( အဖွင့်ရက်သတ္တပတ်မှာတင် ရုံတင်ဝင်ငွေ ၁.၅ သန်းရရှိထားတဲ့
ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်ပါတယ်။)
အမျိုးသမီးတွေရဲ့ပညာသင်ကြားခွင့်ကိုဖိနှိပ်ထားတဲ့ အာဖဂန်
နစ္စတန်နိုင်ငံမှာ ထက်မြက်တဲ့ရိုယာဆိုတဲ့မိန်းကလေးဟာ
ပညာရေးမှာထူးချွန်ရုံတင်မကဘဲ မိန်းကလေးတွေကိုင်ခွင့်
မရှိတဲ့ကွန်ပျူတာကိုမှကိုင်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ပထမဆုံး
အမျိုးသမီးဆော့ဖ်ဝဲလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ရိုယာဟာ အာဖဂန်အမျိုးသမီးတွေရဲ့ပညာရေးကို
မြေတောင်မြှောက်ပေးချင်တာကြောင့် တစ်ရက်မှာတော့
ပထမဆုံးသောအာဖဂန်အမျိုးသမီးစက်ရုပ်အသင်းကိုဖန်တီးဖို့
စိတ်ကူးရခဲ့ပါတယ်။
အမျိုးသမီးတွေရဲ့ပညာရေးကိုအားမပေးတဲ့အပြင် အရွယ်ရောက်
လာတာနဲ့ မိသားစုဝင်တွေက အိမ်ထောင်ချပေးချင်ကြတဲ့
ရှေးရိုးစွဲအသိုင်းအဝိုင်းကြီးထဲမှာ အမျိုးသမီးကျောင်းသူ
လေးယောက်ကို ခဲရာခဲဆစ်ရှာဖွေသိမ်းသွင်းနိုင်ခဲ့ပေမယ့်
ရိုယာနဲ့အသင်းဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာသွားရောက်
ယှဉ်ပြိုင်ဖို့ တာလီဘန်တွေရဲ့ခြိမ်းခြောက်မှု၊ ငွေကြေးအခက်အခဲ
အစရှိသဖြင့် အတားအဆီးတွေအများကြီးကိုကျော်ဖြတ်ကြရပုံကို
ရိုက်ကူးတင်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။
File size… (1.78 GB) / (1.05 GB)
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….2h
Genre …..Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by JULY
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။