Real (2017)
************
ကိုးရီးယားရဲ့ နာမည်ကျော် မင်းသား Kim Soo Hyun နဲ့ မင်းသမီး Sulli တို့
အဓိကပါဝင်သရုပ်ဆောင်ထားပြီး US$ 7 သိန်းအကုန်အကျခံရိုက်ကူးခဲ့တဲ့ Action
ဇာတ်ကားဖြစ်ပါတယ် .. ။
ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ Suzy, IU , Ahn Soo He နဲ့
မင်းသား Park Seo Joon တို့ကလည်း Cameo အနေနဲ့ ပါဝင်ထားပေးပါသေးတယ်။
Suzy ဆိုရင် ဆေးမှင်ကြောင်ထိုးပေးတဲ့အမျိုးသမီးအဖြစ် စက္ကန့်ပိုင်းလေး သရုပ်ဆောင်ဖို့ကို
၁၂နာရီလောက် အချိန်ကုန်ခံပြီး ယာယီတက်တူးတွေ တစ်ကိုယ်လုံးမှာ ဆေးခြယ်ပြီးမှကို
သရုပ်ဆောင်ပေးခဲ့တာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ..
***********************
ဂျန်ထယ်ယောင်းဆိုတဲ့ သတင်းရေးဆရာတစ်ယောက်က မူးယစ်ဆေးစွဲနေပြီး ဝေဒနာခံစား
နေရတဲ့ သူ့ရဲ့ချစ်သူကို မကြည့်ရက်လို့ သတ်ပစ်မိသွားခဲ့ရာကနေ ခန္ဓာကိုယ်တစ်ခုတည်းမှာတင်
စိတ်နှစ်မျိုးကွဲသွားတဲ့ ဝေဒနာလိုစတင်ခံစားလာရတယ် .. ။
ကြမ်းတမ်းခက်ထန်တဲ့ ဂျန်ထယ်ယောင်းက နောက်ထပ်စိတ်ခွဲတစ်ခုအနေနဲ့ ပေါ်လာခဲ့ပြီး
အဲဒီဝေဒနာကိုကုသဖို့ စိတ်ရောဂါဆရာဝန်နဲ့ ကုသရင်း ကြမ်းတမ်းတဲ့စိတ်ဖြစ်လိုက်
နူးညံ့တဲ့စိတ်ဖြစ်သွားလိုက်နဲ့ ပြောင်းလဲနေခဲ့ပါတယ် .. ။
တစ်နေ့ နူးညံ့တဲ့ဂျန်ထယ်ယောင်းဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ လုပ်ခဲ့ပေမဲ့
ဆရာဝန်က တားလိုက်နိုင်ပြီး ကုသနည်းတစ်မျိုးနဲ့ ကုသပေးခဲ့ပါတယ် .. ။
ကုသနည်းကတော့ အသက်ရှူရုံသာရှိတော့တဲ့ သေခါနီးလူနာတစ်ယောက်ကို ဂျန်ထယ်ယောင်း
အကြောင်းတွေ ပြောပြ brainwash ပြီး အဲဒီလူကို သတ်ပစ်လိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်
သတ်သေချင်နေတဲ့ နူးညံ့တဲ့စိတ်က ပျောက်ကွယ်သွားပြီး ခက်ထန် ကြမ်းတမ်းတဲ့
ဂျန်ထယ်ယောင်းသာ ကျန်ခဲ့မှာပဲဖြစ်ပါတယ် .. ။
ဒါပေမဲ့စီစဉ်ထားသလိုဖြစ်မလာဘဲ မေ့မြောနေတဲ့လူနာက မသေဘဲသူတို့ရဲ့ brainwash
လုပ်မှုတွေကြောင့် သူ့ကိုယ်သူဂျန်ထယ်ယောင်းလို့ ထင်သွားခဲ့တယ် .. ။
မေ့မြောနေတဲ့သူဟာလည်း သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်တာကြောင့် ဂျန်ထယ်ယောင်းနဲ့
အသံမျက်နှာ အလေ့အကျင့်တွေကအစ တူညီအောင်လိုက် အတုခိုးပြီး သူ့နေရာကို ပြန်ယူဖို့
ကြိုးစားပါတော့တယ် .. ။
သူတို့နှစ်ယောက်ထဲမှာ ဘယ်သူကတကယ့်အစစ်အမှန် ဂျန်ထယ်ယောင်းဖြစ်သွားမလဲဆိုတာ
ကြည့်ရှုလိုက်ကြပါဦးနော် .. ။
File size…2.67GB / 922MB
Quality… BluRay 1080p/ 720p
Format…mp4
Duration….2h 18m
Genre ….. Action, Thriller, Drama
Subtitle….Myanmar Subtitle (Hard Sub)
Translated by Vanessa, Khin Ni & Nyein Sandi
Encoded by AHtet
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။