Channel Myanmar

Romeo Ingkar Janji (2024)

N/A    

1h 53m DramaRomance

7
IMDB: 7/10 votes

, , , , , , ,

Indonesian

93412

Report error

Romeo Ingkar Janji (2024)

ယခုတစ်ခါမှာတော့ အင်ဒိုနီးရှား အချစ်ရိုမန့်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။

442

အာဂသာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်၊ သူကတော့ မိဘတွေက
ကွာရှင်းထားရပြီးတော့ သူ့ကိုလည်း မိသားစုက ဂရုမစိုက် သူရှိတယ်လို့ကို
မသတ်မှတ်ထားကြအောင်ကို ပစ်ပယ်ထားခံရလို့ ဒီလောကကြီးမှာ
မွေးမလာရင်ကောင်းမှာပဲလို့ တွေးနေတတ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။

သူဟာ အမြဲ သေချင်တယ်စကားပဲ ပြောနေတတ်တဲ့ကောင်မလေးလည်းဖြစ်ပြီးတော့
သူ့အတွက်ဆိုရင် ဘယ်သူမှ မရှိဘူးလို့ သတ်မှတ်ထားတဲ့သူတစ်ယောက်ပါ။

ဒါပေမဲ့ အာဂသာ့ဆီမှာ ရှားရှားပါးပါး ရူနာလို့ခေါ်တဲ့ သူငယ်ချင်းမလေး ရှိနေပါတယ်။
ဘဝမှာ ဘယ်သူမှမရှိတဲ့အာဂသာ့အတွက်တော့ ရူနာက ရင်ဖွင့်ရာ ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့သူတစ်ဦးပေါ့။

အာဂသာတစ်ယောက် အဘွားဖြစ်သူနဲ့ ရန်ဖြစ်စကားများရင်း အိမ်အပြင်ကို ထွက်လာရာကနေ
ဓာတ်ပုံမရိုက်ရနေရာမှာ ပုံဆွဲနေတဲ့ တက်တူးဆရာလေး ရိုမီယိုနဲ့ဆုံကြပါတယ်။
ဆုံမိတာက ခဏတစ်ဖြုတ်လေးဆိုပေမယ့်လည်း ကံကြမ္မာက တွေ့ဆုံဖို့ အကြောင်းဖန်လာတော့
ဘားမှာထပ်ပြီးတော့ ဆုံကြရင်း အချင်းချင်း ရင်းနှီးတဲ့အဆင့်ကို ရောက်သွားပါတော့တယ်။
ရိုမီယိုဆိုတဲ့ တက်တူးဆရာလေးမှာလည်း သူ့အပေါ်မှာ အမြဲအဆင်သင့်ရှိနေပေးတဲ့
ဒါယုဆိုတဲ့ သူငယ်ချင်းမလေးက ရှိနေပြန်ပါသေးတယ်။

အာဂသာ, ရိုမီယိုနဲ့ ဒါယုတို့ ၃ယောက်သားရဲ့ အချစ်ဇာတ်လမ်းလေးက
ဘယ်လိုတွေ ဆက်ပြီးတော့ ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Yunni တို့ပဲဖြစ်ပါတယ်)

File size… 1.5 GB / 752 MB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….1h 53m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by ToMo~V~Yunni



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Romeo Ingkar Janji (2024)


No downloads available

Genres



Related movies