အီတလီဆယ်ကျော်သက်လူငယ်ဇာတ်ကားလေးဖြစ်တဲ့ Scianel ကတော့ ပါမဲလိုမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်လေးမှာနေထိုင်တဲ့ရှန်နဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်း
ရိုက်ကူးထားတာဖြစ်ပါတယ်။
အဘိုးနဲ့နှစ်ယောက်တည်းနေထိုင်တဲ့ရှန်နဲလ်ဟာ ငယ်စဉ်ကတည်းက သူ့ကိုယ်သူ သူများထက်ပိုထူးခြားနေခဲ့တာကို သတိထားမိခဲ့ပါတယ်။
အရာအားလုံးကိုစူးစမ်းချင်စိတ်ပြင်းပြတဲ့ရှန်နဲလ်တစ်ယောက် သူများတွေမမြင်နိုင် မကြားနိုင်တာတွေကိုပါ မြင်နေကြားနေရတာပါ။
ဒါပေမဲ့ အမှုမဲ့အမှတ်မဲ့သာနေခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာတော့ ဘာမှလုပ်ချင်စိတ်မရှိဘဲပျင်းရိနေကြတဲ့သူငယ်ချင်းတွေကိုစိတ်ကုန်လာတဲ့ရှန်နဲလ်တစ်ယောက်
ရပ်ကွက်ထဲမှာလာဖွင့်တဲ့ မိန်းကလေးတွေရဲ့အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးဝပ်ရှော့တစ်ခုကို တက်ရဖို့ဖြစ်လာခဲ့ပါတယ်။
ဝပ်ရှော့မှာ ပန်းချီတွေရေးဆွဲရင်းနဲ့မှ သူဆွဲတဲ့ပန်းချီတွေက အသက်ဝင်နေတာကိုတွေ့ရတဲ့အတွက် အဘိုးဖြစ်သူကိုပြောပြခဲ့ပါတယ်။
အဲဒီအခါမှာတော့ ငွေလိုနေတဲ့အဘိုးဖြစ်သူက မြေးမရဲ့ထူးခြားတဲ့အစွမ်းနဲ့ငွေရှာခိုင်းခဲ့ပြီး ရှန်နဲလ်ကတော့ အဘိုးခိုင်းတာလုပ်ပေးတဲ့တိုင်အောင် ပန်းချီကို
အနုပညာရှုထောင့်ကနေပဲဆွဲချင်တာကြောင့် မြေးအဘိုးနှစ်ယောက်ကြားမှာ ပြဿနာတွေဖြစ်လာကြပါတော့တယ်။
File size… (1.01 GB) / ( 520 MB)
Quality… WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration….1h 26m
Genre …..Comedy
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by JULY
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။