Patriots Day (2016)
~ IMDb – 7.3/10, RT – 80%, Meta – 69% ~
Patriot Day ဆိုတာကတော့ အသက်ဆုံးရှုံးသွားတဲ့ သူရဲကောင်းတွေ နစ်နာသူတွေကို အောက်မေ့တသပြုကြတဲ့နေ့ပါပဲ။ ၂၀၁၃ ဧပြီ ၁၅ရက်တုန်းက ဘော်စတွန်မာရသွန်ပွဲမှာ ဗုံးနှစ်လုံးပေါက်သွားခဲ့တယ်။ အဲဒီအဖြစ်ဟာ တော်တော်ဟိုးလေးတကြော်ဖြစ်သွားခဲ့သလို မူရာကာမိကလည်း အက်ဆေးတစ်ပုဒ်ထဲ ဒီကြောင်းထဲရေးခဲ့ဖူးတယ်။ ဒီဇာတ်လမ်းကတော့ ဒီဘော်စတွန်မာရသွန်ဗုံးကွဲမှုနဲ့ အဲဒီနောက်ပိုင်း အကြမ်းဖက်ကို လိုက်ဖမ်းကြတဲ့အကြောင်းကို ရိုက်ပြထားတယ်။ Casey Sherman နဲ့ Dave Wedge တို့ရဲ့ Boston Strong ဆိုတဲ့ စာအုပ်ကို Lone Survivor နဲ့ Hancock တို့ရဲ့ ဒါရိုက်တာ Peter Berg က ပြန်ရိုက်ထားတယ်။ သရုပ်ဆောင်တွေကတော့ Mark Wahlberg, J. K. Simmons နဲ့ Kevin Bacon တို့အပြင် Michelle Monaghan နဲ့ Melissa Benoist တို့လို အလှလေးတွေလည်းပါတယ်။
ရုပ်ရှင်ကတော့ ဘော်စတွန်မာရသွန်အကြမ်းဖက်တိုက်ခိုက်မှုနဲ့ အကြမ်းဖက်သမားတွေကို ဖမ်းတဲ့အကြောင်းပဲဆိုပေမဲ့ ဒီအဖြစ်က ဘယ်လောက်ဆိုးလဲသိရဖို့က ဘော်စတွန်မာရသွန်အပေါ် အပြေးသမားတွေရဲ့ခံစားချက်ကို သိတာပိုကောင်းမယ်ထင်လို့ မူရာကာမိရဲ့ ဘော်စတွန်အက်ဆေးကို သူရိန်ဝင်းဘာသာပြန်ထားတဲ့ ဗားရှင်းထဲက ကောက်နုတ်အပိုဒ်တွေကို ဆက်တင်ပြသွားပါမယ်။
“ပေါက်ကွဲတဲ့နေရာမှာ လူတွေအများကြီး ကိုယ်ကာယ ထိခိုက်ဒဏ်ရာရကြတယ်။ ဒါပေမဲ့ အခြား အခြေအနေတွေနဲ့ ပိုထိခိုက်ဒဏ်ရာရကြမှာ၊ သန့်ရှင်းစင်ကြယ်ရမယ့် တစ်စုံတရာဟာ ညစ်နွမ်းသွားရတယ်။ ပြီးတော့ “ကိုယ့်ကိုယ်ကိုယ် အပြေးသမားလို့သတ်မှတ်ထားတဲ့ ကမ္ဘာသားတစ်ဦး” ကျွန်တော်ကိုယ်တိုင် ထိခိုက်ခံစားရတယ်။ ဝမ်းနည်းကြေကွဲမှု စိတ်ပျက်စိတ်ထိခိုက်မှုဒေါသနဲ့ စိတ်ပျက်ရခြင်းတွေ ဒီလိုပေါင်းစုနေတာ ပျက်ကြယ်သွားဖို့ မလွယ်ပါဘူး။
စိတ်ခံစားမှုဒဏ်ရာတွေက တူချင်မှတူမှာပါ။ ပြောရရင် တကယ့်နာကျင်မှုဟာ အချိန်တစ်ခုလွန်ပြီးမှ စခံစားရတာ၊ ဖြစ်ပျက်စမှာ ထိတ်လန့်ချောက်ချားရတာကို ကျော်လွန်ပြီး အခြေအနေတွေ စတည်ငြိမ်လာပြီးမှ ခံစားရတာပါ။ မတ်စောက်တောင်ကုန်းကို ဖြတ်ကျော်ပြီး ပြန့်ပြူးတဲ့မြေပြင်ကိုရောက်မှပဲ အဲဒီကိုရောက်တဲ့အထိ ဘယ်လောက်နာကျင်ခဲ့ရတာ စသိရတာ။ ဘော်စတွန်ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒီလိုကာလရှည်ကြာ စိတ်ထိခိုက်မှုမျိုး ကျန်ကောင်းကျန်ခဲ့နိုင်တာပဲ။
ဘာကြောင့်လဲ ကျွန်တော်မမေးဘဲ မနေနိုင်ဘူး။ မာရသွန်လိုပျော်ရွှင်အေးချမ်း အခါသမယမှာ ဒီလိုဆိုးရွားသွေးစွန်းတဲ့နည်းနဲ့ ဘာကြောင့်နင်းချေရတာလဲ။ ကျူးလွန်သူတွေဟာ ဘယ်သူဘယ်ဝါရယ်လို့ သိသွားပေမဲ့လည်း ဒီမေးခွန်းအတွက် အဖြေတွေက ဝေဝါနေတုန်းပဲ။
အသက်ဆုံးပါးရသူတွေ ဘောယဲလ်စတန်လမ်းမှာ ဒဏ်ရာရခဲ့သူတွေအတွက် ကျွန်တော်နေ့စဉ်နေ့တိုင်းပြေးရင်း ဝမ်းနည်းကြေကွဲရတယ်။ ဒါက သူတို့ဆီ ပါးနိုင်တဲ့ ကျွန်တော့်သတင်းစကားပါပဲ။ ဒါဟာ ဘာမှမဟုတ်တာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသံရောက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဘော်စတွန်မာရသွန်ဟာ သူ့ဒဏ်ရာတွေ အနာပြန်ကျက်လာမယ်။ အဲဒီ၂၆မိုင်ဟာ လှလှပပ သဘာဝကျကျ လွတ်လွတ်လပ်လပ် ပြန်ဖြစ်လာဦးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။”
(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 6.5GB, 1.4GB, 830MB
Quality – BluRay HEVC 4K, 1080p, 720p
IMDb Rating – 7.3/10
Format – mp4
Duration – 2H 13Min
Genre – Action, Crime, Drama, History, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by 666
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။