ဒီတစ်ခါမှာတော့ 2023 ခုနှစ်ထွက် Schlitter
ပြင်သစ်သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
သစ်ဖြတ်သမားသားတွေဖြစ်ကြတဲ့ လူကာနဲ့ မတ်ထီးယာ့စ်တို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပါ။
တစ်နေ့မှာ ကားမောင်းနေတဲ့လူကာရဲ့အဖေဟာ စက်ဘီးစီးနေတဲ့ မတ်ထီးယာစ့်ကို တိုက်မိခဲ့ပါတယ်။
လူကာဟာ အသက်မဲ့နေတဲ့ သူ့သူငယ်ချင်းရဲ့ခန္ဓာကိုယ်ကို သူ့အဖေအစဖျောက်လိုက်တာ
ကားနောက်မှာထိုင်ကြည့်နေခဲ့ရပါတယ်။
သူ့သူငယ်ချင်းသေဆုံးမှုကို ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုလို
တစ်သက်လုံးရေငုံနှုတ်ပိတ်လာရင်း နှစ် ၂၀ ကြာတဲ့အခါ
လူကာဟာ သူ့မိဘတွေရဲ့ အသုဘအတွက် မွေးရပ်မြေကို ပြန်ရောက်လာပါတယ်။
လိပ်ပြာမလုံတဲ့ လူကာဟာ မေ့မေ့ပျောက်ပျောက်နေဖို့ ကြိုစားပေမယ့်
သူမသိတာက သူ့အတိတ်ကလုပ်ရပ်ကို အပြစ်ပေးမယ့်အရာက
စောင့်ကြိုနေတယ်ဆိုတာပါပဲ။ လူကာ ၊ သူ့ကောင်မလေး နဲ့
သူငယ်ချင်း သုံးယောက်သား ဒီအဖြစ်ဆိုးကြားထဲ
ဘယ်လိုရင်ဆိုင်ရုန်းကန်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။
သည်းထိတ်ရင်ဖိုနဲ့ လှည့်ကွက်တွေကြိုက်တဲ့ CM ပရိတ်သတ်တွေအတွက်
Schlitter ပြင်သစ်ရုပ်ရှင်ကို တင်ဆက်လိုက်ရပါတယ်။
File size…1.3 GB / 540 MB
Quality…WEB DL 1080p HEVC / 720p
Format…mkv/mp4
Duration….1h 10m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Morizz
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။