Channel Myanmar
Results:
The incredible Burt Wonderstone (2013)
The incredible Burt Wonderstone (2013) Screenshots     လမ်းမပေါ်လှည့်လည်ပြသနေတဲ့ မျက်လှည့်ဆရာ စတိဗ်ဂရေး(Jim Carrey) ဟာ အသည်းတထိတ်ထိတ် တုန်လှုပ်ချောက်ချားစေမယ့် ပြကွက်မျိုးတွေနဲ့ လူတွေကို ဖမ်းစားဖို့ အမြဲကြိုးစားနေတဲ့သူပါ။ လူတွေရဲ့အာရုံသိမ်းကျုံးယူငင်ဖို့ဆိုရင် မီးကျီးခဲတွေပေါ်လှဲအိပ်ပြရဖို့လည်း ဝန်လေးတတ်သူမဟုတ်ဘူး။ ဒါပေမဲ့ သူကိုယ်တိုင် အသည်းတထိတ်ထိတ်ဖြစ်ခဲ့တဲ့ အကြိမ်လည်း နည်းတော့မနည်းခဲ့ပါဘူး။ လာ့စ်ဗေးဂက်စ်မှာ အချိန်အတော်ကြာနာမည်ရနေတဲ့ မျက်လှည့်ဆရာ ဘာ့ထ်ဝန်းဒါးစတုံး(Steve Carell) နဲ့ လက်ထောက် အန်တန်လဗ်ခရက်ဖ်(Steve Buscemi) တို့ရဲ့ မျက်လှည့်ပြကွက်တွေဟာလည်း လူတွေရိုးအီငြီးငွေ့စပြုလာပြီ။ ဖန်တစ်ရာတေနေပြီကိုး။ အဲဒီအချိန် ကျော်ကြားမှုနောက်အမြဲလိုက်ချင်နေတဲ့ စတိဗ်ဂရေးက ဘာ့ထ်ဝန်းဒါးစတုံးတို့ရဲ့ ရေပမ်းစားမှုကို သိမ်းပိုက်ခိုးယူဖို့ အားစိုက်ကြိုးပမ်းတော့တာပေါ့။ စတိဗ်ဂရေးရဲ့ ကြောက်အားလန့်အားပိုစရာပြကွက်တွေနောက် လာ့စ်ဗေးဂက်စ်က လူတွေလိုက်ကုန်ကြပြီ။ ဘာထ့်မှာ နာမည်မရှိတော့၊ ကိုယ်တိုင်အပြစ်မြင်၊ စိတ်ကျနွမ်းနယ်လာပြီ။ ဘာ့ထ် … သူ့ရဲ့ ပကတိအနေအထားကိုမြင်နေပြီ။ အလုပ်မရှိတော့သလို၊ ပိုက်ဆံကလည်းမရှိပါဘူး။ လက်ထောက် အန်တန်ကလည်း အခြေအနေမဟန်တဲ့ ဘာ့ထ်ဆီကနေ စွန့်ခွာတော့မယ်။ ကမ္ဗောဒီယားကိုသွားပြီး မျက်လှည့်ပြသနိုင်မယ့် ...
movie
The incredible Burt Wonderstone (2013)
Kick (2014) 5.3
Kick (2014) ဒီကားလေးက bollywood မင်းသား ဆလက်မန်ခမ်း ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဉ်းမှာတော့ ရိုင်နာဆိုတဲ့ မင်းသမီးဟာ သူမအဖေ၏ စကားအရ လူတစ်ဦးနဲ့သွားရောက်ဖို့အကြောင်းဖန်လာပါတယ် ထိုသူသည်ရဲအရာရှိတစ်ဦးဖြစ်၍ နာမည်ကျော် လူဆိုးဖမ်းအရာရှိတစ်ဦးလည်းဖြစ်သည် ရှိုင်နာ နဲ့ ထိုရဲအရာရှိတွေ့ဆုံပြီး လက်ထပ်ဖို့ ကိစ္စ ဆွေးနွေးရမည်ဖြစ်သော်လည်း အတိတ်ဇာတ်လမ်းကိုသာ ပြောဖြစ်ခဲ့ကြသည် ရိုင်နာ၏ အတိတ်မှာတော့ မေ့မရခဲ့တဲ့ချစ်သူ ရှိခဲ့ကြောင်း ပြောပြခဲ့သည်။ သူ၏ အမည်မှာဒေးဗစ်ဆင်းဂ် ဖြစ်သည်။ သူသည် လူအများအား စနောက်သန်သူဖြစ်၍ ကူညီတတ်သူလည်းဖြစ်သည်။ တစ်နေ့မှာ သူမ၏အဖေနှင့် တွေ့ပြီးအပြန် သူမက အလုပ်လုပ်ရန်တိုက်တွန်းလေသည်။ ထိုအခါ ပျော်စရာဘ၀နှင့် လူတို့အပြုံးသာလိုလားသော သူတစ်ပါးအားအောက်မကျို့သော ဒေးဗစ်ဆင်းဂ် တို့စကားအနည်းငယ်များပြီး ဒေဗစ်ဆင်းဂ်မှာ ရှိုင်နာနှင့် အဆက်အသွယ်မရှိတော့ပေ။ အရာရှိမှာလည်း သူ့ဘ၀တွင်မေ့မရတဲ့ လူတစ်ဦးရှိကြောင်း၊ထိုသူသည် ဒီးဗဲလ်သူခိုးတစ်ဦးဖြစ်၍ ထိုသူသည် ကြိုတင်အသိပေးပြီးမှခိုးယူသူဖြစ်ကြောင်း၊ မျက်နှာဖုံးတစ်ခုအားကာဗာယူ ခိုးသူတစ်ဦးလည်းဖြစ်၍ ထိုသူအားလည်းမမြင်ဖူးကြောင်း မည်သို့ပင်ဆိုစေ ထိုသူအား ဖမ်းမိရန်မိမိမှာ တာဂန်အပြည့်ရှိကြောင်း ရိုင်နာအားပြောပြခဲ့လေသည်။ သူတို့နှစ်ဦး အိမ်ပြန်လမ်းလျှောက်ခရီး တွင် လူတစ်ဦးက သူသိလိုသော လိပ်စာအား ရှိုင်နာအား လာမေးရာ ထိုသူသည် ဒေးဗစ်ဆင်းဂ် ဖြစ်သော်လည်း ရှိုင်နာအား မသိသလို တကယ်ပင် အတိတ်ပင်မေ့နေသလော ဟန်ဆောင် နေသလော ရှိုင်နာ၏ အိမ်တွင် နေ၍ မည်သို့အကွက်ရွေ့ မည်သို့ ခိုးယူခြင်းလုပ်မည်ကိုလည်းကောင်း ရဲအရာရှိအားပင် ပခုံးဖက်၍ မိမိဒီးဗဲလ် အမည်ဝှက်ဖြင့် သူခိုးတစ်ဦးမှန်းမသိအောင် ပိပိရိရိနေတတ်ခဲ့သည် ထို့နောက် ဒေးဗစ်ဆင်းဂ် ခေါ် ဒီးဗဲလ် ...
movie
Kick (2014)
Jai Ho 2014 (မြန်မာစာတန်းထိုး)
Jai Ho 2014 (မြန်မာစာတန်းထိုး)  ဇာတ်လမ်းအကျဉ်းJai. Ho ဆိုသောသူသည်သူ၏ ကူညီမှု formula အားအကောင်အထည်ဖော်လျက်ရှိသူဖြစ်သည်သူ၏ ဖော်မြူလာမှာသူက တစ်ဦးအားကူညီပေးလျှင်ထိုသူဆီမှ ကျေးဇူးတင်စကားထက်ထိုသူမှတစ်ဆင့် လူသုံးဦးအားအခါအခွင့်သင့်လျှင်ပြန်လည်ကူညီပါမည်ဟူသောကတိစကားအားသာလျှင်တောင်းခံလေ့ရှိသည်လက် မသန်စွမ်းသောမိန်းကလေးတစ်ဦး၏သေဆုံးမှုကြောင့်လည်းသူ၏ကူညီချင်လိုစိတ်သည်ပိုမိုပြင်းပြလာခဲ့သည်ထိုမိန်းကလေးသည် စာမေးပွဲဖြေ ဆိုချိန်တိုင်းသူ၏အစ်ကိုအားအကူရေးခိုင်း၍ဘေးမှရွတ်ဆိုပေးရသည်စာတော်သူတစ်ဦးလည်းဖြစ်၍တစ်နေ့စာမေးပွဲဖြေဆိုချိန် တွင်ကားလမ်းကြပ်နေသောအစ်ကို့ခရီးအားမျှော်ရင်း အချိန်မလောက်မှုကြောင့်စာမေးပွဲအား တုံးတိလက်လေးဖြင့်ကြိုးစားဖြေခဲ့သည်။သို့သော် စိတ်ဓာတ်ကျဆင်း၍သာလျှင်မိမိကိုယ်ကိုအဆုံးစီရင်ခဲ့လေသည်။ထိုကားလမ်းပိတ်မှုမှာအာဏာရှိသူ၏ သမီးလာမည်ကိုကြိုဆိုသောကြောင့်ကြိုတင်ပိတ်ထားသည်ကိုအစ်ကို သိသောအခါဝန်ကြီးအားသွားတိုင်ကြားသော်လည်းအခွင့်မသာ အဆင်မပြေခဲ့နောက်ဆုံး အသတ်ခံရသည်အထိဖြစ်သွားခဲ့ရသည်ဤဖြစ်ရပ်အားJai ho သိလျှင်ဝန်ကြီးအား သွားရောက်ကြိမ်းမောင်းရာဗလတောင့်သော တပည့်တပန်းများနှင့်မည်သို့ရင်ဆိုင်ရမည်ကိုလည်းကောင်းထိုနောက် ခပ်ကြမ်းကြမ်းဇာတ်ကွက်များနှင့်မည်သို့ရင်သပ်ရှုမောဖွယ်ကြည့်မြင်ရမည်ကိုလည်းကောင်းထိုနိုင်ငံ၏ အာဏာရသူနားသို့Jai ho ၏ ကူညီမှု ဖော်မြူလာမည်သို့ရောက်ရှိသွားမည်ကိုလည်းကောင်းထိုမျှမကခပ်လန်းလန်းကောင်မလေးနှင့်Jai ho တို့၏အချစ်ဟာသ ဇာတ်ကွက်များအားလည်းကောင်းနှလုံးသားယဉ်ပါးသော်လည်းဒေါသအဟုန်တို့၏ အဟုန်ကြောင့်တောရဲခြင်္သေ့တစ်ကောင်ကဲ့သို့တိုက်ကွက်များအားလည်းကောင်းသူ၏ကူညီမှုဖြင့်တစ်နိုင်ငံလုံးအထိပြန့်နှံ့သွားပုံအားလည်းကောင်းရင်သပ်ရှုမောဖွယ်ကြည့်ရှုရမည်ဖြစ်ပါတယ်သူငယ်ချင်းတို့--မြန်မာနိုင်ငံမှာဆိုဆရာ နန္ဒ၀င်း(ဆေး ၁)ရဲ့တန်ဖိုးနည်းညစာဆိုတဲ့Idea လေးပြန့်နှံ့သလိုပါပဲ(Tear Cry) မှ ဇတ်လမ်းအညွှန်း ရေးသားပေးပါသည်။Downlod===============http://adf.ly/1JjAUDSize : 2 GB(Thit San Khant)အသစ်တင်တိုင်း သိရှိလိုပါက အောက်ပါ Follow Button အပြာလေးကို Click ပေးခဲ့ပါ
Jai Ho 2014 (မြန်မာစာတန်းထိုး)
The Boy Next Door (2015) 4.7
The Boy Next Door (2015) The Boy Next Door (2015)_____IMDb - 4.7/10   မင်းသမီးချော ဂျန်နီဖာလိုပက်စ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ Channelmyanmar ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်..Review လေးကိုကြည့်ရအောင် ဒီ Movie Version က censored ဗားရှင်းဖြစ်တဲ့အတွက် 18+ ဇာတ်ဝင်ခန်းများမပါဝင်ပါဘူး Uncensored ဗားရှင်းကလည်း စာတန်းဖိုင်အခက်အခဲ ဖြစ်တဲ့အတွက် တင်ပေးဖို့သိပ်အဆင်မပြေပါ ဒါကြောင့် ဒီ Movie က ဖြတ်ထုတ်ထားတဲ့ သီးသန့်ဇာတ်ဝင်ခန်းတစ်ခန်းကိုလည်း အပိုလင့် နဲ့တွဲထည့်ပေးလိုက်ပါတယ်..ကြည့်ရတာအရသာပျက်သွားမှာဆိုးလို့ပါ :P ကလဲရ် က အထက်တန်းကျောင်းမှ ဂန္ဒ္ဒဝင်စာပေဘာသာရပ်ကိုသင်ကြားတဲ့ဆရာမတစ်ယောက်ဖြစ်ပြီး ယောက်ကျာၤးနဲ့ကွဲနေတဲ့အတွက်လက်ရှိမှာ အထက်တန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူ ကယ်ဗင်နဲ့အတူတူနေနေပါတယ်..သူမရဲ့သူငယ်ချင်းဖြစ်သူ ကျောင်းမှဒုကျောင်းအုပ်လည်းဖြစ်တဲ့ ဗစ်ကီက ဖောက်ပြန်ခဲ့တဲ့ ယောက်ကျာၤးနဲ့ကွဲရှင်းစေချင်ပေမယ့်ကလဲရ်တို့ ကာယကံရှင်နှစ်ယောက် ကတော့အိမ်ထောင်ရေးကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေကြပါတယ်..အဲ့ဒီ့နောက်ကလဲရ်တို့ မိသားစုထဲကို နိုဝါ ဆိုတဲ့ကောင်လေးတစ်ယောက်စတင်ဝင်ရောက်လာပါတော့တယ် နိုဝါက ဘေးအိမ်ကိုလာလည်တဲ့အသက်20အရွယ်မိဘမဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကလဲရ်ကိုလည်းကူညီတဲ့အတွက်..သူတို့သားအမိနဲ့အတော်လေးရင်းနှီးသွားပါတယ်.. တစ်ရက်တော့..ကယ်လ်ဗင်နဲ့ သူ့အဖေတို့ကျောင်းပိတ်ရက်တစ်ရက်မှာအပျော်တမ်းငါးဖမ်းထွက် သွားကြပါတယ်..ချက်ချင်းပြန်ပေါင်းထုတ်ဖို့တွေဝေနေတဲ့အတွက် မလိုက်ပဲကျန်ခဲ့တဲ့ ကလဲရ်ကို ဗစ်ကီကသူတို့ချိန်းတွေ့တဲ့နေရာကိုအတင်းလာခိုင်းပြီး ဗစ်ကီ့သူငယ်ချင်းဖြစ်တဲ့သူတစ်ယောက် နဲ့မိတ်ဆက်ပေးပါတယ်..အဲ့လိုတွေ့ဆုံပွဲမှာ မိတ်ဆက်ပေးတဲ့သူနဲ့ကလဲရ်တို့ ကတောက်ကဆဖြစ်ပြီး စိတ်တိုတိုနဲ့အိမ်ပြန်လာတဲ့ကလဲရ်က ဘေးအိမ်က နိုဝါ ကို ဖုန်းဆက်ပြီးခေါ်မိပါတယ် နိုဝါ ရောက်လာတဲ့အခါ ညစာအတူတူစားရင်း တစ်ယောက်တည်းစိတ်အားငယ်နေတဲ့အချိန် နိုဝါရဲ့ မြူဆွယ်တဲ့စကားတွေအပေါ်သာယာမိသွားကာ အတူတူအိပ်မိသွားပါတော့တယ် နောက်နေ့မနက်မှာတော့ ကလဲရ်က အသိဉာဏ်ခဏကင်းလွတ်သွားတုန်း ...
movie
The Boy Next Door (2015)
2015
Monster High-Scaris: City of Frights (2013) မြန်မာစာတန်းထိုး
Monster High-Scaris: City of Frights (2013) မြန်မာစာတန်းထိုး 2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Animation ဇာတ်လမ်းဖြစ်ပြီး IMDb Rating က 6.6 ရရှိထားပါတယ်..ဇာတ်လမ်းလေးကတော့ ဖက်ရှင်ဒီဇိုင်နာကောင်မလေးတွေက ဖက်ရှင်လောကထိပ်ခေါင် ဒီဇိုင်းနာဆီမှာ ပညာသင်ခွင့်ရခဲ့ပါတယ်တကယ်တော့ အဲဒီ ဒီဇိုင်နာကြီးက အတော်ဆုံးဒီဇိုင်းနာတွေဆီက အကောင်းဆုံးဒီဇိုင်းတွေကိုယူပီး ဒီဇိုင်းနာတွေကို မြေအောက်ခန်းမှာ ချူပ်နှောင်ထားပီး ဒီဇိုင်းနာလောကကို ကြီးစိုးနေတာဖြစ်ပါတယ်အဲဒါကို ဖက်ရှင်ဒီဇိုင်မလေးက သိသွားပီး ဖက်ရှင်ပြိုင်ပွဲမှာ မွန်းစတားဒီဇိုင်းနာကြီးကို ပြန်အနိုင်ယူတဲ့အကြောင်းလေးပဲဖြစ်ပါတယ်Animation ဇာတ်လမ်းကောင်းတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ စိတ်အပန်းပြေစေမှာပါFilesize : 649 MBQuality : 720pFormat : mp4Running Time : 1h 1minIMDb Rate : 6.6Subtitle : Myanmar Subtitle ( Hardsub)Encoder : LKDownload And Watch with pcloud Link 
Monster High-Scaris: City of Frights (2013) မြန်မာစာတန်းထိုး
The Eyes Diary (2015) မြန်မာစာတန်းထိုး
The Eyes Diary (2015) မြန်မာစာတန်းထိုး အသစ်ထွက်ထားတဲ့ထိုင်းသရဲကားပါ..ဇာတ်လမ်းအကျဉ်းကတော့နော့တ်နဲ့ ပလာတို့ဟာ အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး ပလာသေဆုံးသွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို မေ့ပစ်ဖို့ ကြိုးစားခဲ့ပေမယ့် နော့တ်ဟာ ယူကျုံးမရဖြစ်ခဲ့ပြီး ပလာနဲ့ ပြန်ဆုံချင်တာကြောင့် သရဲတစ္ဆေတွေနဲ့တွေ့ဖို့ ကြိုးပမ်းခဲ့ပါတယ်။နောက်ဆုံးမှာတော့ ပလာရဲ့ ၀ိညာဉ်ကို ရှာဖို့အတွက် အရေး ပေါ်ကယ်ဆယ်ရေးလုပ်သားရဲ့ အကူအညီယူဖို့ ဆုံးဖြတ်ခဲ့ပါတော့ တယ်။ အဲဒီကယ်ဆယ်ရေးလုပ်သားဟာ အမှုအခင်းဖြစ်တဲ့ နေရာမှာ သေသူရဲ့ ပစ္စည်းတစ်ခုကို တိတ်တဆိတ်ယူထားခဲ့တာကြောင့် နော့တ်ကပလာရဲ့ ၀ိညာဉ်ကို ခေါ်နိုင်ဖို့အတွက် ဒီလိုစိတ်ကူးခဲ့တာဖြစ်ပါတယ်။နော့တ်ဟာ ဘယ်သရဲ၊ တစ္ဆေနဲ့မှ မတွေ့ပေမယ့် သူ့အိမ်ဖော်တွေကတော့ ချောက်ချားစရာတွေချည်းပဲတွေ့နေရလို့ ဘယ်သူမှ မနေရဲဘဲ ထွက်ပြေးကုန်ကြပါတယ်။ နော့တ်ရဲ့ သူငယ်ချင်း၊ ကယ်ဆယ်ရေးဖောင်ဒေးရှင်းမှာလုပ်တဲ့ ဂျွန်က ၀ိညာဉ်ခေါ်တာတွေမလုပ်ဖို့ အကြံပေးပေမယ့် နော့တ်ကတော့ နားမထောင်ဘဲ သေသူတွေရဲ့ ၀ိညာဉ်တွေက ပလာရဲ့ ၀ိညာဉ်ကို ရှာဖွေပေးမယ်လို့ ယုံကြည်နေခဲ့တာကြောင့် ဆက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နော့တ်စိတ်ကူးထားသလို ...
The Eyes Diary (2015) မြန်မာစာတန်းထိုး
The Skin I Live In (2011) 7.6
movie
The Skin I Live In (2011)
Boyhood
Boyhood   အကောင်းဆုုံး ဇာတ်ကားဆုု မင်းသမီးဆုု ဒါရိုုက်တာဆုု စတဲ့ ဆုုပေါင်း ၁ဝခုုတိတိရရှိထားပြီး IMDB Rating 8.7 အဆင့်ရှိတဲ့ ဘဝသရုုပ်ဖော် ဒရမ်မာဇာတ်ကား တစ်ခုုအကြောင်း မိတ်ဆက်ပေးမလိုု့ပါ။ သရုုပ်ဆောင် ၇၅ ယောက်တိတိပါတဲ့ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်ကတော့ မေဆန် (Mason) လိုု့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ပုုံမှန် ဇာတ်လမ်း ကျောရိုုးတွေနဲ့ မတူတဲ့ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ အသက် ၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ကနေ အသက် ၁၈နှစ်အရွယ် လူပျိုအဖြစ်ကြီးပြင်းလာသည်အထိ အချိန် ၁၁နှစ်ကြာအောင် ဖြတ်သန်းကြုံတွေ့ခံစား ရတဲ့ ဘဝအတွေ့အကြုံများကိုု ပုုံပြင်သဖွယ် ဇာတ်အိမ်တည် ရိုုက်ကူးထားတဲ့ flim story ဇာတ်လမ်းအမျိုးအစား ဖြစ်လိုု့ပါပဲ။ အချိန်အားဖြင့် ၂၀၀၂ခုုနှစ်။ မေဆန် နဲ့သူ့အစ်မ စမန်သာ (Samantha) တိုု့ဟာ အိမ်ထောင်ကွဲနေတဲ့ မိခင်ဖြစ်သူ အိုုလီဗီယာ ( Olivia ) ...
movie
Boyhood
Brick Mansions (2014) 5.7
Brick Mansions (2014) Brick Mansions (2014)_____IMDb - 5.7/10   သက္ကရာဇ် ၂၀၁၈ ၊ အမေရိကန်ပြည်ထောင်စုရှိ Detroit မြို့မှာ လူသူစွန့်ခွာသွားခဲ့တဲ့နေရာတစ်ခုရှိပြီး လက်ရှိထိုနေရာကတော့ ရာဇဝတ်မှုတွေနဲ့ပြည့်နေပြီး မထိန်းသိမ်းနိုင်တဲ့အတွက် ထိုနေရာကို စည်းတားထားပြီး စည်းအပြင်မှာတော့ ရဲတွေက စောင့်ရှောက်နေလျက်ရှိပါတယ်။ Lino ကတော့ ထိုအရပ်ဒေသမှာ နေထိုင်နေတဲ့သူဖြစ်ပြီး သူပေးစရာရှိတဲ့ မူးယစ်ပစ္စည်းတွေကို မပေးတဲ့အတွက် ထိုဒေသရဲ့ မူးယစ်ခေါင်းဆောင်Tremaine က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရှောင်ပြေးနေလျက်ရှိပြီး သူ့ရည်းစားဟောင်းကတော့ အဖမ်းခံထားရပါတယ်။ Lino ဟာ သူ့ရည်စားဟောင်းကို ပြန်ကယ်ရင်း Tremaine ကို ဓားစာခံအဖြစ်ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ပေမယ့် ထိုရဲဟာ Tremaine တို့ရဲ့ လူဖြစ်နေတာကြောင့် Tremaine တစ်ယောက်ပြန်လည်လွတ်မြောက်သွားရင်း Lino သာ အဖမ်းခံခဲ့ရကာ သူ့ရည်းစားဟောင်းကတော့ Tremaine ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။ Damien ကတော့ ရဲတစ်ယောက်ဖြစ်ပြီး လူဆိုးတွေကိုဖမ်းဆီးရင်းနဲ့ အချိန်ကုန်နေကာ သူရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုကတော့ မူးယစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Temarine ကို ဖမ်းဆီးဖို့ပါ။ တစ်ရက်တော့ မြို့တော်ဝန်က သူ့ကိုခေါ်ပြီး သူတို့ရဲ့ကားတစ်ဆီးပြန်ပေးဆွဲခံရကာ ထိုကားအတွင်းရှိ ဒုံးကျည်ပါ ပါဝင်သွားခဲ့တဲ့အတွက် ဒုံးကျည်ရဲ့ Code ပြန်ဖြေဖို့အတွက် Damien ...
movie
Brick Mansions (2014)
2014
Genres
Genres
Archives