ဒီတစ်ခါ ပရိသတ်တွေကို ခေတ်ဟောင်း ဂန္ထဝင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ခေတ်ဟောင်းတုန်းက နာမည်ကြီးမင်းသား ဂျွန်ဝိန်း(John Wayne ) နဲ့ နာမည်ကြီး မင်းသမီး ကက်သရင်းဟက်ဘန်း( Kath -arine Hepburn) တို့ပါဝင်ထားတဲ့ ဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက စတူးဝပ် မီလာ(Stuart Miller )ပါ။
ဂျွန်ဝိန်းက ရူးစတာကော့ဗန်း ဇတ်ကောင် နဲ့ပဲ ၁၉၆၉ ကရိုက်တဲ့ True Grit မှာ အကောင်းဆုံး အမျိုးသားဇတ်ဆောင် အော်စကာဆုကိုရခဲ့ပါတယ်။
ဇတ်လမ်းအကျဥ်း
ရူးစတာဂျေကော့ဗန်း(ဂျွန်ဝိန်း)ဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး တရားခံတွေကိုသွားဖမ်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး ရူးစတာက အကုန်ပစ်သတ်လိုက်လို့ အလွန်အကျွံအင်အားသုံးတယ် ဆိုပြီး အာကန်ဆောပြည်နယ် အနောက် ခရိုင်တရားရုံးတရားသူကြီးပတ်ကားကသူ့ရဲ့ရဲတံဆိပ်ကိုသိမ်းပြီးအနားပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမြင်းတပ်က သယ်လာတဲ့နိုက်ထရိုဂလစ်ဆရင်းဖောက်ခွဲရေးပစ္စည်းတွေကိုဟော့ခ်လို့ခေါ်တဲ့လူဆိုးနဲ့အဖွဲ့ကရဲကင်းထောက်ဘရီးဒ်ရဲ့အကူအညီနဲ့စစ်သားတွေကိုပစ်သတ်ပြီးလုသွားပါတယ် ။ ရည်ရွယ်ချက်က ဂိုလ်းစထရိုက်မြို့ကဘဏ် ကို လုယက်ဖို့ပါ။
အဲဒါနဲ့ တရားသူကြီးပါတ်ကားက ရူးစတာ ကိုလစာနှစ်ဆအပြင်အပိုဆုငွေနဲ့လာညှိတဲ့အတွက်ရူးစတာကဟော့ခ်ကိုအရှင်ဖမ်းပေးဖို့လက်ခံလိုက်ပါတယ်။ရာဇဝတ်သားကူ ဖမ်းမယ့်အဖွဲ့(ပေါ့ဆီအဖွဲ့)ပေးမယ်လို့လည်းပါတ်ကားကတိပေးပါတယ်။
ဟော့ခ်တို့လူသိုက်က ဖို့ဒ်ရူဘီဆိုတဲ့ နယ် သစ်အခြေချတွေနေတဲ့ရွာကိုရောက် လာပြီး ခရစ်ယာန်တရားဟောဆရာနဲ့ အင်ဒီးယန်းတွေကိုသတ်လိုက်ပါတယ်။
တရားဟောဆရာရဲ့သမီးမစ္စယူးလာဂွတ် နိုက်နဲ့(ကက်သရင်းဟက်ဘန်း)အင်ဒီးယန်းကောင်လေးဝံပုလွေတို့ကျန်ခဲ့ပြီးရူးစတာနဲ့တွေ့ပါတယ်။ရူးစတာကအမျိုးသမီးတစ်ယောက်တည်းနေဖို့မသင့်တော်ဘူးဆိုပြီး သူတို့နှစ်ယောက်ကိုခေါ်သွားပါတယ်။
သူ့အသိ ကုန်စုံဆိုင်မှာသူတို့နှစ်ယောက်ကို ရူးစတာကအပ်ခဲ့ပေမဲ့မစ္စယူးလာကလူဆိုး ဖမ်းတာမှာရူးစတာကိုကူညီဖို့နောက်က လိုက်လာလို့ရူးစတာကလက်မခံချင်ပဲလက်ခံလိုက်ရပါတယ်။
ဘာသာတရားကိုင်းရှိုင်းပြီး သမ္မာကျမ်းစာ ကစာတွေကိုရွတ်ပြတတ်တဲ့ မစ္စယူးလာ နဲ့ ဖြစ်သလိုနေတတ်တဲ့လူကြမ်းကြီးရူးစတာတို့အဆင်ပြေပါ့မလားသူတို့နှစ်ယောက်ရဲ့အကျင့်စရိုက်ကဘယ်လိုရှိလဲလူဆိုးတွေအကြံအောင်မလားဘာတွေဆက်ဖြစ် မလဲဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါ တယ်။
ကြိုက်တဲ့အချက်
Legend နှစ်ယောက်ရဲ့ သရုပ်ဆောင် တာနဲ့စကားပြောတာကိုကြိုက်ပါတယ်။ စကားအချီအချပြောတာစကားစစ်ထိုးတာတွေက ဇတ်ကောင်စရိုက်ကိုပေါ်လွင်စေ ပြီး ဆွဲဆောင်မှုရှိပါတယ်။ ကတ်သရင်း ဟက်ဘန်းကိုတော်တော် သဘောကျမိပါတယ်။
ရုပ်ရှင်ကို အမေရိကန်တောင်ပိုင်း အော်ရီဂွန်ပြည်နယ်မှာ ရိုက်ကူးထားပါ တယ်။ အော်ရီဂွန်ပြည်နယ်က တောင် တန်းတွေ မြစ်တွေရဲ့အလှကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်က ပေးတဲ့ message လေး ကိုကြိုက်ပါတယ်။ မိန်းမသားဖြစ်ပေမဲ့ စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘယ်အချိန်ဘာလုပ် ရမယ်ဆိုတာ ပင်ကိုယ်သိစိတ်နဲ့လုပ်တတ် သူနဲ့အပြင်ပန်းမှာပစ်စလက်ခတ်ဖြစ်နေပေမယ့်နှလုံးသားလှတဲ့သူတွေရဲ့အကြောင်းပါ။
“လူသည်မျိုးစေ့ကြဲသည့်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်”
“ မြေကြီးက မြေကြီးသို့ ပြာက ပြာသို့ ဖုန်မှုန့်မှ ဖုန်မှုန့်သို့”
“ဒီကမ္ဘာကိုကျွန်မတို့ဘာတစ်ခုမှယူမလာခဲ့ဘူး ပြီးရင်ဒီကမ္ဘာကနေကျွန်မတို့ဘာတစ်ခုမှယူမသွားနိုင်တာသေချာတယ်”
ဟုတ်ပါတယ် အပေါ်ယံအကာတွေနဲ့ တုပြိုင်ပြီးလောဘဒေါသနဲ့ ဆူပွက်နေတဲ့ ကမ္ဘာကြီးမှာ သေခြင်းဆိုတာရှောင်လွှဲ လို့မရတောင် စစ်မှန်တဲ့ မေတ္တာတရား ရိုးသားဖြောင့်မတ်မှုနဲ့ လူပီသပြီးကိုယ့်သ မိုင်းကို ရေးထိုးနိုင်ဖို့ ကြိုးစားကြရမှာပါ။
File size…(2 GB)/(1 GB)
Quality….Blu-Ray 1080p / 720p
Format… mp4
Duration…. 01:48:00
Genre… Adventure, Drama, Western
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Khin Sakar Khin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။