဝမသင့်တော်ဘူး။ ဇာတ်လမ်းသဘောတရားကတော့ မနုဿမုဆိုး ဓနရှင်တွေက ဆင်းရဲသားနင်းပြားတွေကိုရက်ရက်စက်စက်မညှာမတာသတ်တဲ့ကား။ သူတို့ကစိတ္တဇဖြစ်နေတာဆိုပေမဲ့ အကြောင်းအရင်းတွေတော့ရှိတယ်လေ။ ဒါမျိုးအင်္ဂလိပ်ကားတွေရှိပေမဲ့ ဒါကအာရှဖက်ကပုံစံမျိုးမလို့ အာရှစတိုင်သွားတယ်။ zombie ကားတောင် အနောက်တိုင်းကတစ်မျိုး အာရှကတစ်မျိုးဆိုတာသိလောက်မယ်ထင်ပါတယ်။ ဇာတ်ကားထဲက ဆင်းရဲသားနင်းပြားတွေက ဘယ်လိုသားကောင်ဖြစ်သွားမယ်၊ ဘယ်သူတွေက အမဲလိုက်မယ်၊ ဘယ်လိုပယ်ပယ်နယ်နယ်သတ်မယ်ဆိုတာကတော့ တကယ်ကျောချမ်းဖို့ကောင်းတာမို့ လုံးဝကို horror ကားရှယ်ကြိုက်တဲ့သူတွေလက်လွတ်မခံသင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(3 GB)/(500 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

[18+] Invitation Only (2009)

Welcome to Waikiki Season 1 (2018) and Season 2 (2019) 8.5
Welcome to Waikiki Season 1 (2018) and Season 2 (2019) Welcome to Waikiki (2018) ကိုယ့်ဘဝမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်တာ​တွေပဲ အမြဲကြုံ​နေရလား၊ ကိုယ်ကြံစည်ထားသမျှ အမြဲလွဲ​ချော်​နေလား၊ ဒါဆိုရင်​တော့ ဒီဇာတ်လမ်းတွဲထဲက ဇာတ်​ကောင်​တွေက သင်တို့ကို ခပ်​​ထေ့​ထေ့​လေးကြည့်ပြီး ရယ်​နေပါလိမ့်မယ်၊ ဘာ​ကြောင့်လဲဆိုရင် သူတို့​​တွေလောက် ဘယ်သူမှ မလွဲနိုင်လို့ပါပဲ 2018မှာ JTBCက ထုတ်လွှင့်ခဲ့ပြီး တစ်ကားလုံးက အရယ်သန်သူဆို ခွက်ထိုးခွက်လန်ရယ်၊ အရယ်မသန်တဲ့သူဆို ပါးစပ်မစိနိုင်​အောင်ဖြစ်​​စေခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ Welcome to Waikikiကို တင်ဆက်​ပေးလိုက်ပါပြီ "ဂင်ချားနား" တစ်ခွန်းထဲနဲ့ မသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ စိတ်ပင်ပန်း​စရာ​တွေ၊ စိတ်ဓါတ်ကျစရာ​တွေများနေတဲ့ ခုလိုအချိန်မှာ စိတ်အပန်း​ဖြေဖို့၊ ဘဝကိုဟားတိုက်ရယ်​မောပစ်ဖို့ အ​​ကောင်းဆုံးဓါတ်စာဖြစ်နိုင်မယ်လို့ ​မျှော်လင့်ပါတယ် ဇာတ်လမ်းအညွှန်းက​တော့ ..... ရည်မှန်းချက်ကို မိုးထိ​အောင်ကြီးတဲ့ သူငယ်ချင်းသုံး​ယောက်ဖြစ်တဲ့ ဒါရိုက်တာရူး Dong Goo ( Kim Jung Hyun) မင်းသားရူး Jong Ki ( Lee Yi Kyung) နဲ့ စာ​ရေးဆရာပိုးထ​နေတဲ့ Doo Sik ( Son Seung Won) တို့ဟာ ကမ္ဘာလှည့်ခရီးသွား​တွေ အလည်အပတ်များတဲ့ ကိုရီးယားနိုင်ငံ အီထယ်ဝန်းအရပ်မှာ Waikiki (ဝိုင်ကီကီ) အမည်နဲ့ တည်းခိုရိပ်သာ​လေးဖွင့်ကာ အဲ့ဒီကအမြတ်အစွန်း​တွေနဲ့ ရုပ်ရှင်တစ်ကားရိုက်ပြီး "လာသွားမယ် ...
8.5
TMDb: 8.5/10 28 votes
tv

Welcome to Waikiki Season 1 (2018) and Season 2 (2019)

2018
[18+] Benedetta (2021) 6.6
[18+] Benedetta (2021) [18+] Benedetta (2021) Benedetta ဟာ ၁၇ ရာစုဝန်းကျင်က အီတလီနိုင်ငံမထင်မရှားမြို့ငယ်လေးတစ်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ Benedetta Carlini ဆိုတဲ့သီလရှင်ရဲ့ဘ၀ဇာတ်ကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ ငယ်ဖြူဆရာလေးတစ်ပါး စည်းကမ်းတင်းကျပ်တဲ့ ဘာသာရေးအရိပ်အာဝါသအောက်မှာနေထိုင်ရင်း ဖောက်လွှဲဖောက်ပြန် အမြင်အာရုံတွေ ရလာတာ... ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညစ်ညမ်းတဲ့ လောကသဘာဝနဲ့သွေဖည်နေတဲ့ အိမ်မက်တွေကတစ်ဆင့် ပြင်ပလောကမှာလဲ သူတို့ ကျောင်းတော်အရိပ်ကို ခိုလှုံဖို့ရောက်ရှိလာတဲ့ နောက်ထပ် ဖခင်နဲ့ အစ်ကိုတွေရဲ့ဖိနှိပ်ခံဆိတ်ကျောင်းသူလေးတစ်ယောက်ကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ရာက သဒ္ဒါလွန်လို့ တဏှာကျွံမိပုံတွေကတစ်ဆင့် ဘာသာရေး၊ လူမှုရေး ၊ ခေတ်ကာလနဲ့ အစရှိတဲ့အကြောင်းအရာများစွာကို တို့ထိကစားပြသွားခဲ့ပါတယ်။ အငြင်းပွားစရာများစွာရှိတဲ့ ဆတ်ဆတ်ထိမခံတဲ့ ဘာသာရေးအချက်အချာနေရာက ဘာသာရေးခေါင်းဆောင်တွေကို အဓိကဇာတ်အိမ်တည်ထားတာဖြစ်တဲ့အတွက် တစ်ချို့အကြောင်းအရာကိစ္စတွေကိုပုံဖော်ထားတဲ့နေရာမှာ နှုတ်နဲ့ဖွင့်လို့တောင်မပြောဝံ့စရာ ညစ်ပတ်စုတ်ပဲ့တဲ့ အခြေအနေမျိုးတွေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး လူတွေကိုလှည့်စားရတာ ဘယ်လောက်လွယ်ကူနိုင်သလဲ၊ ဘာသာရေးဟာ ဘယ်လောက်အထိ အလွယ်တကူဝင်ငွေကြမ်းနိုင်တဲ့ စီးပွားရေးတစ်ခုဖြစ်နိုင်လဲ၊ ဘာသာရေးအဆောက်အအုံတွေမှာ နေထိုင်အရိပ်ခိုကြတိုင်း သူတော်စင်သူတော်ကောင်းဖြစ်နိုင်ပါ့မလား... အစရှိတဲ့ခေတ်အဆက်ဆက် မေးချင်ပေမယ့်မမေးဝံ့လို့ လက်ရှောင်ခဲ့ကြရတဲ့ မေးခွန်းတွေရဲ့အဖြေတွေကိုလဲ တစ်စိတ်တစ်ဒေသမြင်တွေ့ရပါလိမ့်မယ်။ တစ်ခေတ်တစ်ခါက ...
movie

[18+] Benedetta (2021)

2021
(18+) House Tour (2021) 6.5
(18+) House Tour (2021)             House Tour (2021)   ဒီနေ့ခေတ်မှာ social mediaတွေ တွင်ကျယ်လာတာနဲ့အမျှ   လူတွေလည်းတစ်နေ့တစ်နေ့ဒီ social media တွေနဲ့ပဲအချိန်ကုန်နေကြတော့တယ်။   အဲဒါထက်ဆိုးတာကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ လူမှုရေးကိစ္စစတာတွေကို   လူသန်းပေါင်းများစွာအသုံးပြုနေတဲ့ social media တွေမှာ တင်တာပါပဲ။   ဘယ်ကော်ဖီဆိုင်မှာဘယ်သူနဲ့တော့ဖြင့် ဒိတ်ပြီးဘာတွေစားနေတယ် ..   ဘယ်ကိုဖြင့်ခရီးသွားနေတယ် .. စတာတွေဟာ လိုသူတွေအတွက်တော့   အားကျစရာ ပျော်ရွှင်စရာဖြစ်ပေမယ့် ကိုယ့်ကိုအန္တရာယ်ပြုဖို့ .. မကောင်းကြံဖို့ ..   စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိနေတဲ့အခါ .. “House Tour” .. အထူးသဖြင့်နာမည်ကြီး   celebrity တွေ FB တို့ IG တို့လိုမျိုး လူမှုကွန်ရက်တွေမှာ သူတို့ရဲ့ တန်ဖိုးကြီးအိမ်တွေကို   Live လွှင့်ပြတာမျိုး မြင်ဖူးကြတယ် ဟုတ်? အဲဒီလိုပဲ ဒီကားလေးမှာလည်း အောင်မြင်ကျော်ကြားတဲ့   ရွှေတံဆိပ်ဆုရှင် အိုလံပစ်ကစားသမားဟောင်းနဲ့ ရုပ်ရှင်မင်းသမီးတို့ ဇနီးမောင်နှံကသူတို့ရဲ့   နေ့စဉ်ဘဝကိုလည်း social media ပေါ်အမြဲတင်လေ့ရှိသလို ဒေါ်လာသန်းချီတန်တဲ့ သူတို့အိမ်ကြီးကိုလည်း   နေရာအနှံ့ House Tour လုပ်ပြနေကျမို့ သူတို့အကြောင်း၊ သူတို့အိမ်အကြောင်းမသိတဲ့သူမရှိသလောက်ပါပဲ။   လူတွေ ဆင်းရဲခြင်းနဲ့ကြုံလာတဲ့အခါ ဘာမဆိုလုပ်ဖို့ဝန်မလေးတော့ဘူးတဲ့။ ...
movie

(18+) House Tour (2021)

2021
Veere Di Wedding (2018)
Veere Di Wedding (2018) Veere Di Wedding (2018) --------------------------------- မိန်းကလေးတိုင်းမှာ ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူနဲ့ ပတ်သက်ပြီး ငယ်ရွယ်စဉ်အခါကထဲက အိမ်မက်ကိုယ်စီရှိတတ်ကြပါတယ်.... တစ်ချို့က ငယ်ငယ်ကထဲက စကြိုက်မိတဲ့သူနဲ့ပဲ အိမ်ထောင်ပြုမယ်...တစ်ချို့ကျ ချမ်းသာတဲ့သူ...တစ်ချို့ကျတော့လည်း တွဲသမျှရည်းစားတိုင်းနဲ့ အဆင်မ​ပြေတာကြောင့် အိမ်က ပေးစားမယ့်သူပဲ စောင့်နေတော့မယ်ဆိုပြီးတော့​ပေါ့ ၂၀၁၈ က ထွက်ရှိထားတဲ့ Veere Di Wedding မှာ ငယ်ပေါင်း မိန်းကလေး သူငယ်ချင်း ၄ ယောက်ရဲ့ ကိုယ်စီ အိမ်ထောင်ပြုရေး၊ အိမ်ထောင်ရေး သုခ ဒုက္ခတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ မြင်ရတယ်။ တစ်ယောက်က နိုင်ငံခြားသားနဲ့ လင်ယူသားမွေးထား၊ တစ်ယောက်က ငယ်ချစ်နဲ့ ရပေမယ့် အိမ်ထောင်ရေး ဒုက္ခရောက်နေရပြီး ရည်စားတွေနဲ့ ပြတ်ထားတဲ့ တစ်ယောက်ရှိသလို... ၃ နှစ်ကြာတွဲလာပြီးမှ လက်ထပ်ဖို့ အရေးတွန့်ဆုတ်နေရ...ခေါင်းရှုပ်နေရတဲ့ မင်းသမီးချော Kareena Kapoor လည်းရှိနေပြန်ပါတယ်... ရုပ်ရှင်ထဲမှာ သူငယ်ချင်း​တွေရဲ့ ချင်ခင်ရင်းနှီးမှု၊ မင်္ဂလာဆောင်ခါနီး မိဘတွေရဲ့ ...
movie

Veere Di Wedding (2018)

Sai Rak Sai Sawat (2018)Complete 8
Sai Rak Sai Sawat (2018)Complete Sai Rak Sai Sawat (2018)ဇာတ်လမ်းတွဲအညွှန်း *************************************** အပိုင်း ( ၁ မှ ၃၉) ထိ စ/ဆုံး ဒီဇာတ်လမ်းလေးဟာ ၁၉၂၁ ခုနှစ်အချိန်ကလူကုံထံအသိုင်းဝိုင်းမိသားစုအ‌ကြောင်းကို အခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်.... ချင်းမိုင်မြိုကကြီးကျယ်မြင့်မြတ်တဲ့မင်းမျိုးနွယ်သခင်ခမ်ဖာ့ဟာ ယိုဝရတ်ဆိုတဲ့မိန်းကလေးနဲ့စေ့စပ်ထားပြီးဘန်ကောက်မြိုမှာနေနေတဲ့သူဖြစ်ပါတယ်... တစ်နေ့မှာသခင်ခမ်းဖာ့ကအလုပ်ကိစ္စနဲ့ ချင်းမိုင်ကိုပြန်သွားရပြီး ရိုးရိုးသာမာန်မိန်းကလေးတယောက်ဖြစ်တဲ့‌ဖောင်ခယ်ကိုချစ်မိကာသူမနဲ့လက်ထပ်ချင်တဲ့အတွက် အရင်ကယိုဝရက်နဲ့စေ့စပ်ထားတာကိုရုတ်သိမ်းပြီး မိန်းကလေး‌ ဖောင်ခယ်နဲ့လက်ထပ်ဖိုလုပ်ပါတယ်... ဒါပေမဲ့ဖောင်ခယ်မှာကလည်း လက်ရှိမှာ ချစ်သူရှိနေတဲ့အတွက်  လက်ထပ်ဖိုကိုငြင်းဆန်ပေမဲ့လည်း မိဘတိုရဲ့ဆန္ဒကို မလွန်ဆန်နိုဘဲ သခင်ခမ်းဖာ့နဲ့လက်ထပ်ဖိုပြင်ဆင်ရပါတယ်.... သို့သော်လက်ထပ်ပွဲမတိုင်ခင်တစ်ရက်မှာပဲ လက်ရှိချစ်သူနဲ့ထွက်ပြေးပြီး သူမရဲ့ချစ်သူအိမ်မှာ နေထိုင်ခဲ့ပါတယ်.... သူမချစ်သူအိမ်ရောက်တဲ့အခါမှာ ဖောင်ခယ်တယောက်ဘာတွေနဲ့ကြုံရမလဲ?? အချိန်အနည်းငယ်ကြာပြီးတဲ့နောက် သခင်‌လေးခမ်းဖာ့ဆီက‌ စေ့စပ်ပွဲရုပ်သိမ်းခံလိုက်ရတဲ့ယိုဝရက်ဟာလည်း ကိတ်ဂွန့်ဆိုတဲ့သခင်လေးတယောက်နဲ့လက်ထပ်လိုက်ရပါတယ်.... သိုသော်ခွန်ချိုင်းကိတ်ဂွန့်ဟာ ယိုဝရတ်နဲ့လက်မထပ်ခင်မှာ မိမိအိမ်ကအစေခံဖြစ်တဲ့ပလုမ့်ဆိုတဲ့‌ကောင်မလေးနဲ့ပတ်သတ်မိခဲ့ပြီးပလုမ့်မှာကိုယ်ဝန်ရှိခဲ့ပါတယ်.... အ‌‌ခြေနေအမျိုးမျိုးကြောင့် ပလုမ့်ဟာ သူမမှာကိုယ်ဝန်ရှိတဲ့အကြောင်းကိုလျှိဝှက်ထားရပြီး ခွန်ချိုင်းကိတ်ဂွန့်နဲ့ခွန်ယိုဝရတ်တိုလက်ထပ်မယ်ဆိုတာသိရတော့ ပလုမ့်ဟာလည်း အိုက်ဖူဆိုတဲ့ကားသမားတယောက်ကိုယောကျာ်းအဖြစ်ယူလိုက်ကာ သူမနဲ့ခွန်ချိုင်းကိတ်ဂွန့်တိုအကြောင်းကိုဖုံးကွယ်လိုက်ရပါတယ်... ဒီလိုနဲ့ နှစ်တွေကြာပြီး သားသမီးတွေရှိလာတဲ့အခါ ဒီလူတွေဟာဘယ်လိုပြန်ပြီးပက်သတ်လာကြမလဲ?? သူတိုသားသမီးတွေကော ဒီရှုပ်ထွေးမှုကြားမှာဘယ်လိုဖြစ်ကြမလဲ ဖုံးကွယ်ထားကြတဲ့လျှိဝှက်ချက်တွေကော ဘယ်လိုဆက်ဖြစ်ကြမလဲ?? (ဇာတ်လမ်းအညွှန်းကို Niikaato မှ ရေးသားထားပါသည်)   Episodes:39 Duration: 60 Min Genres: Drama, Family Subtitled by  Niikaato , May Thu , Rachel , Nang Phwe Hom & Pinkploy Encoded by  Pinkploy Episode 1(500MB) Yoteshin  | Userdrive  |    MegaUp  ...
8
TMDb: 8/10 1 votes
tv

Sai Rak Sai Sawat (2018)Complete

2019
[18+] Sexual Chronicles of a French Family (2012) 5.3
[18+] Sexual Chronicles of a French Family (2012) ရိုမိန်းဆိုတဲ့အသက်ဆယ့်ရှစ်နှစ်ကောင်လေးတစ်ယောက်ဟာ တစ်ခြားသူ့အရွယ်ကောင်လေးတွေလိုပဲ လိင်မှုကိစ္စကို စတင်စူးစမ်းဖို့စိတ်အားထက်သန်နေပါတယ်။ သူ့အစ်ကိုဆိုတဲ့ ငနဲကလဲရုပ်ဖြောင့်စော်ကြည် ဂေါ်ဘဲအထာနဲ့ဆိုတော့ သူ့အစ်ကိုနဲ့ယှဉ်ပြီး သူ့ကိုယ်သူအားငယ်ယုံကြည်စိတ်ချမှုမဝံ့မရဲနဲ့ စိတ္တဇဖြစ်နေရပါတယ်။ တစ်နေ့တော့ သူ့အတန်းထဲမှာ ငါးဦးကော်မတီထိုင်(သိတယ်နော်)နေတာကို ဗီဒီယိုရိုက်နေရင်းတန်းလန်းဘိုင်အိုဆရာက မိသွားတဲ့အခါမှာတော့ သူ့အမေကိုခေါ်တွေ့ပြီးကျောင်းခဏနားဖို့ဒဏ်ချခဲ့ပါတယ်။ ဒီမှာပဲမိခင်ဖြစ်သူ ကလဲရ်အနေနဲ့ သူ့ကလေးတွေအပေါ် သူတို့ဟာလိင်ပညာပေးဆွေးနွေးဖို့လိုအပ်နေကြောင်း သတိထားမိသွားပြီး အချင်းချင်းပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးကြရာကနေ ဒီမှတ်တမ်းကြီးဖြစ်ပေါ်လာခဲ့တာပါပဲ။ comedy/drama အမျိုးအစားကိုမှ Borat တို့ What we do in the shadow တို့လို mockumentary ပုံစံမျိုးနဲ့တင်ဆက်ထားတာပါ။ ဘာမှဒရာမာတွေမချိုး၊ပညာပေးစကားတွေရှည်ရှည်ဝေးဝေးတွေ မပါပဲနဲ့ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ကြရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အရေးကြီးတာ အခုမှလာပါမယ်။ လိင်မှုကိစ္စအရာမှာတော့ ရှယ်ပလန်နဲ့ရှယ်ကြမ်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် 21 plus လောက်ဖြစ်သွားပါလိမ့်မယ်။ ဗားရှင်းနှစ်မျိုးရှိတဲ့အနက်မှာမှ ဘာမှတည်းတာဖြတ်တာမပါတဲ့ မူရင်းအော်ရီဂျင်နယ်ပြင်သစ်ဗားရှင်းဖြစ်နေတဲ့အတွက် ကွက်ကွက်ကွင်းကွင်းမုန့်တီဟင်းလို ဘွင်းဘွင်းကြီးတွေမြင်ရတွေ့ရပါလိမ့်မယ်။ ကိုယ့်ဖာသာတိတ်တခိုးကြည့်မှအဆင်ပြေမယ့်ကားမျိုးပါပဲ။ (Dark Side Production မှ တင်ဆက်သည်။) File size…(1.2 GB) / (700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by ALS
movie

[18+] Sexual Chronicles of a French Family (2012)

[18+] Irreversible (2002) 7.4
[18+] Irreversible (2002) IMDb Rating (7.4) အသစ်တဖန်ပြန်မလာနိုင်တော့တဲ့ ဒါမှမဟုတ် ပြန်ပြီးအစားထိုးမရနိုင်တော့တဲ့ တစ်စုံတစ်ရာကို တကယ်လို့များဆိုတဲ့ စကားလုံးနဲ့ နောက်ကြောင်းပြန်ချိန်ထိုးပြီး ကွဲပြားသွားနိုင်တဲ့အဖြစ်အပျက်တွေ၊ဘယ်တော့မှ ဖြစ်မလာနိုင်တော့တဲ့ အခြေအနေတွေကို လူတိုင်းလူတိုင်းဟာ တစ်ကြိမ်တစ်ခါမှာ စိတ်ကူးယဉ်လွမ်းဆွတ်ခဲ့ကြဖူးလိမ့်မယ်။မားကတ်စ်ဟာ အဲ့ဒီလိုပဲတွေးနေမိမယ်ဆိုတာ အသေအချာပဲဖြစ်မှာပါ။ အဲ့ဒီညက သူအရမ်း အမူးလွန်မနေခဲ့ရင်၊ဆေးကွဲမနေခဲ့ရင် ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ချစ်ဇနီးလေးကို တစ်ယောက်တည်း ညနက်သန်းခေါင်ပြန်မလွှတ်ခဲ့ရင်၊ အဲ့ဒီပါတီကို သူတို့မသွားခဲ့ရင်၊ ဆိုတာမျိုးလောက်ဖြစ်ဖြစ်ပေါ့။ ဇာတ်လမ်းကို ဂေးကလပ်တစ်ခုမှာဖြစ်တဲ့လူသတ်မှုတစ်ခုနဲ့ စဖွင့်ထားပြီး အဲ့ဒီကနေမှ အချိန်ရဲ့အစဉ်ကို ပြောင်းပြန်ပြကွက် ဆယ့်လေးခုနဲ့တင်ဆက်ထားတာဖြစ်လို့ စလာလာချင်းအခန်းဟာ ဇာတ်သိမ်းခန်းပဲဖြစ်ပြီး နောက်ဆုံးမြင်လိုက်ရတဲ့အခန်းကတော့ ဇာတ်အဖွင့်ဖြစ်ပါတယ်။ ကလပ်ထဲက ကြမ်းတမ်းပက်စက်လွန်းတဲ့လူသတ်ခန်းနဲ့မြေအောက်ဥမင်လမ်းမှာရက်ရက်စက်စက်မုဒိမ်းကျင့်တဲ့အခန်းကို ၉ မိနစ်ကြာတောက်လျှောက်ကြီးပြသွားတဲ့ ပြကွက်တို့ကြောင့် အမျိုးသမီးပရိသတ်အများစုဟာ ဆက်မခံစားနိုင်ပဲရုံထဲက ပြန်ထွက်လာခဲ့ကြတဲ့အထိဖြစ်ခဲ့ကြပါသတဲ့။ ညို့အားအကောင်းဆုံး၊ အလှဆုံး၊ ဆွဲဆောင်မှုအရှိဆုံးစသဖြင့် အကောင်းတကာ့အကောင်းဆုံးတွေရဲ့စာရင်းတွေမှာ ဆယ်စုနှစ်တွေချီအမြဲတမ်းထိပ်ဆုံးမှာပြေးနေတဲ့ မမမိုနီကာလို မင်းသမီးကို ဒီလိုကြီး နှိပ်စက်ပြသွားခဲ့တာတွေဟာ သူ့ပရိသတ် ကမ္ဘာယောက်ျားထုကြီးအတွက်လဲစိတ်နှလုံးမခိုင်ချင်စရာ ရင်နင့်စရာ မြင်ကွင်းတွေဖြစ်ပါတယ်။ လိင်စိတ်ခံယူမှုကွဲပြားသူတွေ၊ အမျိုးသမီးတွေ၊ ပြည့်တန်ဆာ အစရှိတဲ့လူတန်းစားအလွှာပေါင်းစုံကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားနှိမ်ချထားတဲ့စကားပြောတွေ၊တစ်တစ်ခွခွအဆဲတွေ၊ အပြတွေအပြင် သာမန်အချိန်မှာပြောနေတဲ့ အလ္လာပသလ္လာပစကားတွေက အစလိင်ကိစ္စတွေပဲဖြစ်သလို သရုပ်ဆောင်နှစ်ယောက်ဝတ်လစ်စားလစ်ချစ်တင်းနှောခန်းကိုလဲ ဆယ်မိနစ်ကျော်အောင်အချိန်ဆွဲပြထားတာတွေလဲပါဝင်လို့ မိသားစုကြည့်ဖို့မသင့်တော်တဲ့ကားတစ်ကားပါ။ 2002 Stockholm ...
movie

[18+] Irreversible (2002)

You (2018) – Season 01 7.7
You (2018) – Season 01 You (2018) - Season 01 ================= IMDb Rating - 7.7/10   ဂျိုး က စာအုပ်အရောင်းဆိုင်က သာမန် ဝန်ထမ်းလေးပါ။ သူလုပ်တာဆိုလို့ စာဖတ်တာရယ် စာဖတ်ချင်တဲ့သူတွေကို စေတနာထားတာရယ်၊ ပြီးတော့ ကောင်မလေး တစ်ယောက်ကို ချစ်မိတာရယ်ပေါ့... ဒီလိုဖြစ်လာတာကလဲ တစ်ရက်မှာ ကောင်မလေး တစ်ယောက် ဂျိုး အလုပ်လုပ်နေတဲ့ စာအုပ်ဆိုင်ကိုလာတယ် ဒီကောင်မလေးကို ကြည့်တာနဲ့ ဂျိုး စိတ်ထဲ အားလုံးတွက်ချက်ပြီး အမူအကျင့် နဲ့ ဒီကောင်မလေး ဘာလိုချင်တယ် ဘာကို တွက်ဆ နေတယ်ဆိုတာ အကုန်သိပါတယ်။ ဟုတ်ပါတယ် ဂျိုး က သာမန်တော့ သာမန်ပါပဲ . ဒါပေမဲ့ ဉာဏ်ကြီးရှင်ပါ... အရာအားလုံးကို အကွက်ကျကျ စီစဉ်လေ့ရှိသူ ဖြစ်ပြီး လူတွေ ရဲ့ စိတ်ကို မှန်းဆပြီး ကစားရတာကို သဘောကျတက်တဲ့သူပေါ့။   သူ သဘောကျတဲ့ ကောင်မလေး နာမည်က ဘက်ခ် တဲ့၊ ဆင်းရဲတယ် ကြိုးစားတယ် ပွေရှုပ်တဲ့ ရည်းစား တစ်ယောက်ရှိပြီး၊ ...
7.7
TMDb: 7.7/10 168000 votes
tv

You (2018) – Season 01

2018
[18+] The Raffle (1991) La Riffa 5.0
[18+] The Raffle (1991) La Riffa ကျွန်တော်တို့ငယ်ဘဝရဲ့ အိမ်မက်မင်းသမီး မမမိုနီကာဆိုတဲ့ Monica Bellucci ရဲ့ နုပျိုလှပမှုနဲ့ အထာကျတဲ့သရုပ်ဆောင်မှုတွေ အကုန်လုံးထင်ပေါ်အောင် တင်ဆက်ထားတဲ့အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ Comedy,Romance,Drama အမျိုးအစားလေးပါ။ ကွက်ကွက်ကွင်းကွင်း ကြည်တောက်ရှင်းလူကြီးခန်း ၂ ခန်း ၃ ခန်းပါတာကြောင့်မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။ မိန်းမမာယာ သဲကိုးဖြာအကြောင်းရိုက်တဲ့ကားတွေ ၊ မင်းသမီးရဲ့အလှနဲ့ဇာတ်ကားတစ်ကားလုံးကိုထိန်းတဲ့ကားတွေများတဲ့ခေတ်ပေမို့ ဒီကားလေးဟာလည်း မိန်းမတွေရဲ့မာယာလေးဆယ်၊ ပရိယာယ်တစ်ထောင်အကြောင်းရိုက်ထားတဲ့ကားပဲဆိုပါတော့ဗျာ။ ဒီဇာတ်ကားထဲမှာတော့အီတလီမင်းသမီးချောလေး Monica Bellucci ဟာ ကြေးရတက်သူဋ္ဌေးလေးတစ်ယောက်ရဲ့ဇနီးချောလေးဖြစ်ပြီး သူ့ယောက်ျားဖြစ်သူ ယာဉ်တိုက်မှုနဲ့သေဆုံးသွားတဲ့အချိန်မှာ သူ့ကို အကြွေးသန်းရာချီနဲ့ချန်ထားခဲ့ပါတယ်။ အဲဒီအကြွေးတွေကိုပြန်ဆပ်ရဖို့၊ အိမ်ငှားခဆောင်ရဖို့၊ သမီးလေးကျောင်းစရိတ်ရှာဖို့စတာတွေအတွက် ငွေတွေလိုအပ်လာခဲ့တဲ့အခါ တစ်ခြားဘာအလုပ်မှမလုပ်တတ်တဲ့သူဋ္ဌေးမလေးတစ်ယောက် ဘယ်လိုရုန်းကန်းလှုပ်ရှားမာယာများတော့မယ်ဆိုတာ မင်းသမီးချောလေးရဲ့အလှနဲ့ကောင်းကောင်းခံစားကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်တဲ့ The Raffle of a riffa (1991) လေးကို ခံစားကြည့်ရှုပေးကြပါဦး။ File size…(1.4 GB)/(850 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

[18+] The Raffle (1991) La Riffa

[18+] Sex Plate 17 (2017)
[18+] Sex Plate 17 (2017) ကိုရီးယား အခွီဟာသ အချစ် ၁၈+ ဇာတ်ကားလေးပါ... ချစ်သူကောင်မလေးက တခြားတစ်ကောင်နဲ့ ဖောက်ပြားပျော်ပါးနေတာကို တွေ့လိုက်ရပြီးတဲ့နောက် ဂီဟာတစ်ယောက် အစိမ်းလတ်လတ်အသည်းကွဲသွားပြီး အရက်နဲ့အလေလိုက်နေမိတော့တာပေါ့... တစ်နေ့မှာတော့ သူ့ဘေးအိမ်ကို လှလွန်းလန်းလွန်းတဲ့ ချိုဟီဆိုတဲ့ကောင်မလေးတစ်ယောက် တစ်ပွေတည်းလာနေတာ ကြုံရတဲ့အပြင် အဲ့ကောင်မလေးက သူ့ကိုဖောင်းဒိုင်းကြရအောင် တောင်းဆိုလာတဲ့အခါ... အသည်းကွဲနေတဲ့ ဂီဟာတစ်ယောက် အရက်သောက်ကြေကွဲနေရမလား... ဖောင်းဒိုင်းရမလား ဝေခွဲမရဖြစ်ပြီး ဘဝမှာသိပ်ခက်တဲ့ရွေးချယ်မှုတွေ ပြုလုပ်ရပါတော့တယ်... ချိုဟီက အကန့်အသတ်တော့ရှိပါတယ်...၃ ပတ်ပဲ ဒီမှာနေပြီး ဖောင်းဒိုင်းလို့ရမှာဖြစ်ပြီး ၃ ပတ်ကျော်လွန်သွားရင်တော့ ဖြစ်ပျက်သမျှမေ့လိုက်ကြရအောင်တဲ့။ အချစ်ကိုကိုးကွယ်တဲ့ အူကြောင်ကြား ဂီဟာတစ်ယောက် ၃ ပတ်စာ ပျော်မွေ့ပြီး ချိုဟီကိုမေ့လိုက်ရမှာလား... ချိုဟီကရော ဘာလို့ဒီကိစ္စကို လာလုပ်ရတာလဲဆိုတဲ့ လျှို့ဝှက်ချက်တွေနဲ့ ဒီဇာတ်ကားက ကြည့်လို့ပျော်မြူးရမယ့် ၁၈+ ဇာတ်ကားလေးဖြစ်ပါတယ်။ မင်းသမီး Park Kyoung-hee ဟာ နာမည်ကြီးကားတချို့မှာ ပါဝင်ဖူးတဲ့ဇာတ်ရံမင်းသမီးတစ်လက်ဖြစ်ပြီး ဒီဇာတ်ကားမှာတော့ သူ့ရဲ့အလှအပတွေကို မကွယ်မဝှက်တင်ဆက်ပြီး ချိုဟီနေရာကနေ အကောင်းဆုံးသရုပ်ဆောင်သွားပါတယ်။ ၁၈+ မကြည့်ရဲရင်တောင် ရယ်ရတဲ့ကားလေးမို့ မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။   File size…(1.2 GB)/(700 MB) Quality….WEB-DL HEVC 1080p / 720p Format…mp4 Duration….01:21:00 Subtitle….Myanmar ...
movie

[18+] Sex Plate 17 (2017)

HEVC 1080p
(18+)Younger Sister Monica (2021) 7.6
(18+)Younger Sister Monica (2021) Young Sister Monica (2021) အခုတစ်ခေါက် သိုင်းသမားပျိုတို့အတွက် အားဆေးလေး Young Sister Monica ဆိုတဲ့ 18+ ကိုရီးယား ကားကောင်းလေးလာပါပြီ ဇာတ်လမ်းလေးက အိမ်ထောင်သည်ယောက်ျား တစ်ယောက်က အမေရိကားပြန် ကိုရီးယားမလေးနဲ့ အချစ်နယ်ကျွံမိတဲ့ အလန်းစားဇာတ်ကားလေးဖြစ်ပါတယ် အိမ်ထောင်သည်သဘာ၀ အတိုင်း အိမ်ကဟင်းရိုးလာတော့ အပြင်ဟင်းလေး မြည်းစမ်းရင်း အပြင်ဟင်းက အိမ်ချက်ထက် ပိုကောင်း ပိုမိုက်နေသောအခါ ဘယ်လိုတွေ အပီအပြင်ဆွဲမယ်ဆိုတာ ဇာတ်ကားမှာ ပညာပေးလေးနဲ့ အတူ မင်းသမီးရဲ့စွဲမက်ဖွယ် ခန္ဓာကောက်ကြောင်းအလှကို ရှုစားရမှာပါ ...မင်းသမီးကတော့ ဂေါင်းကြီးတို့အကြိုက် အချွဲအနွဲ့ ဘုရင်မ ကိုရီးယား ရုန်းပတီသီးမလေးရဲ့ ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ အသံအနေအထား ခန္ဓာကိုယ် အသားအရည်ဝင်းလဲမှုတို့က ဇာတ်ကားကို ထင်ဟင်ပေါ်လွင်စေတာမို့ DSက တင်ဆက်ပေးလိုက်ပါတယ်.......... File size…660MB Quality…720p HD RIP Format…Mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….X-Cross Translated by   FOX
movie

(18+)Younger Sister Monica (2021)

2021
[18+] All Things Fair (1995) Lust och fägring stor /Love Lessons 6.9
[18+] All Things Fair (1995) Lust och fägring stor /Love Lessons ဆရာမကစာသင်ချိန် ပြီးတော့အခန်းထဲက မထွက်ခင်ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ရင်တထိတ်ထိတ် နဲ့ ဆရာမ အနားရောက်သွားတော့မှ ဆရာမက ခပ်တိုးတိုးနဲ့၊ “ မောင်ဇော်....ညနေကျရင် ဆရာမကိုစောင့်ပါ။အမှတ်ခြစ်စရာတွေ အိမ်ကိုပြန်သယ်ရမှာ နဲနဲလေးနေလို့။ ” “ သြော်...ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာမ။ ”  ဒီဇာတ်ကားကတော့ မောင်ဇော်ချစ်သောဆရာမ ဆွီဒင်ဗားရှင်းပါပဲ...။ ဆွီဒင်နိုင်ငံ တောင်းပိုင်းကမယ်လ်မိုဆိုတဲ့ နယ်မြို့လေးတစ်ခုမှာ စတစ်ဂ်ဆိုတဲ့ ၁၅ နှစ်အရွယ်ကျောင်းသားလေးရှိပါတယ်။ ကလေးမကလူကြီးမကျ စကောစကအရွယ်၊စတစ်ဂ်အပါအဝင် သူ့နဲ့အတန်းဖော်တွေဟာ တစ်ခါတစ်လေကလေးတွေလိုကစားကြ ပေါက်ကရတွေလုပ်ကြပြီး တစ်ခါတစ်လေကျတော့လဲ လူကြီးတွေလိုကစားကြပေါက်ကရတွေလုပ်ကြပါတယ်(တစ်ယောက်ဟာတစ်ယောက်ပေကြိုးနဲ့ တိုင်းပြီးလောင်းကြေးထပ်တာတို့ဘာတို့) တစ်နေ့မှာတော့ သူတို့အတန်းကိုအတန်းပိုင်ဆရာမ လှလှကြီးတစ်ယောက်ပြောင်းလာပါတယ်။ လှလဲလှပြီး အသက်လဲကြီးလို့ပါ။ စတစ်ဂ် အမေနဲ့ရွယ်တူလောက်ဆိုပေမယ့် နုပျိုလှပတဲ့ ဆရာမဟာ စတစ်ဂ်ကိုချစ်စနိုးစနောက်တယ်။ ရင်းရင်းနှီးနှီးဆက်ဆံတယ်။ ဆရာမယောက်ျားဟာအရက်စွဲတစ်ချိန်လုံးမူးရူးနေတဲ့သူ အိမ်မှာအနေနည်းတဲ့သူဖြစ်ပါတယ်။ သွေးသားဆန္ဒလိုအပ်ချက်တွေ လျာထားချက်ပြည့်မှီပုံမရတဲ့ ဆရာမနဲ့၊ ဒီလိုကိစ္စမျိုးတွေစိတ်ဝင်စားကာစ ရမ္မက်ရာဂတွေဆူဖြိုးလျှံကျနေတဲ့ မနူးမနပ်ကလေးစတစ်ဂ်တို့ဟာ ဖြစ်သင့်ဖြစ်ထိုက်စွာပဲ ဇာတ်လမ်းစခဲ့ကြပါတော့တယ်။ ကမ္ဘာကြီးဟာ သူတို့နှစ်ယောက်တည်းနဲ့ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက် စတစ်ဂ်ကိုကြိတ်ကြိုက်နေတဲ့အခန်းမျက်စောင်းထိုးကအပျိုဖြန်းလေး၊ ဆရာမရဲ့ခင်ပွန်းသည် အရက်သမား အစရှိတဲ့ဘေးလူတွေပါဝင်လာတဲ့အခါ ရှင်းရခက်တဲ့ ဒီဇာတ်လမ်းကို သူတို့ဘယ်လိုသိမ်းကြမလဲဆိုတာ ဇာတ်လမ်းထဲမှာဆက်လက်ရှုစားစေချင်ပါတယ်။ All Things Fair ဟာကမ္ဘာအနှံ့ကသြဇာကြီးတဲ့ရုပ်ရှင်ပွဲတော်တွေမှာပြသခဲ့ပြီး ဆုတွေအမျိုးမျိုးဆွတ်ခူးခဲ့တဲ့ကားဖြစ်ပြီး အဲ့ဒီနှစ် အကောင်းဆုံးဘာသာစကားပြော အော်စကာဆုလဲလျာထားခံခဲ့ရပါတယ်။ ...
movie

[18+] All Things Fair (1995) Lust och fägring stor /Love Lessons

Tremors: A Cold Day in Hell (2018) 5.0
Tremors: A Cold Day in Hell (2018) ဒီကားလေးဟာဆိုရင် ဂရက်ဘွိုက်လို့ခေါ်တဲ့ လူသားစားဧရာမတီကောင်ကြီးတွေကတော့ tremor ဆိုတဲ့ titleလေးအတိုင်းပဲ ကြောက်စရာ ရင်ထိတ်စရာကောင်းပါတယ် အဲ့သတ္တဝါတွေက ပူနွေးတဲ့ရာသီဥတုမျိုးမှာပဲ နေထိုင်ကြတာများပါတယ် ဒါပေမဲ့ အိမ်မက်ဆိုးကြီးတစ်ခုလို ကနေဒါက အေးခဲနေတဲ့အာတိတ်ဝင်ရိုးစွန်းလိုနေရာဘက်ကို အကောင်တွေပြောင်းရွေ့လာကြပါပြီတဲ့ ဒီလို ထူးဆန်းတဲ့အကြောင်းတရားတွေကို ဖော်ထုတ်နေတဲ့အချိန်မှာပဲ ဘာ့တ်ဆိုတဲ့သူမှာ ဂရက်ဘွိုက်အကောင်ဆီကနေ သေနိုင်တဲ့ပြင်းထန်တဲ့ အဆိပ်မိထားပါလေရော လူသားစား ဧရာမတီကောင်ကြီးတွေလက်က သူတို့တွေ ဘယ်လိုလွတ်အောင်တိုက်ကြမလဲ ဒီကြားထဲ အကောင်ကြီးကို ဇီဝလက်နက်အဖြစ်နဲ့ အမြတ်ထုတ်မယ့် သူတစ်ချို့ရယ် အဆိပ်မိနေတဲ့ ဘာ့တ်ကရော ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲဆိုတာကတော့ ဒီကားလေးကို ကြည့်ပြီးရင် သိရမှာဖြစ်ပါတယ် Horror ကားအမျိုးအစားလို့ဆိုပေမဲ့ စွန့်စားခန်းတွေ actionတွေနဲ့ ရယ်စရာဟာသလေးတွေပါပါနေတဲ့ ကားတစ်ကားပါ Tremors: Shrieker Island (2020) ကိုတော့ https://channelmyanmar.to/tremors-shrieker-island-2020/  မှာကြည့်ပါ။   Qty - 720p Bluray Gern - Action /Horror/Thriller Duration - 1hr 55min Translator - May Phyu Khin Encoder - Kyaw Ye Aung
movie

Tremors: A Cold Day in Hell (2018)

2018
Chalo(2018) 6.3
Chalo(2018)             Chalo (2018) ------------- 2018ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒီရုပ်ရှင်လေးက Imdb 6.3 / 10 User 1.1kနဲ့ အတော်လေး ratingမြင့်ပြီး မင်းသမီး Rashmika ပါနေတာကြောင့်် တင်ဆက်ပေးလိုက်ပါတယ်.... ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားလေးကတော့ ရွာနှစ်ခြမ်းကွဲ‌နေတဲ့ တေလဂူဘက်နဲ့ တမီလ်ဘက်က ပဋိပက္ခလေးတွေကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ကားလေး ဖြစ်ပါတယ် ဟရီဆိုတဲ့ ရန်ဖြစ်ရတာကို ဝါသနာပါနေတဲ့သူကိုမှ စည်းကျော်ရင် သတ်မယ်ဆိုပြီး အမြဲရန်ဖြစ်‌‌နေတဲ့ ရွာကို ကောလိပ်တက်ဖို့ မိဘတွေက ပို့လိုက်ပါတယ် ဟရီတစ်ယောက် ရန်မဖြစ်ပဲ ကောလိပ်မှာ ဖူးစာရှင်လေးနဲ့ဆုံသွားခဲ့ပေမယ့် တစ်ယောက်ကတမီလ် တစ်ယောက်တေလဂူဖြစ်နေတော့ ပေါင်းဖက်ဖို့က ရွာနှစ်ခြမ်းပြန်ပေါင်းမှ ဖြစ်နိုင်မှာကိုသိသွားတဲ့အခါ ဒီရွာနှစ်ခြမ်းက ဘယ်လိုအကြောင်းကြောင့် သွေးကွဲသွားရတာလဲ ဟရီတစ်ယောက် သူရဲ့အချစ်အတွက် နှစ်ပေါင်းများစွာ မတည့်ခဲ့တဲ့ ဒီနှစ်ရွာကို ဘယ်လိုပြန်ပေါင်းမလဲ‌ဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦးရှင်...   File size…2.2Gb / 1.1GB / 643MB Quality…1080p HD RIP 5.1Ch / 720p / 480p Format…Mp4 Duration….2h 25mins Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Ida
movie

Chalo(2018)

Dil Juunglee (2018) 3.7
Dil Juunglee (2018) တာ့ပ်ဆီးရဲ့  ၂၀၁၈ တုန်းကထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်.. ကိုရိုလီနိုင်ရာ... လန်ဒန်အ​ခြေစိုက်စီးပွား​ရေးလုပ်ငန်းပိုင်ရှင်ရဲ့ သမီးဖြစ်​ပေမယ့် အ​​ဖေဖြစ်သူရဲ့ လုပ်ငန်း​တွေကို စိတ်မဝင်စားဘဲ ဘဝကို ​ပျော်ရွှင်ရိုးရှင်းစွာ ​နေထိုင်ချင်သူ​လေး... အချစ်ဝတ္ထု​တွေ စိတ်ကူးယဥ်ဇာတ်လမ်း​တွေမှာ ​​မျှောပြီး အချစ်စစ်ကို ရှာ​​ဖွေ ​ပျော်ရွှင်စွာအိမ်​ထောင်ပြုချင်သူ​... အင်္ဂလိပ်စာဆရာမ အဖြစ် သူ့ဘဝသူ ​ကျေနပ်ပျော်ရွှင်​နေ​တဲ့ မိန်းက​လေးတစ်​ယောက်... ဆူမစ်အူပယ်လ်... သူကတော့ သရုပ်​ဆောင် ​ဘောလိဝုဒ်​လောကကို အ​ခြေချချင်တဲ့ gym trainer... ရည်မှန်းချက်ကြီးပြီး ​အောင်မြင်တဲ့မင်းသားတစ်လက် ဖြစ်ချင်တဲ့သူနဲ့ ကိုရိုလီတို့ အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ ဆုံမိကြတဲ့အခါ... အစပိုင်း​တော့ ဆရာမ/​ကျောင်းသား ဆက်ဆံ​ရေးက​နေ ပိုပိုပြီးရင်းနှီးလာတဲ့ သူတို့၂​ယောက်... ချစ်ခြင်းမေတ္တာနဲ့ သံ​ယောဇဥ် အနိမ့်အမြင့် အတက်အကျ​တွေကြားက ဆုံစည်းနိုင်ကြမလားဆိုတာ...။ Romance Comedy ဇာတ်ကားလေးမို့ Rating တွေနည်းပေမယ့် တာ့ပ်ဆီးပရိတ်သတ်မို့ လက်မလွတ်တမ်းတင်ဆက်ပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားတာပါ။)   File size…(1.5 GB ) / (900 MB) Quality…WEB-DL 1080p / 720p Format…mkv Duration….01:56:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie

Dil Juunglee (2018)

Genres

Genres

Archives