Channel Myanmar

Content at random


Movies

SEE ALL
Chuck Billy and The Marvelous Guava Tree (2024) 7.5
Chuck Billy and The Marvelous Guava Tree (2024)  ဒီကားလေးကတော့ 2024ခုနှစ်မှာထွက်ထားတဲ့ဘရာဇီးကားလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးဟာ Chuck ဆိုတဲ့ စိတ်ကူးယဥ်ဆန်တဲ့ကလေးတစ်ယောက်ဟာ သူဘဝအကြောင်းကို ပုံပြင်လိုပြန်ပြောပြတဲ့ပုံစံဖြင့်ရိုက်ကူးထားတာဖြစ်ပါတယ်။Chuck ဟာ မာလကာသီးကို မိခင်ဝမ်းတည်းကအရမ်းတောင့်တသူဖြစ်ပြီး ကြီးလာတဲ့အခါမှာလည်းမာလကာသီးကို အရမ်းစွဲလမ်းတဲ့သူဖြစ်လာပါတော့တယ်။သူ့ရဲ့တစ်နေ့တာကို သူ့ရွာမှာရှိတဲ့လူကြီးတစ်ယောက်ရဲ့သစ်သီးခြံကမာလကာသီးကို သွားခိုးခူးစားရင်းအချိန်ကိုကုန်ဆုံးလေ့ရှိပါတယ်။Chuckက ခေါင်းမာတဲ့သူဖြစ်ပြီး သူများစကားကိုနားမထောင်ဘဲ လုပ်ချင်ရာလုပ်တတ်သူမျိုးဖြစ်ပါတယ်။တစ်နေ့မှာ ရွာမှာရှိတဲ့သူဌေးတစ်ယောက်က ရွာဖွံ့ဖြိုးဖို့လမ်းဖောက်ရန် ရွာကလူတွေကိုစည်းရုံးပါတော့တယ် ။ပြဿနာကတော့လမ်းဖောက်ရင် မာလကာသီးပင်ကိုဖြတ်ပြီးဖောက်ရမှာဖြစ်လို့ အပင်ကိုခုတ်ပစ်ဖို့ကြိုးစားကြတဲ့အခါ Chuckဟာ သူတွေးနိုင်တဲ့နည်းလမ်းတွေနဲ့တားဖို့သူငယ်ချင်းတွေနဲ့ကြိုးစားပါတော့တယ်။Chuckနဲ့ သူငယ်ချင်းတစ်စုက တကယ်ပဲ လမ်းခင်းတာကိုတားနိုင်မှာလား.....လမ်းခင်းရခြင်းရဲ့နောက်ကွယ်မှာဘာတွေရှိနေမှာလဲ.....သူ့ရဲ့ပုံပြင်လေးက အဆုံးသတ်မှာဘယ်လိုဖြစ်သွားမှာလဲကိုကြည့်ရှူနိုင်မှာဖြစ်ပါတယ်.....ဒီကားလေးမှာ ရွာရဲ့အလှတရားတွေ ရွာကလေးမှာကလေးတစ်ယောက်အဖြစ် နေရတဲ့ခံစားချက်မျိုးလေးတွေကို ခံစားပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးကားမျိုးကြည့်ချင်တယ်ဆိုရင်တော့ဒီကားလေးကိုကြည့်ဖို့ ညွှန်းပါတယ်ဗျာ။   File size… (1.66GB) / (951MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie

Chuck Billy and The Marvelous Guava Tree (2024)

Bonnie (2024) 7.4
Bonnie (2024)  ဒီ Bonnie ဆိုတဲ့ဇာတ်ကားလေးက 2024 ကထွက်ခဲ့တဲ့အင်ဒိုဇာတ်ကားလေးဖြစ်ပါတယ် Action,Drama &High school life Genre ဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း ++++++++ယောက်ျားဖြစ်သူ ရန်ပွဲမှာ သေဆုံးသွားလို့ တစ်ချိန်လုံးအရက်သောက်,လောင်းကစားလုပ်နေတဲ့ အမေကိုစိတ်နာပြီးကိုယ်ခံပညာကလည်း တတ်တော့သူ့ရဲ့မကျေနပ်ချက်တွေကိုလက်သီးသုံးပြီး ဖြေရှင်းတတ်တဲ့ကျောင်းသူ ကောင်မလေးတစ်ယောက်ရဲ့အ‌ကြောင်းပါ...သူက မတရားအနိုင်ကျင့်တာတွေ မိန်းကလေးတွေအပေါ်ဖိနှိပ်တာတွေ, sexual assault လုပ်တတ်တဲ့ကောင်မျိုးတွေနဲ့ဆုံတိုင်း မနက်‌မှာတွေ့ရင် ဟဲ့ကောင်တွေ မနက်စာစားနေကြတာလားလို့မေးပြီး ဗျင်းလိုက် , ညတွေ့ရင် ညစာစားနေတာလားမေးရင်းနဲ့ တီးလွှတ်လိုက်နဲ့ အကုန်ပတ်တီးနေတဲ့ပတ်တီးလေးဆိုတော့ ကျောင်းတွေလည်း ဒီနေ့စတက် မနက်ဖြန်ထွက်ဆိုသလို ခဏခဏပြောင်းရတဲ့ Main Lead ကောင်မလေးရဲ့ဇာတ်လမ်းပါ ဇာတ်ကြောင်းက အင်မတန်ရိုးရှင်းပြီး run-timeသိပ်မကြာဘူးဆိုတော့ ဇာတ်လမ်းအကြောင်းတော့ အများကြီးမပြောတော့ပါဘူး ပေးရတဲ့အချိန်နဲ့ ပြန်ရတာနဲ့ တန်တယ်လို့ယူဆလို့ရပါတယ်...Main Lead ဖြစ်တဲ့ Bonnie နေရာမှာသရုပ်ဆောင်တဲ့Livi Ciananta ဆိုတဲ့မင်းသမီးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပြီးတော့ဒီဇာဝာ်ကားအတွက်မင်းသမီးကိုယ်တိုင် StuntသမားမသုံးပဲMartial Arts training တွေကိုယ်တိုင်အချိန်ပေးလေ့ကျင့်ပြီးအင်ဒိုနီးရှားမှာ နာမည်ကြီးတဲ့ ဒါရိုက်တာတွေနဲ့ ...
movie

Bonnie (2024)

New Trial (2017) 6.8
New Trial (2017)   တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် သြဂုတ်လ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်လူသတ်မှုတစ်ခုမှာ မတရားစွပ်စွဲခံရတဲ့လူငယ်လေးတစ်ဦး ပြစ်ဒဏ်ကျခံပြီးတာတောင် အာမခံ ကုမ္ပဏီ တစ်ခုက လျော်ကြေးငွေ ပြန်တောင်းပါတယ် ဒါကို စွပ်စွဲခံလူငယ်လေးရဲ့အမေက ရှေ့နေငှားဖို့ကြိုးစားတဲ့အခါမှာ လောလောလတ်လတ် အလုပ်လက်မဲ့ဖြစ်နေတဲ့ လောဘသားကောင် ရှေ့နေတစ်ယောက် နဲ့ဆုံဖြစ်ခဲ့ကြပါတယ်အဲ့ဒီရှေ့နေကတော့ ဒီအမှုကို လက်ခံပေးရင်းနဲ့ပဲ အမြင်မှန်ရလာကာ ရှေ့နေကောင်း တစ်ယောက်ဖြစ်လာပြီး သူ့အမှုသည်ရဲ့ နာမည်ဆိုးကို ပယ်ဖျက်ပေးဖို့ကြိုးစားပါတော့တယ် ဒါပေမဲ့လည်း အမှုက ၁၀ နှစ်ကျော် ကြာနေတဲ့ အမှုဖြစ်တာကြောင့် ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့ရမလဲ သူ့အမှုသည်ရဲ့အမည်ဆိုးကိုရော ပယ်ဖျက်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက် ခံစားပေးကြပါဦးဗျာ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Scrn ဖြစ်ပါတယ်) File size…(1.8 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:59:00 Genre... True Crime, Crime, Drama Subtitle….Myanmar Subtitle ...
movie

New Trial (2017)

2017
Monster Awakens (2024) 5.0
Monster Awakens (2024)  ဘရီ တို့ သားအဖနှစ်ယောက်က အမေရိကန်မြောက်ပိုင်းရဲ့နှင်းတွေအမြဲဖုံးလွှမ်းနေပြီး အေးချမ်းတဲ့ ဒေသတစ်ခုမှာနေထိုင်ကြတယ်။ အမေ မရှိတော့တဲ့ အဖေတစ်ခု သမီးတစ်ခုဘဝမို့ အဖေဖြစ်သူက ဘရီ့ကို အစစအရာရာ ဂရုစိုက်ပေးပါတယ်။ တစ်ရက်မှာတော့ အဖေဖြစ်သူက တခြားမြို့မှာအလုပ်သွားလုပ်ဖို့ရှိလို့ သမီးဖြစ်သူ ဘရီကို အိမ်ထဲမှာပဲသော့ပိတ်ပြီးနေဖို့ မှာရင်း ထွက်သွားတယ်။ဓာတ်ပုံဝါသနာအိုးလေးဖြစ်တဲ့ ဘရီကတော့ အဖေဖြစ်သူစကားကို နားမထောင်ပဲ နှင်းတွေဖုံးနေတဲ့ တောအုပ်ထဲကိုဓာတ်ပုံရိုက်ဖို့ထွက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ထောင်သားတစ်ယောက်ကို လွှဲပြောင်းဖို့သယ်လာတဲ့ ရဲကားဟာ ဘရီတို့ မြို့ကို ဖြတ်နေစဥ်မှာပဲကားပျက်ပြီး ထောင်သားက ထွက်ပြေးသွားတယ်။ဒီသတင်းကို ကြားလိုက်ရတဲ့ အဖေဖြစ်သူက သမီးဖြစ်သူကိုစိတ်ပူတာကြောင့် အိမ်အမြန်ပြန်လာခဲ့ပါတယ်။ဒီလိုနဲ့ သမီးဖြစ်သူကို အိမ်မှာမတွေ့တဲ့နောက်မှာ အဖေဖြစ်သူလည်း သမီးကို ရှာဖို့ တောထဲကိုလိုက်လာပါတော့တယ်။ဒီလိုနဲ့ပဲတောထဲမှာ ထူးဆန်းထွေလာ သဘာဝလွန်ဖြစ်ရပ်တွေကိုကြုံတွေ့လာရတဲ့အခါမှာတော့ ...  File size… (1.25GB) / (666MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 14m Genre ...
movie

Monster Awakens (2024)

My Ex (2009) 5.4
My Ex (2009)  နာမည်ကြီးမင်းသား ခန်က မိန်းကလေးတိုင်း ဒိတ်ချင်နေတဲ့သူတစ်ဦးပေါ့သူလိုချင်တဲ့ မိန်းကလေးတိုင်းနဲ့တွဲပြီး တာဝန်မယူဘဲထားပစ်နေကျသူတစ်ယောက်မို့ သူရဲ့ရည်းစားဟောင်းတွေဖြစ်တဲ့ မင်နဲ့ဘိုကိုလည်း ကိုယ်ဝန်ရတာတောင် မယူခဲ့ပါဘူးသူအတည်တွဲပြီး မီဒီယာရှေ့ချပြခဲ့တဲ့ ဖလွိင်ဆိုတဲ့ မင်းသမီးက အဖြစ်ဆိုးနဲ့ကြုံခဲ့ရပြီးနောက်မှာ သူ့ရဲ့မန်နေဂျာ နာမစ်ဆိုသူကလည်း ကမ်းခြေကအိမ်မှာ သေဆုံးတာ တွေ့ခဲ့ရတယ် ခန်ရဲ့ဘေးပတ်လည်ကသူတွေလည်း သေဆုံးခဲ့ရတာကြောင့် ဘာကြောင့်လဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Lei Wutyi Tun
movie

My Ex (2009)

2009
Woodwalkers (2024) 5.3
Woodwalkers (2024)  Woodwalkers (2024)IMDb Rating (5.3) ဒီဇာတ်လမ်းထဲမှာတော့ လူသားအသွင်ပြောင်းနိုင်တဲ့ Woodwalkersလို့ခေါ်တဲ့ အကောင်တွေနဲ့ လူသားတွေက ယှဉ်တွဲနေနေကြတယ်။Woodwalkerတွေဟာ လူသားအသွင်လည်းပြောင်းနိုင်သလို တိရိစ္ဆာန်အသွင်လည်းပြောင်းနိုင်တာမို့ သူတို့ဟာ လူသားတွေနဲ့ တိရိစ္ဆာန်တွေကြားက မျှခြေကို ထိန်းသိမ်းပေးနေတဲ့လူတွေလို့ပြောလို့ရတယ်။တစ်နိုင်ငံလုံးမှာ တကွဲတပြားဖြစ်နေပြီး လူသားတွေနဲ့ သဟဇာတမဖြစ်နေတဲ့ Woodwalkerတွေကို လေ့ကျင့်ပေးဖို့ ကလီးယားဝါးတားလို့ခေါ်တဲ့ကျောင်းတစ်ကျောင်းရှိတယ်။အဲဒီကျောင်းမှာ တောင်ခြင်္သေ့ကနေ လူသားအသွင်ပြောင်ထားတဲ့ Woodwalkerဖြစ်တဲ့ ကောင်လေး သူငယ်ချင်းအသစ်တွေရလာသလို လူသားတွေကို ဖျက်ဆီးချင်တဲ့ Woodwalkerတွေကို တားရတာတွေကို ရိုက်ပြထားတယ်။ဟယ်ရီပေါ်တာတို့ဘာတို့လို မတူတဲ့ကမ္ဘာတစ်ခုကိုရိုက်ပြထားတဲ့ Fantasy ကားဆိုတော့ လူငယ်တွေတော်တော်များများကြိုက်မယ့်ပုံစံပါပဲ။ Friendship တွေ ဘာတွေကိုလည်း အသားပေးထားတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2.9 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Family,Fantasy Duration….01:43:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

Woodwalkers (2024)

2024
Memories of a Burning Body (2024) Memorias de un cuerpo que arde 6.9
Memories of a Burning Body (2024) Memorias de un cuerpo que arde  Memories of a Burning Body (2024)IMDb Rating (6.9) Memories of a burning body က အသက် 60 နဲ့ 70 ကြား အမျိုးသမီးသုံးယောက်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ လူမှုအသိုင်းအဝိုင်းထဲက အမျိုးသမီးတစ်ဦးရဲ့ ဘဝအတွေ့အကြုံတွေကို ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းဆိုတာထက် Documentary interview ပုံစံဖြစ်ပြီး အမျိုးသမီးသုံးယောက်ရဲ့ဘဝဇာတ်ကြောင်းကို ဇာတ်ကောင်တစ်ယောက်တည်းအနေနဲ့ 12 အရွယ် ကလေးမလေး၊ လူလတ်ပိုင်း အမျိုးသမီးနဲ့ 65 နှစ်အရွယ် တစ်ခုလပ်အနေနဲ့ ဘဝအဆင့် သုံးဆင့်ဆိုပြီး ပြသထားပါတယ်။လူ့ဘောင်အဖွဲအစည်းက အမျိုးသမီးတွေရဲ့ ကြီးပြင်းလာပုံ၊ ဖိနှိပ်ခံရမှုတွေနဲ့ ရှောင်ကြဉ်သင့်တဲ့အရာအဖြစ် မှားယွင်းသင်ယူခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတွေအကြောင်းကို လက်တွေ့ဖြစ်ရပ်မှန်ဘဝတွေနဲ့ မှန်ကန်တိကျအောင် ဖော်ပြထားပြီး အမျိုးသမီးတိုင်း ကြည့်ရှုသင့်တဲ့ Womanhood documentary တစ်ခုပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo ...
movie

Memories of a Burning Body (2024) Memorias de un cuerpo que arde

2024
Cidade Rabat (2024) 6.3
Cidade Rabat (2024)  Cidade Rabat (2024)IMDb Rating (6.3) Cidade Rabat (2023) က Susana Nobre ရိုက်ကူးခဲ့တဲ့ လွမ်းဆွတ်ပူဆွေးမှု၊ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲမှုနဲ့ သက်လတ်ပိုင်းအရွယ်ရဲ့ အခက်အခဲတွေကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ပေါ်တူဂီ ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းက Raquel Castro သရုပ်ဆောင်ထားတဲ့ သူမ၏အမေ သေဆုံးမှုနဲ့ ဘဝရဲ့ ရှုပ်ထွေး‌မှုတွေကြား ရှင်သန်နေရတဲ့ အသက် ၄၀ အရွယ် ရုပ်ရှင်ထုတ်လုပ်ရေး မန်နေဂျာ  Helena အကြောင်းကို ရိုက်ကူးထားပါတယ်။Plot OverviewHelena ရဲ့ဘဝက လုပ်ငန်းတာဝန်တွေအပြည့်နဲ့ ယန္တရားကြီးတစ်ခုလိုပဲ။ ဆယ်ကျော်သက် သမီးလေးကို ပျိုးထောင်ရ၊ ရုပ်ရှင်ရိုက်ကူးရေး အလုပ်ရဲ့ ပြဿနာ တောင်းဆိုချက်တွေကိုလည်း ဖြေရှင်းရ၊ ဒီလို အလုပ်တွေပိနေတဲ့ကြားထဲ မိခင်ဖြစ်သူကပါ ဆုံးပါးပြီး ဈာပနပွဲတာဝန်တွေပါ ပေါ်လာခဲ့တယ်။သူမရဲ့ အမေ သေဆုံးမှုက Helena ကို မိဘမဲ့တစ်ယောက်ရဲ့ ခံစားချက်တွေ ...
movie

Cidade Rabat (2024)

2024
The Jackpot (2024) De jackpot 4.8
The Jackpot (2024) De jackpot  The Jackpot (2024)IMDb Rating (4.8) ဒီဒတ်ချ်ရုပ်ရှင်ကတော့ ယောက်ျားနှစ်ယောက်အကြောင်းပါပဲ။ တစ်ယောက်က အထိန်းအကွပ်မရှိ အသုံးအဖြုန်းကြီးတဲ့ ဘဝမှာ အားလုံးကိုအချိန်ပေးနေတဲ့ ယောက်ျား။ တစ်ယောက်က အရာရာကို စည်းစမနစ်ကျကျနဲ့ ဘဝမှာ ဘယ်သူ့အတွက်မှ အချိန်မပေးနိုင်တဲ့ယောက်ျား။သူတို့၂ယောက်ဟာ မတူညီတဲ့ဘဝပုံစံမျိုး မတူညီတဲ့အကျင့်စရိုက်မျိုးရှိနေပေမဲ့ တူညီတာတစ်ခုကတော့ သူတို့ရဲ့နေပုံထိုင်ပုံဟာ သူတို့မိသားစုကို စိတ်ကင်ဆာပေးနေတယ်ဆိုတာပါပဲ။သူတို့ဟာ တစ်ယောက်က တစ်ယောက်ကို မကောင်းတဲ့ကောာင်လို့မြင်ကြပေမဲ့ သူတို့ကိုယ်စီရဲ့မကောင်းတဲ့အချက်တွေကိုတော့ သူတို့မမြင်နိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သူတို့မိသားစုတွေဟာ သူတို့နဲ့ ဝေးဝေးသွားကာမှ သူတို့ကိုယ်သူတို့ ပြန်မြင်လာရင်း အရာရာကိုပြန်ပြင်ဖို့ကြိုးစားကြတဲ့ ယောက်ျား၂ယောက်အကြောင်းပေါ့။အလယ်မှာပဲနေဖို့ ကျွန်တော်တို့ကို ပြောပြချင်နေတဲ့ ရုပ်ရှင်လို့တော့ထင်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2 GB) / (840 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:28:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

The Jackpot (2024) De jackpot

2024
Where the Wind Blows (2024) Il vento soffia dove vuole 6.0
Where the Wind Blows (2024) Il vento soffia dove vuole Where the Wind Blows (2024)IMDb Rating (6.0) တားရန့်မယ်လစ်ဆန်ဆန် ရုပ်ရှင်လို့ပြောလို့ရတယ်။ ဘာသာရေးနဲ့ လူသားဟာ ခွဲခြားလို့မရသလို တစ်ခါတလေ ဘာသာရေးနဲ့ လူသားဟာ တစ်သားတည်းမကျနေဘူး။ဒီတစ်သားတည်းမကျနေတဲ့ ဘာသာရေးနဲ့လူသားကြားက ကွင်းဆက်ကို အဖြေမပါတဲ့ အမေးတွေနဲ့ အဖြေရှာကြတဲ့ ရုပ်ရှင်တွေ အရမ်းအများကြီးမဟုတ်ပေမဲ့ ပမာဏတစ်ခုအထိတော့ ထွက်ပြီးပြီလို့ပြောရမယ်။ဒီကားက အဲဒီလိုကားမျိုးပါပဲ။ ခရစ်ယာန်ဘာသာရေးနဲ့ လူတွေကြားက ယုံကြည်မှု မယုံကြည်မှု အခြေအနေတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ပါပဲ။ တစ်ကားလုံးနီးပါး ဘာသာရေးတွေ ကျမ်းစာထဲက စကားတွေချည်းပြောနေတာဆိုတော့ ဇာတ်ကားက နည်းနည်းတော့လေးပါတယ်။ဒီရုပ်ရှင်ဟာ ရှင်ခြင်း သေခြင်း ဖြတ်သန်းခြင်းအစုံစုံကို ခရစ်ယာန်ဘာသာရေးနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.9 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv / mp4 Genre….Drama Duration….01:49:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double ...
movie

Where the Wind Blows (2024) Il vento soffia dove vuole

2024
Painkili (2025) 5.2
Painkili (2025) Painkili (2025) "ကြက်တူရွေး" IMDb - 5.2/10အသစ်ထွက် မလေယာလမ်းအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘ၀ကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေတဲ့ လူပျိုကြီး ဆူကူ။ သူတွေးမထားမိတဲ့ ပြဿနာတွေပေါ်လာတဲ့အတွက်ကြောင့် သူငယ်ချင်းဖြစ်သူအကြံနဲ့အရူးလက်မှတ်ယူဖို့ ဖြစ်လာခဲ့ပါတယ်။တစ်နေ့ သူငယ်ချင်းဖြစ်သူကျေးဇူးနဲ့ပဲ ဆူကူတစ်ယောက် အိမ်ကို မိန်းကလေးတစ်ယောက်ခေါ်လာမိရက်သား ညားပါတော့တယ်။ကောင်မလေးနာမည်က ရှီဘာ။ ကောလိပ်ဆက်တက်ချင်ပေမဲ့ ယောကျ်ားအတင်းပေးစားနေကြတဲ့ မိဘတွေဆီကထွက်ပြေးဖို့ အမျိုးမျိုးကြံနေတဲ့ ရှီဘာ။ညီမဖြစ်သူအကြံပေးတဲ့အတိုင်း လျောက်လုပ်ရာကနေ ဆူကူ့အိမ်ကို ရောက်ချလာခဲ့ပါရော။ဒီမှာပဲ အိမ်ကနေနှင်ချဖို့ အမျိုးမျိုးကြိုးစားတဲ့ ဆူကူနဲ့ မရမကတွယ်ကပ်နေတဲ့ ရှီဘာတို့ကြားကဇာတ်လမ်းကို ရှုစားကြရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 16min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Painkili (2025)

Pravinkoodu Shappu (2025) 5.6
Pravinkoodu Shappu (2025) Pravinkoodu Shappu (2025)"မိုးသည်းကြားက ဇိုးဘဲများ" ============================================= အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြာ သည်းထိတ်ရင်ဖို မှုခင်းဟာသ ရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။နယ်မြို့လေးတစ်မြို့ရဲ့ မိုးတွေသည်းနေတဲ့ ညလေးတစ်ညမှာပေါ့။အဲဒီမြို့လေးထဲက ဘုံဆိုင်လေးတစ်ခုဟာ အပြင်မှာဆိုင်ပိတ်ထားပေမဲ့ ဆိုင်ထဲမှာတော့ သောက်နေကျဖောက်သည်တွေဟာ ရှက်ကီထုရင်း ဖဲရိုက်နေကြပါတယ်။အဲဒီလိုလို အေးအေးလူလူ သောက်ရိုက်လုပ်နေတုန်း.. ဝုန်းဆို ဟိုဘက်အခန်းကနေ အသံကြားရလို့သွားကြည့်ကြတဲ့အချိန်မှာ ဆိုင်ရှင်ဖြစ်သူဟာ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကို အားလုံး တွေ့လိုက်ကြပါတယ်။ဒါကို အစက သာမန် သဝာ်သေမှုလို့ ထင်ခဲ့ကြပေမဲ့ ရှက်ဘဲတွေထဲက လူရည်လည်သူတစ်ယောက်ကဒါ သဝာ်သေတာမဖြစ်နိုင်ဘူး၊ လူသဝာ်မှုပဲဖြစ်မယ်၊ တရားခံက ဆိုင်ထဲမှာပဲရှိမယ်လို့ အာချောင်ပြီး ရဲစခန်းကို ဖုန်းဆက်တိုင်လိုက်ပါတယ်။အဲဒီလို အာချောင်လိုက်တဲ့အတွက် အမှုဖော်တဲ့နေရာမှာ အင်မတန်တော်ပေမဲ့ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့် အရက်နံ့မခံနိုင်တဲ့ အင်စပက်တာဇာတ်လိုက်က အရက်ဆိုင်တွင်း လူသဝာ်မှုအတွက် ဝေလေလေရှက်ကီဘဲတွေကြားကနေ တရားခံဖော်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်လေးထဲမှာ အတည်ပေါက်ဟာသတွေနဲ့အတူ စိတ်ဝင်စားဖွယ် မြင်တွေ့ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.7 GB / ...
movie

Pravinkoodu Shappu (2025)

Perusu (2025) 6.7
Perusu (2025) Perusu (2025) "လေးစားထိုက်သောပုဂ္ဂိုလ်" IMDb - 6.9/102023ခုနှစ်က ထွက်ရှိခဲ့တဲ့ စင်ဟာလာစကားပြောရုပ်ရှင် Tentigo(2023)ကို Remakeပြန်ရိုက်ထားတဲ့ တမီးလ်စကားပြော black comedyအမျိုးအစား အိန္ဒိယရုပ်ရှင်။ပိတ်ရက်မှာပျင်းနေတဲ့ တမီးလ်ရုပ်ရှင်ဖန်တွေအတွက် ဒီရုပ်ရှင်က အပျင်းပြေစေနိုင်မှာပါ။အဘိုးကြီးတစ်ယောက် သေသွားတယ်။ လူသာသေတယ် နာမည်သေမသွားဘူးဆိုတာမျိုးရှိပေမဲ့ ဒီအဘိုးကြီးကတော့လူသာသေသွားတယ် ငယ်ပါကငေါက်တောက်။ရပ်ရွာထဲမှာ လေးစားခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်တော့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကဒီကိစ္စကြီးကို ဖုံးဖိဖို့လုပ်ကြတာပေါ့။အသုဘအတွက် ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်ကိုအကြောင်းမကြားခင်မှာ ဒီပြဿနာကို ရှင်းဖို့ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေဖြစ်ကြပုံကို မပြုံးဘဲ ဝါးလုံးကွဲရယ်မောရင်း ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.2 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Perusu (2025)

Snow Blossom (2020) 5.6
Snow Blossom (2020) Snow Blossom (2020)************************Thriller ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် ၂၀၂၀ တုန်းကထွက်ရှိခဲ့တဲ့ "Snow Blossom" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ဒီကားလေးထဲမှာတော့ Byun Joon Suk, Min Chaeun, Kim Dong Beom ,Seo Do Hyun တို့အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဂန်ဆောဟွာကတော့ ဘားတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ အရွယ် မိန်းမလှလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။သူ့ရဲ့ အလှကြောင့် ဘားမှာ ယောက်ျားလေး ဧည့်သည်တွေနဲ့ ဝိုင်းဝိုင်းလည်နေပေမဲ့လည်း အေးစက်ပြီးတစ်သီးတစ်ခြားနေတတ်တဲ့ သူ့ရဲ့ အပြုအမူကြောင့်ပဲ "ရေခဲမင်းသမီး " လို့ နာမည်တွင်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဆောဟွာကို သဘောကျနေတဲ့ ဒိုဂျင်းက သူငယ်ချင်းဖြစ်သူ ဂျုံဟိုနဲ့အတူ ဘားကို ရောက်လာပြီးဆောဟွာကို အပန်းဖြေစံအိမ်ကို သွားဖို့ ဖိတ်ခဲ့ပါတယ်။ တခြားယောက်ျားလေးတွေကို အေးတိအေးစက်နဲ့ဆက်ဆံတတ်တဲ့ ...
movie

Snow Blossom (2020)

Attack on Titan: THE LAST ATTACK (2024) 9.2
Attack on Titan: THE LAST ATTACK (2024) Attack on Titan : The Last Attack (တကယ့်ဇာတ်သိမ်း) ............................................................. ဒါကတော့ နောက်ဆုံးဇာတ်သိမ်းပိုင်းရဲ့ တကယ့်နောက်ရုပ်ရှင်ပါ . . . . လို့ပြောတာပဲ 🤣 AOTကိုကြည့်ဖူးတဲ့သူတွေအတွက် ဒီအပိုင်းက ဘာတွေပါမလဲ ဘာပိုထူးခြားလာလဲ ကြည့်သင့်လားအစရှိတဲ့မေးခွန်းတွေကိုဖြေရရင်တော့ ဒီရုပ်ရှင်ဟာ နောက်ဆုံး၂ပိုင်းဖြစ်တဲ့ အပိုင်း၈၈နဲ့၈၉ကို ပေါင်းပြီး ရုပ်ရှင်ရုံအရသာရအောင်ထုတ်ထားတာလို့ပဲ ရိုးရိုးရှင်းရှင်းပြောရမယ်ထင်တယ်။ဒါ့အပြင် ဒီရုပ်ရှင်ရဲ့အနှစ်က စာတန်းထိုးအပြီးမှာပါတဲ့ credit scene ပါပဲ စီးရီးရဲ့ဇာတ်သိမ်းကိုမချင့်မရဲဖြစ်ခဲ့တဲ့သူတွေ၊ လွမ်းမောခဲ့ရတဲ့သူတွေအတွက် အကောင်းဆုံးဖြေသိမ့်ပေးထားတယ်ဆိုရင်လည်းမမှားပါဘူး။ ကြည့်သင့်လားဆိုရင်တော့ AOTပရိသတ်ဆိုရင် အလွမ်းပြေကြည့်သင့်ပါတယ်။အပိတ်သီချင်းလေးတွေပါထည့်ပေးထားတော့ လိုက်ပြီးဆိုချင်ဆိုကြည့်ကြပေါ့ဗျာ။ ပြီးတော့ ဒီရုပ်ရှင်ဟာ ကမ္ဘာတဝှမ်းက AOTပရိသတ်တွေကို ကျေနပ်မှုပေးနိုင်ခဲ့တဲ့ပုံပါပဲ။IMDb 9.2/10 Rotten Tomatoes 99%ရထားတာက သက်သေပါပဲလေ။ဇာတ်လမ်းအကျဉ်းချုပ်ရေးပြဖို့ကလည်း စီးရီးတုန်းကရေးခဲ့တဲ့အညွှန်းကိုပဲ ပြန်ရေးရမယ်ထင်တယ်။ အသစ်အဆန်းမပါပဲ ဒါပဲမလို့လေ။ 😁ဇာတ်လမ်းအကျဉ်း လွန်ခဲ့တဲ့နှစ်တရာလောက်က Titanတွေရုတ်တရက်ပေါ်လာပြီး လူသားတွေကိုသတ်ဖြတ်စားသောက်ခဲ့ပါတယ်သူတို့ဘယ်ကနေရောက်လာလဲ သူတို့ကဘာတွေလဲဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး Titanတွေရန်ကကာကွယ်ဖို့လူသားတွေဟာ တံတိုင်းကြီးသုံးခုကိုတည်ဆောက်ခဲ့ပြီး နှစ်ပေါင်းတရာကျော်တိုင် Titanတွေရန်ကနေကင်းဝေးခဲ့ပါတယ်ဒါပေမယ့် တနေ့မှာတော့သူတို့တခါမှမကြုံဖူးတဲ့ အလွန်ကြီးမားလှတဲ့ Titanကြီးတကောင် ပေါ်လာချိန်မှာတော့…. File size… 2.3 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dr Nyan
movie

Attack on Titan: THE LAST ATTACK (2024)

Parasite in Love (2021) 6.0
Parasite in Love (2021) Parasite in Love (2021)***********************IMDb..... 6.0 ဒီတစ်ခါမှာတော့ Nana Komatsu နဲ့ Kento Hayashi တို့ ပါဝင်ထားတဲ့ Parasite in Love ဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ခိုဆကနဲ့ ဆာနာဂီတို့ ချစ်သူနှစ်ဦးမှာ ခိုဆက ကတော့ အသန့်ကြိုက်တဲ့ရောဂါကို ခံစားနေရကာပိုးသတ်မထားတဲ့ အရာဝတ္ထုတွေကို ထိတွေ့မိလိုက်တိုင်း သူ့ဆီကို ရောဂါတွေ ကူးစက်လာပြီလို့ထင်နေတဲ့ စိတ်ရောဂါကို ခံစားနေရသူ ဖြစ်ပြီး ဆာနာဂီကတော့ လူတွေကြည့်တာကို မခံနိုင်ဘဲမျက်လုံးတွေကို ကြောက်တဲ့ စိတ်ရောဂါကို ခံစားနေရတဲ့သူပဲဖြစ်ပါတယ်။ဒါပေမဲ့ သူတို့နှစ်ယောက် အခုလိုမျိုး စိတ်ရောဂါတွေဖြစ်နေတာဟာ သူတို့ရဲ့ ခေါင်းထဲမှာကပ်ပါးကောင်တစ်မျိုး ရှိနေလို့ပါပဲ။ အဲဒီကပ်ပါးကောင်ကြောင့်ပဲ ဖြစ်ပေါ်လာတဲ့ သူတို့ရဲ့အချစ်စိတ်တွေဟာလည်း ခံစားချက် အစစ်အမှန် မဟုတ်ပြန်ပါဘူး။ ကပ်ပါးကောင်ကိုခွဲစိတ်ဖယ်ရှားပြီးတော့ ကုသလို့ ရပေမဲ့ အဲဒီလို ကုသလိုက်ရင်လည်း အချစ်စိတ်တွေ အကုန်ကွယ်ပျောက်သွားရမှာဖြစ်သလို မကုသဘူးဆိုရင်လည်း ကပ်ပါးကောင်ကြောင့် သေဆုံးရမယ်ဆိုတာပါပဲ။ဒီတော့ သူတို့ ...
movie

Parasite in Love (2021)

Muay Thai Warrior (2010) Yamada: Samurai of Ayothaya 5.8
Muay Thai Warrior (2010) Yamada: Samurai of Ayothaya Muay Thai Warrior (2010) Yamada: Samurai of Ayothayaထိုင်းနိုင်ငံ အယုဒ္ဓယပြည်ခေတ်က တကယ်ရှိခဲ့တဲ့ ဂျပန်နိုင်ငံသား မွေ့ထိုင်းသူရဲကောင်းတယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ယာမာဒါဟာ ထိုင်းနိုင်ငံကို ဂျပန်စစ်တပ်နဲ့အတူရောက်လာတဲ့ စစ်သားတစ်ယောက်ဖြစ်ပြီး ဘယ်သူမှသိလို့မရတဲ့လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားပြီးနောက်မှာ အသက်အန္တရာယ်ကို ရန်ရှာခံရကာ သေလုနီးပါးဖြစ်ခဲ့ရပါတယ်။ သူ့ကို ရွာသားတစ်စုက ကယ်တင်‌ပေးလို့ အသက်ချမ်းသာရာရခဲ့တာကြောင့် ယာမာဒါဟာ သူ့အသက်ကို အယုဒ္ဓယပြည်အတွက် ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ယာမာဒါဟာ ထိုင်းဘုရင်နဲ့ ထိုင်းနိုင်ငံကို အမှန်တကယ်ကာကွယ်ပေးခဲ့တာကြောင့် ‌မြို့စားမင်း နယ်စားမင်းဖြစ်တဲ့အထိ ရာထူးချီးမြင့်ခံခဲ့ရကြောင်း ရာဇဝင်မှတ်တမ်းများမှာ ဆိုထားပါတယ်။အသံကို Thai Audio နဲ့ ပြန်လည်တင်ဆက်လိုက်ပါပြီ။ File size…(2.4 GB )/(1.1 GB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Su
movie

Muay Thai Warrior (2010) Yamada: Samurai of Ayothaya

The Quick and the Dead (1995) 6.5
The Quick and the Dead (1995) The Quick and the Dead (1995)IMDb Rating (6.5)မင်းသားကြီး Russell Crowe , မင်းသားချော Leonardo DiCaprio , မင်းသမီးချော Sharon Stone တို့ပါဝင်ထားတဲ့ ကောင်းဘွိုင်အက်ရှင်ဇာတ်ကားပါ။ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက်၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့...အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် …အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ …သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ.....။ File size…(5.9 ...
movie

The Quick and the Dead (1995)

4K HEVC
The Woman in the Yard (2025) 5.4
The Woman in the Yard (2025)  The Woman in the Yard (2025)IMDb Rating (5.5) / Rotten Tomatoes (42%) ယောက်ျားဖြစ်သူ ဒေးဗစ် ကားမှောက်မှုမှာ သေဆုံးသွားပြီး တေလာအန်နီ ဆိုတဲ့ ကလေး ၂ ယောက်နဲ့ ကျန်ခဲ့တဲ့ ရိုမိုနာတို့ မိသားစုအကြောင်းပါ။ကားအက်ဆီးဒင့်မှာ ခင်ပွန်းဒေးဗစ်ကိုဆုံးရှုံးလိုက်ရသလို သူကိုယ်တိုင်လည်း ခြေထောက်တစ်ဖက်ဒဏ်ရာရသွားပါတယ်။ဇာတ်လမ်းစတာကတော့ သူ့ခင်ပွန်းဆုံးအပြီး ၁ ပတ်အကြာမှာပေါ့...သူတို့မိသားစုနေတဲ့အိမ်က စိုက်ခင်းတွေဘေးက လယ်တောအိမ် ဘေးမှာအိမ်နီးချင်းရယ်လို့မရှိ အိမ်ထောင်ဦးစီးခင်ပွန်းပါဆုံးသွားတော့ အိမ်က ပိုပြီးခြောက်ကပ်နေတယ်..တစ်နေ့ သူတို့အိမ်က မီးပါပျက်သွားလို့ မိသားစု ၃ ယောက်ဒုက္ခပင်လယ်တွေဝေနေတယ်..ဒီလိုနဲ့ တစ်မနက်မှာ နာရေးတွေမှာဝတ်တဲ့အမည်းရောင်ဝတ်စုံကြီးနဲ့အမျိုးသမီး တစ်ဦးမျက်နှာကိုအုပ်ပြီး သူတို့ခြံထဲမှာရောက်နေတယ်..သူက တစ်ရက်လုံးဘယ်မှာမသွားဘဲထိုင်နေတဲ့အတွက် ရိုမိုနာတို့ သားမိ ၃ ယောက်အတွက်ပိုပြီးကျောချမ်းစရာဖြစ်လာတယ်..နောက်တစ်နေ့ရောက်တော့ ဒီအမျိုးသမီးဟာ ခြံထဲကနေ အိမ်နဲ့ပိုပိုပြီးနီးကပ်လာတဲ့အခါ..သူဟာ ဘယ်သူလဲ ဘယ်လိုကြောင့် ခြံထဲမှာရုတ်တရက်ကြီးပေါ်လာတာလဲဆိုတာကို မေးခွန်းပေါင်းများစွာနဲ့ ကျောချမ်းစွာကြည့်ရမယ့် Horror , Thriller ...
movie

The Woman in the Yard (2025)

2025
4K HEVC
Family Guy (1999) 7.4
Family Guy (1999) " family guy အရယ်ရဆုံးအပိုင်းများ စုစည်းမှု"==============================family guy က လက်ရှိထွက်ထားတာ ၄၂၄ ပိုင်း ရှိပါပြီ။အကုန်လုံး ထိုင်ကြည့်နေရင်လည်း ဟုန်ပြီး ပျင်းသွားမဲ့အတူတူအရယ်အရဆုံးအပိုင်းတွေကို သေချာ ရှာပြီးတင်ဆက်ပေးထားပါတယ်။ဇာတ်လမ်းတွေကလည်း အဆက်အစပ် သိပ်မလိုတာကြောင့်အားတဲ့အချိန်တိုင်း ကြည့်ပြီး ခွီလို့ရပါပြီ။Season တွေ အပြည့် အကုန်မပြန်ထားပဲ ကောင်းတဲ့ Episode တွေလောက်ပဲရွေးချယ်တင်ပေးထားပါတယ်။ Family Guy ကိုတော့ မသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။အကုန်လုံးမကြည့်ဖူးကြရင်တောင်မှ Reels တွေမှာ Clips တွေမှာ မြင်ဖူးကြမှာပါ။ဒီဇာတ်လမ်းတွဲကတော့ ဟာသမင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ဖြစ်တဲ့ Seth MacFarlane ရဲ့ ကမ္ဘာကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲဟာ Reference တွေ၊ Rac!st Jokes တွေ၊ S*xual Jokes တွေတစ်ပုံတစ်ပင်နဲ့ Random Bullsh!t Go! ပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။တော်တော်လေးရယ်ရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်သလို တော်တော်လေးလည်း ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။"မင်းက ...
7.4
TMDb: 7.4/10 4461 votes
tv

Family Guy (1999)

1999
Good Heavens! I’m a Goose not a Swan (2025) 7
Good Heavens! I’m a Goose not a Swan (2025) Good Heavens! I'm a Goose not a Swan (2025) *******************************************စ/ဆုံးမြန်မာမှာ အိုးခိုင်မော့ဆိုပြီးနာမည်ကြီးတဲ့ London Sweetiesထဲက မင်းသမီးကြီး P'Bow နဲ့Paomook, Devil in lawတို့ထဲက မင်းသားချော Pon Nawaschတို့ရဲ့ ဇာတ်လမ်းတွဲသစ်လေး ထွက်ရှိလို့လာပါပြီ...ဒါရိုက်တာကလည်း နာမည်ကြီးဆိုတော့ ဘယ်လိုထွက်ရှိလာမလဲဆိုတာ ရှုစားကြပါဦး...ဂျိဒ်ဆိုတာ အရှေ့ကစီနီယာတွေကိုကျော်ပြီး ရုပ်သံလိုင်းက ဖူးဖူးမှုတ်ထားတဲ့ နာမည်ကျော်တက်သစ်စ မင်းသမီးတစ်ယောက်ပေါ့...ဒါပေမဲ့ ဂျိဒ်နဲ့တွဲရိုက်ဖူးတဲ့ မင်းသားတစ်လက် MLMလိမ်လည်မှုမှာပါသွားတာနဲ့ပတ်သက်လို့ ဂျိဒ်ကိုပါသံသယဝင်ပြီးစစ်ဆေးမှုခံယူရမယ်လို့ဖုန်းဝင်လာချိန် ဂျိဒ်တစ်ယောက်လန့်ဖြန့်ပြီး ရိုက်ကွင်းမှာ လှေပေါ်ကနေ ပြုတ်သွားပါတော့တယ်...သူပြန်သတိရလာချိန်မှာ‌တော့ ဂျိဒ်တစ်ယောက် ဘုရင်ခေတ်က သေကြောင်းကြံတဲ့ဘွန်တာဆိုတဲ့ ဆောင်ကြာမြိုင်က ပြည့်တန်ဆာမလေးနေရာကို ရောက်နေတာ သိလိုက်ရချိန်မှာတော့...ရှေးခေတ်ရောက်မှ စင်ပေါ်ကကျွန်မဘဝကနေ ချော်တောငေါ့ပြီး ဆောင်ကြာမြိုင်မှာ ပြည့်တန်ဆာဖြစ်သွားတဲ့ဘွန်တာတစ်ဖြစ်လည်းဂျိဒ်တစ်ယောက် ဒီဘဝဆိုးကနေ လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲ...ဘွန်တာကိုကယ်ပေးလိုက်တဲ့ သခင်လေး သူခရတ်ကရော ဘွန်တာကို ဘယ်လိုကူညီသွားမလဲဆိုတာအလွဲလေးတွေ အခွီလေးတွေနဲ့ ဒရာမာလေးပေါင်းပြီး ရှုစားလိုက်ကြရအောင်ပါ...Drama: ...
7
TMDb: 7/10 votes
tv

Good Heavens! I’m a Goose not a Swan (2025)

2025
The Hunting Party (2025) 8.8
The Hunting Party (2025) The Hunting Party (2025) IMDB – 6.3/10လူသတ်သမားတွေကို အကျင့်စရိုက်တွေ ခန့်မှန်း အပြုအမူတွေ လေ့လာပြီး FBI Profiler တွေက ပညာသားပါပါနဲ့ ခေါင်းစားပဟေဠိဖော် ဖမ်းဆီးကြတဲ့ Criminal Minds Evolution လိုမျိုး လျှို့ဝှက်သည်းဖိုစီးရီးကို သဘောကျရင်တော့ ဒီစီးရီးက ကွက်တိ ဖြစ်မှာပါ။NBC ကနေ အပတ်စဉ် ၁၀ ပိုင်းတိတိ ထုတ်လွှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ချိန်က FBI Profiler အဖြစ် လုပ်ကိုင်ဖူးတဲ့ Henderson ဆိုတာ ယခုအချိန်မှာတော့ ကာစီနိုဟိုတယ်လေးမှာ လိမ်ညာတဲ့လူတွေကို ဖော်ထုတ်ရင်း အလုပ်လုပ်နေပါတယ်။တစ်ရက်ကျ အထက်က ဆရာ့ဆရာတွေ ရောက်လာပြီး သူ့ကို ဂဃနဏမရှင်းပြပဲ လွတ်မြောက်သွားတဲ့ ကွင်းဆက်လူသတ်သမားကို ခြေရာခံဖမ်းပေးဖို့ တောင်းဆိုလာပါတယ်။ ဖြစ်ချင်တော့ ဒီ လူသတ်သမားဆိုတာ Herderson ရဲ့ ပထမဆုံးအမှုတုန်းက တရားခံပါ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက သေဒဏ်ပေး ကွပ်မျက်ပေးထားတဲ့လူ။ အဲဒီမှာပဲ လူသတ်သမားတွေနဲ့ ပတ်သက်ပြီး CIA ရဲ့ ...
8.8
TMDb: 8.8/10 6 votes
tv

The Hunting Party (2025)

2025
Hyper Knife (2025) [Complete] 10
Hyper Knife (2025) [Complete] Hyper Knife (2025)*********************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး Channel Myanmar ပရိသတ်ကြီးတို့ စောင့်မျှော်နေခဲ့ကြတဲ့ ဝူယောင်းဝူလေး ရဲ့Thriller ဇာတ်လမ်းတွဲလေးကတော့ ဒီနေ့မှာပဲ ထွက်ရှိလို့လာပါပြီ။Cast တွေအနေနဲ့ကတော့ ဝူယောင်းဝူအဖြစ်နဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို လက်ခံရရှိထားတဲ့မင်းသမီး Park Eun-Bin၊ မင်းသားကြီး Sul Kyung-Gu၊ Park Byung-Eun၊ Yoon Chan-Youngစတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~တစ်ချိန်က တော်တဲ့ဆရာဝန်ဖြစ်ခဲ့ပေမဲ့လည်း လက်ရှိမှာတော့ တရားမဝင်ခွဲစိတ်ခန်းမှာ လုပ်နေတဲ့ဆရာဝန်တစ်ယောက်အဖြစ် ပြောင်းလဲနေထိုင်နေသူ Jung Se-Ok နဲ့ တစ်ချိန်က သူ့ရဲ့ အလေးစားရဆုံးဆရာဖြစ်ပေမဲ့ သူ့ကို ခွဲစိတ်ခန်းထဲက နှင်ထုတ်ခဲ့ပြီး သူ့ဘဝကို ပြောင်းပြန်ဖြစ်အောင် လုပ်ခဲ့တဲ့ ဆရာဖြစ်သူChoi Deok-Hee နဲ့ ပြန်လည်တွေ့ဆုံကြပြီး နောက်မှာတော့...ကိုယ့်ရဲ့ဘဝကို ဟိုးအောက်ခြေအထိ ထိုးကျသွားအောင် လုပ်ခဲ့တဲ့ ဆရာ့အပေါ် မကျေနပ်တဲ့စိတ်နဲ့လက်စားချေရင်းကနေ တစ်ချိန်က လူအသက်ကို ...
10
TMDb: 10/10 1 votes
tv

Hyper Knife (2025) [Complete]

2025
Chastity High (2024) [Complete] 7.288
Chastity High (2024) [Complete] Chastity High (2024)********************အပိုင်း (၁ မှ ၈) စ/ဆုံးNetflix ကနေ ထွက်ရှိထားပြီး အပိုင်း၈ပိုင်းပါဝင်ထားတဲ့ ဂျပန်ကျောင်းသား အချစ်ဒရာမာ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ယခင်က ယောက်ျားလေးကျောင်း မိန်းကလေးကျောင်း သီးသန့်ခွဲထားရာကနေ ရုတ်တရက်ကြီး ကျောင်းနှစ်ကျောင်းပေါင်းစပ်လိုက်ပါတယ်။ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေဖြစ်တဲ့အပြင် ယခုမှ ယောက်ျားလေး မိန်းကလေး ပေါင်းပြီး ကျောင်းတက်ရတာဖြစ်လို့ စိတ်လှုပ်ရှားရင်ခုန်စရာတွေ ပြည့်နေမယ်ဆိုပေမဲ့ ကျောင်းအုပ်ကြီးဟာ စည်းကမ်းချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။အဲဒီ စည်းကမ်းချက်ကတော့ ကျောင်းသားတွေ ရည်းစားမထားရတာပဲဖြစ်ပါတယ်။ကျောင်းအတွင်းမှာ တွဲသွားတွဲလာလုပ်တာမျိုး, ကျောင်းအပြင်မှာ နှစ်ယောက်တည်း တွဲတွေ့တာမျိုးဆိုရင် ဒီစည်းကမ်းချက်ထဲမှာ အကျုံးဝင်မှာဖြစ်ပြီး ဒီစည်းကမ်းကို ဖောက်ဖျက်တဲ့သူ ဘယ်သူမဆို ကျောင်းထုတ်ခံရမှာပဲဖြစ်ပါတယ်။ဒီမှာပဲ ဒီကျောင်းရဲ့ ကျောင်းကောင်စီအဖွဲ့ဟာ ဒီစည်းကမ်းကို ချိုးဖောက်တဲ့သူတွေကို စောင့်ကြည့်ဖို့ဖြစ်လာပါတော့တယ် ..... ။ဒီလိုနဲ့ ဆင်းရဲတဲ့မိသားစုကလာပြီး ကျောင်းကောင်စီဝင် ဘဏ္ဍာရေးမှူးလည်းဖြစ်တဲ့ အီချီကာတစ်ယောက် ဒီအချက်ကို အသုံးချပြီး ဝင်ငွေရဖို့ ဘယ်လိုရှာကြံမလဲ ..ကျောင်းအုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ မာကီဟာလည်း အရင်က တွေ့သမျှကောင်မလေးတိုင်းကို ဖွန်ကြောင်ခဲ့သူဖြစ်တော့ ဒီကျောင်းကိုရောက်လာချိန်မှာ ဘယ်လိုတွေဖြစ်လာမလဲ ..အီချီကာနဲ့ မာကီတို့နှစ်ယောက် ဆုံတွေ့မိကြရင်း သူတို့နှစ်ယောက်ရဲ့ ...
7.288
TMDb: 7.288/10 26 votes
tv

Chastity High (2024) [Complete]

2024
My Merry Marriage (2024) [Complete] 8.8
My Merry Marriage (2024) [Complete] My Merry Marriage (2024)************************အပိုင်း (၁ မှ ၁၂၅) စ/ဆုံးမိသားစု ဇာတ်လမ်းတွဲရှည်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ My Merry Marriage ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မိန်ဂုံဟီး(Park Ha Na)ဟာ J-Fashion ကုမ္ပဏီမှာ ဒီဇိုင်နာအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ကိုယ်ကျင့်စရိုက်အရဆိုရင်တော့ ထက်မြက်ပြီး ရဲရင့်တဲ့ အမေ့သွေးနဲ့ အားကစား စွမ်းရည်ရှိတဲ့ အဖေ့သွေးတွေ စီးဆင်းနေတဲ့ ကောင်မလေးပါ။ မိန်ဂုံဟီးမှာ မိန်ဂုံဘူလို့ ခေါ်တဲ့ ဆရာဝန် အစ်ကို တစ်ယောက်လည်း ရှိပါသေးတယ်။ဂုံဟီးတစ်ယောက် J-Fashion ကုမ္ပဏီမှာ အလုပ်လုပ်နေရင်း ငယ်သူငယ်ချင်းဖြစ်သူ ဂူဒန်းဆူနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ တကယ်တော့ ဒန်းဆူဟာ J-Fashion ကုမ္ပဏီက ဥက္ကဌကြီးရဲ့ မြေးဆိုလည်း မမှားပါဘူး။ ရေမြေရပ်ခြားမှာ နေထိုင်ရင်း လွတ်လွတ်လပ်လပ် ရှင်သန်ချင်တဲ့ ဒန်းဆူဟာ အမွေဆက်ခံရမဲ့ ကိစ္စရပ်တွေကြောင့် ကိုရီးယားကို ပြန်ရောက်ရှိလာပြီး ငယ်သူငယ်ချင်း မိန်ဂုံဟီးနဲ့ ပြန်လည်ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။မိသားစု၊ အချစ်၊ အလွမ်းနဲ့ ဟာသ ရသလေးတွေ ...
8.8
TMDb: 8.8/10 1240 votes
tv

My Merry Marriage (2024) [Complete]

2024
1923 (2022-2025) complete 8.1
1923 (2022-2025) complete  IMDb Rating (8.3) / Rotten Tomatoes (95%)အမေရိကန်နိုင်ငံအနောက်ပိုင်းဒေသတွေကို နောက်ခံဇာတ်အိမ်တည်ထားတဲ့ ကောင်းဘွိုင်းဇာတ်လမ်း 1883 ရဲ့အဆက်ဖြစ်တဲ့ 1923 ဇာတ်လမ်းတွဲဟာ နှစ်တွဲခွဲပြီးထုတ်လွှင့်သွားမှာဖြစ်ပြီး တစ်တွဲကို အပိုင်းရှစ်ပိုင်းထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ဒီစီးရီးတွေရဲ့ ပင်မဇာတ်လမ်း Yellowstone ကိုလည်း ချန်နယ်မြန်မာမှ တင်ဆင်ထားပါပြီ။ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီးဟယ်ရီဆင်ဖို့ဒ်က မြို့ခံကော်မရှင်နာအရာရှိတစ်ဖြစ်လဲ၊ ကျွဲ၊နွားမွေးမြူရေးသမား ကောင်းဘွိုင်း အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ခေါင်းဆောင်ပါဝင်ထားပါတယ်။သားသမီးမထွန်းကားလို့ တူရဲ့သားဖြစ်သူ ဂျက်ခ်၊ သစ္စာရှိအလုပ်သမားခေါင်း ဇိန်းတို့နဲ့ အတူနေထိုင်ပြီး ဘဝကိုဖြတ်သန်းနေပါတယ်။ဂျက်ခ်ဟာ ဂျေကော့ဘ်ဒပ်တန်၊ ကာရာဒပ်တန်လင်မယားနဲ့အတူ မွေးမြူရေးခြံမှာနေပေမယ့် အခြားတူတစ်ဦးဖြစ်သူ စပန်ဆာဒပ်တန်ကတော့ ပထမကမ္ဘာစစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ပွဲမှာရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ စစ်အပြီးမှာ တောလိုက်မုဆိုးအဖြစ်အာဖရိကမှာ အသက်မွေးနေသူပါ။ပထမကမ္ဘာစစ်၊ ဥပဒေပိတ်ပင်မှုတွေနဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် ကျွဲ၊နွားခြံရှင်တွေ စားကျက်ရှားပါးလာပြီး အခက်အခဲတွေဖြစ်လာကြတဲ့အခါတောင်ထူထပ်တဲ့ အမြင့်ပိုင်းနေရာတွေကို တိရစ္ဆာန်အုပ်တွေမောင်းသွားပြီး စားကျက်ရှာဖို့ဖြစ်လာပါတော့တယ်။ပထမကမ္ဘာစစ်အပြီး အမေရိကန်ပြည်သူတွေကြုံကြရတဲ့ စီးပွားပျက်ကပ်၊ အနောက်ဘက်ဒေသရွှေ့ပြောင်းမှု၊ အရက်သေစာရောင်းဝယ်‌ရေးတားမြစ်မှု စတဲ့အခက်အခဲတွေကြားမှာ ဒပ်တန်မိသားစုဖြတ်သန်းကြရပုံကို ဗဟိုပြုရိုက်ကူးထားပါတယ်။အမေရိကန်နိုင်ငံ အနောက်ဘက်ဒေသ‌ တွေရဲ့ ရှုခင်းအလှအပတွေနဲ့ ...
8.1
TMDb: 8.1/10 435 votes
tv

1923 (2022-2025) complete

2022-2025
Übel Blatt (2025) 7.7
Übel Blatt (2025) ဒီတစ်ခေါက်မှာကျ ဇာတ်လမ်းလည်းအဆင်ပြေမယ် Action တွေကလည်း သွေးထွက်သံယို ခြေပြတ်လက်ပြတ် ခါးပြတ်ခေါင်းပြတ်နဲ့ ကြမ်းပေ့ရမ်းပေ့ အသေကြုံးမယ့်ဆိုတဲ့Dark Fantasy စွန့်စားခန်း အမျိုးအစား Anime လေး လာပြီဗျာ။ဇာတ်တည်ထားတာက စိတ်ကူးယဉ်ကမ္ဘာပေါ့ အရိပ်နယ်မြေလို့ခေါ်တဲ့ Wischetech တိုင်းပြည်က နယ်စပ်ထိ လာကျူးကျော်မှာကို စိုးရိမ်လို့အင်ပါယာကနေ သူရဲကောင်း ၁၄ ဖော်ကို စေလွှတ်ခဲ့တယ်။ဒါပေမဲ့ စစ်ပွဲအပြီးမှာ သတင်းထွက်လာတယ် ၃ ယောက် သေဆုံးတယ် ၄ ယောက်က သစ္စာဖောက်တယ်ဆိုပြီး ၇ ယောက်ပဲ ကျန်တော့တယ်။အဲဒါတွေဖြစ်ပျက်ပြီး နှစ်ပေါင်း ၂၀ ကျော်မှာ သူရဲကောင်း ၇ ဖော် ယူဆောင်ပေးတဲ့ ရွှေခေတ်ရောက်နေပြီပေါ့။နယ်စပ်မြို့လေးမှာ သူရဲကောင်းတွေ အုပ်ချုပ်တဲ့ ငြိမ်းချမ်းတဲ့ “တစ်ဖက်ကမ်း” ဆိုတာကို နယ်စပ်ဒေသက ဒုက္ခသည်တွေက သိပ်သွားချင်ကြတယ်။ဒါပေမဲ့ သွားချင်တိုင်းသွားမရကြဘူး နယ်စပ်ကို အုပ်ချုပ်နေတာက နာမည်ခံ ဘုန်းတော်ကြီးတွေ ဟိုဖက်ကမ်း ကူးချင်ရင် ...
7.7
TMDb: 7.7/10 3 votes
tv

Übel Blatt (2025)

2025
The Jewel of Section E (2025) Ang Mutya ng Section E 8.3
The Jewel of Section E (2025) Ang Mutya ng Section E   The Jewel of Section E (2025) Ang Mutya ng Section EIMDb Rating (6.7) ဂျေးဂျေးဆိုတဲ့ကောင်မလေးဟာ Higher Value အပြည်ပြည်ဆိုင်ရာကျောင်းကိုကျောင်းပြောင်းကျောင်းသူ အသစ်တစ်ယောက်ဖြစ်ပြီးတစ်ကျောင်းလုံးမှာအဆိုးဆုံး ဆက်ရှင်တစ်ခုဖြစ်တဲ့ ဆက်ရှင် E မှာတက်ရဖို့ဖြစ်လာခဲ့ပါတယ်။ဆက်ရှင် E ဟာဗရုတ်သုတ်ခကျောင်းသားချည်းသီးသန့်ထားတဲ့ဆက်ရှင်တစ်ခုဖြစ်ပြီး အတန်းခေါင်းဆောင်ဖြစ်တဲ့ ကီဖာကတော့ အားလုံးထဲမှာအဆိုးဆုံးပါပဲ။သူတို့အားလုံးရဲ့တစ်ခုတည်းသော ဦးတည်ချက်က သူတို့ကြားမှာစုန်းပြူးလိုဖြစ်နေတဲ့ တစ်ဦးတည်းသောမိန်းကလေးဖြစ်တဲ့ ဂျေးဂျေးကို ဖြစ်တဲ့နည်းနဲ့နှင်ထုတ်ဖို့ဖြစ်ပြီးဂျေးဂျေးကလည်း ဒါမျိုးကိုအလွယ်တကူအညံ့ခံမယ့်ကောင်မလေးတစ်ယောက် ဟုတ်မနေခဲ့ပါဘူး။ဒီလိုကျောင်းသားတစ်အုပ်ကြားမှာနေဖို့ခေါင်းမာမာနဲ့ဆုံးဖြတ်လိုက်တဲ့ ဂျေးဂျေးက ဘယ်လိုကောင်မလေးလဲ? ဘယ်လိုနောက်ကြောင်းတွေရှိမလဲ?ဂျေးဂျေးနဲ့ ဗရုတ်သုက္ခထိပ်ခေါင်ကျောင်းသားတစ်သိုက် ဘယ်လိုရှေ့ဆက်နှစ်ပါးသွားကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရှုစားရမယ့် rom/com series အသစ်လေးဖြစ်ပါတယ်။Wattpad နာမည်ကျော်စာအုပ်စီးရီးစ်တစ်ခုကိုအသက်သွင်းထားတဲ့ဇာတ်ကားဖြစ်ပြီး အဆိုတော်မင်းသမီးလေး Ashtine Olviga ကခေါင်းဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.2 GB) / (500 MB) Quality….WEB-DL 1080p HEVC / ...
8.3
TMDb: 8.3/10 15 votes
tv

The Jewel of Section E (2025) Ang Mutya ng Section E

2025
A Moment But Forever (2025)
A Moment But Forever (2025) ဒီတစ်ခေါက်CMကနေတင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးကတော့ကြည့်ရှုသူတွေအကြိုက်တွေ့စေမယ့်နတ်ဘုရားမ နဲ့ မြေခွေးမျိုးနွယ်ဝင်လူသားတို့ကြားကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့A Moment But Forever ဆိုတဲ့ ရှန်းရှ နတ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ နတ်ဘုရားမ Wu Shuang ( Tiffany Tang ) ဟာကောင်းကင်ဘုံရဲ့ရတနာကိုပြန်လည်ရယူနိုင်ဖို့အတွက်မြေခွေးမျိုးနွယ်စုရဲ့ပုရောဟိတ်ဆရာ Yuan Zhong ( Liu Xue Yi )ကို လုပ်ကြံသတ်ဖြတ်ဖို့လူ့ပြည်ကိုဆင်းသက်လာပြီးနောက် တစ်ခြားလျှို့ဝှက်ဖုံးကွယ်ထားတဲ့အကြောင်းတွေကိုလည်းသိလိုက်ရသောအခါ...နတ်ဘုရားမနဲ့မြေခွေးမျိုးနွယ်စုပုရောဟိတ်မင်းတို့ကြားမှာဘယ်လိုအချစ်၊အမုန်း၊ချိုမြိန်ခါးသီးမှုတွေအလှည့်ပြောင်းကနေချစ်စရာအချစ်ဇာတ်လမ်းလေးဖြစ်လာပြီးလောကကြီးကိုဘယ်လိုမျိုးတူတူကယ်တင်မလဲဆိုတာကိုတူတူစောင့်မျှော်ကြည့်ကြလိုက်ရအောင်နော်~===========================Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Romance, Wuxia, Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By May Pyae Zone Zaw Encoded by LK===========================Ep 1 (720p) - GDToT/ ...

A Moment But Forever (2025)

2025
The Bondsman (2025) 8.667
The Bondsman (2025)  The Bondsman (2025)IMDb Rating (7.2) / Rotten Tomatoes (83%) ဒီစီးရီးကတော့ ကြေးစားမုဆိုးတစ်ယောက်ကို ငရဲကနေ ခဏပြန်ရှင်ခိုင်းပြီး နတ်ဆိုးတွေကို အမဲလိုက်ခိုင်းတဲ့ သဘာဝလွန် ဟော်ရာ အက်ရှင် အမျိုးအစားပါ။ရိုက်ချက်တွေက လူတွေ စုတ်ပြတ် တွန့်လိမ်ကောက်ကွေးနေအောင် ကျုံးတာတွေ ပါပြီးကြမ်းလို့ Evil Dead အထာမျိုးကြိုက်တဲ့လူ‌တွေ ကြည့်သင့်ပါတယ်။မင်းသားကလည်း ဂျစ်ကန်ကန် အထာကျကျစတိုင်နဲ့ Kevin Bacon မို့ ကြည့်လို့ကောင်းမှာပါ။ဇာတ်လမ်းအကျဉ်းဟပ်ဟယ်လိုရန်ဟာ တရားခံပြေး ကြေးစားဖမ်းတဲ့သူပါ။ တစ်နေ့မှာတော့ တရားခံတစ်ယောက်ကိုလိုက်ဖမ်းရင်း လုပ်ကြံခံလိုက်ရပါတယ်။ဒါပေမဲ့ သူ ပြန်နိုးလာပြီး ပြန်ရှင်လာပြီး ဘာမှန်းညာမှန်းမသိ သူ့ကိုဆော်သွားတဲ့သူတွေနောက်ကို ပြန်လိုက်ရှင်းပါတော့တယ်။ဒါပေမဲ့ နောက်မှ သိလာရတာက သူငရဲအထိ ရောက်သွားပြီးမှ စေတန်ခိုင်းတာလုပ်ဖို့ ခဏ ပြန်ရှင်ခိုင်းလိုက်တာဆိုတာပါပဲ။ဒီတော့ ငရဲကြေးစားဖြစ်သွားတဲ့ ဟပ်တစ်ယောက်ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (2 ...
8.667
TMDb: 8.667/10 9 votes
tv

The Bondsman (2025)

2025
The Reason We Fall In Love (2024) [Complete] 7
The Reason We Fall In Love (2024) [Complete] The Reason We Fall In Love (2024)**********************************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ The Reason We Fall In Love ဆိုတဲ့ရုံးတွင်းအချစ်ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။အပိုင်း ၁၀ ပိုင်း ပါဝင်ပြီးတော့ အလုပ်တွေအရမ်းများတဲ့ရုံးတစ်ခုမှာ ဖူးစာဆုံကြမဲ့စုံတွဲ ၃ တွဲရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ကူရိုဆာဝ ဆိုတာကတော့ ရုံးရဲ့မန်နေဂျာဖြစ်ပြီးတော့ အရယ်အပြုံးမရှိ အမြဲ တည်တည်တံ့တံ့နေတတ်တဲ့သူနဲ့ ကူရိုဆာဝရဲ့ လက်အောက်ဝန်ထမ်းဖြစ်တဲ့ မိုရီတာတို့ရဲ့ အချစ်ဇာတ်လမ်း...အရင်က အရမ်းဝခဲ့လို့ ကြိုးစားပြီး ဝိတ်ချကာ ဘော်ဒီအတောင့်ကို ထိန်းသိမ်းနေတဲ့ အိုရှီမာနဲ့အစားအသောက်ဆို အရမ်းကြိုက်တဲ့ အိုဇူတို့ရဲ့ အချစ်ဇာတ်လမ်း...ဆာကာမိုတိုနဲ့ အိချိကာဝါ တို့ရဲ့ အသက်၈နှစ်ကွာကြားတဲ့ မမနဲ့ မောင်လေး ဇာတ်လမ်း...ဒီအတွဲ၃တွဲရဲ့ အချင်းချင်း ကွာဟမှုပြဿနာတွေကြားထဲကနေ ဘယ်လိုပုံစံမျိုးနဲ့ ချစ်မိသွားကြမလဲဆိုတာကိုချိုချိုမြိန်မြိန် ကြည့်ရှုရမှာဖြစ်လို့ ကြည့်ရှုသူတွေ အကြိုက်တွေ့စေမှာ အသေအချာပဲပါနော်။ (အညွှန်းကိုတော့ ...
7
TMDb: 7/10 2 votes
tv

The Reason We Fall In Love (2024) [Complete]

2024
Shameless (2011) 8.158
Shameless (2011) ဒီဇာတ်လမ်းတွဲကို Facebook က video အတိုအထွာဟာသတွေ TikTokတွေမှာ ခဏခဏမြင်ဖူးကြမှာပါ 2011 ကစတင်ထွက်ခဲ့ပြီး season 9 ခုရှိတဲ့ ဇာတ်လမ်းတွဲဟာ လူ 3 သိန်းကျော်မဲပေးမှုမှာ IMDB 8.5 နဲ့ရပ်တည်နေပါတယ်..နာမည်ကျော် sitcom တွေနောက်မှာ အကောင်းဆုံးထွက်ရှိလာတဲ့ dark comedy အမျိုးအစား ဇာတ်လမ်းတွဲဖြစ်ပြီး သေချာပေါက်ကြည့်သွားသင့်တဲ့ စီးရီးပါ..ဒီဇာတ်လမ်းက Jeremy Allen . Cameron Monaghan , Ethan Cutkosky တို့လိုလူငယ်သရုပ်ဆောင်တွေကို ဟော်လီးဝုဒ်မှာနေရာရစေခဲ့တဲ့ ဇာတ်လမ်းတွဲဆိုလည်း မမှားပါဘူး..ဇာတ်လမ်းအညွှန်းကတော့ချီကာဂိုက ရုန်းကန်လှုပ်ရှားနေရတဲ့ ဂါလာဂါ မိသားစုကြားထဲ ပဋိပက္ခတွေ အလွဲအချော်ဖြစ်တဲ့ဟာသ ဘ၀ဇာတ်ကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်..တစ်ပိုင်းစကြည့်မိရင်း ထိုင်ရာမထ စွဲ‌သွားစေမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကောင်တွေအဖြစ်နဲ့ ကျန်နေခဲ့မှာပါ.. File size…(898 MB)/(392 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Comedy, Drama Subtitle….Myanmar ...
8.158
TMDb: 8.158/10 2744 votes
tv

Shameless (2011)

2011
Georgie & Mandy’s First Marriage (2024) 10
Georgie & Mandy’s First Marriage (2024) Big Bang Theory နဲ့ Young Sheldon ရဲ့ အစွယ်အပွား စီးရီးအဖြစ် ရှယ်လ်ဒန့်ရဲ့ အစ်ကိုလင်မယားအကြောင်း စီးရီးအသစ်ထွက်လာပြီဖြစ်ပါတယ်။ တစ်ပတ်တစ်ပိုင်းနဲ့ ၁၃ ပိုင်းရှိပါလိမ့်မယ်။ရှယ်လ်ဒန်စီးရီးအဆုံးထိကြည့်ပြီးတဲ့သူတွေ Big Bang Theory ကြည့်ပြီးတဲ့သူတွေကတော့ ဂျော်ဂျီတစ်ယောက် ဘယ်လို အောင်မြင်လာမလဲဆိုတာ အကြမ်းဖျဉ်း သိကြမှာပါ။ ဒါပေမဲ့ ဒီစီးရီးမှာတော့ ရှယ်လ်ဒန် ကျောင်းတက်ဖို့ ထွက်သွားနေချိန်၊ ရှယ်လ်ဒန့်အဖေလည်း မရှိတော့ချိန်မျာ ဂျော်ဂျီတစ်ယောက် သူ့မိသားစုနဲ့ မန်ဒီတို့ကို ဘယ်လို စောင့်ရှောက်သွားမလဲဆိုတာ မြင်ရမှာပါ။ထုံးစံအတိုင်း ဟာသတွေ၊ ချစ်စရာ မိသားစုသံယောဇဉ်တွေနဲ့ ကောင်းကောင်းကြည့်ရမှာပါပဲ။ မူရင်းသရုပ်ဆောင်အားလုံး ပြန်ပါဝင်ထားပါတယ်။ မေရီ၊ မီးမော်၊ ဂျော်ဂျီ၊ မန်ဒီ နဲ့ မန်ဒီ့မိဘတွေ အဓိက ပါဝင်ထားတာပါ။ ရှယ်လ်ဒန်ကတော့ တက္ကသိုလ်သွားတက်နေပြီဖြစ်တဲ့အတွက် မပါတော့ပါဘူး။ ဒါပေမဲ့ ဧည့်သည်အနေနဲ့ စပရိုက်ပြန်ပါလာဦးမယ်တော့ မျှော်လင့်ရတာပါပဲ။ ကြည့်လိုက်ကြပါဦး။File size…(492 ...
10
TMDb: 10/10 1 votes
tv

Georgie & Mandy’s First Marriage (2024)

2024
Wanna Be (2025)
Wanna Be (2025) ဒီဇာတ်လမ်းလေးက မော်ဒယ်လောကမှာ နာမည်ကြီးနေတဲ့ ဟန်ယိကျင်းဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ  သူမရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်း တိုးတက်နေချိန်မှာပြင်းထန်တဲ့ကားမတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး သုံးနှစ်တာလုံး လူမြင်ကွင်းမှပျောက်ကွယ်သွားခဲ့တယ်။ လူအများရဲ့ မျှော်လင့်ချက်တွေကြားမှာ သူမကတစ်ဖန်ပြန်လည်ရောက်ရှိလာပြီး၊ မတော်တဆမှုအပြီးမှာ သူမရဲ့ချစ်သူထွက်ခွာသွားခြင်းနှင့်မိသားစုဝင်များ၏ ထိန်းချုပ်မှုများကြောင့် ပြင်းထန်စွာ နာကျင်ခံစားခဲ့ရတယ်။တစ်ဖက်မှာလည်း မူလက စျေးထဲမှာ ငါးရောင်းသမားတစ်ဦးဖြစ်တဲ့ ကျာဖန်ကကံကြမ္မာအလှည့်အပြောင်းကြောင့်  ဖက်ရှင်ရှိုးပွဲတစ်ခုကို မတော်တဆဝင်ရောက်လာမိပြီးသူ့ရဲ့ ပြောင်မြောက်တဲ့ အသွင်အပြင်ကြောင့် မော်ဒယ်အေဂျင်စီရဲ့ သူဌေးဖြစ်သူဟန်ကျားလင်ရဲ့ သဘောကျမှုကိုရခဲ့တယ်။ ဒီလိုနဲ့ မော်ဒယ်ရွေးချယ်ပြိုင်ပွဲကြီးတစ်ခုမှာပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရတယ်။ နောက်ပိုင်းမှာတော့ ယိကျင်းရဲ့  လမ်းညွှန်မှုတွေအောက်မှာကျာဖန်က သူ့ရဲ့  မော်ဒယ်လမ်းကြောင်းမှာ တဖြည်းဖြည်း အထွတ်အထိပ်သို့ရောက်ရှိလာခဲ့ပြီး ရီကျင်းနဲ့ ရင်းနှီးချစ်ကျွမ်းဝင်သွားခဲ့တယ်။ ဒါပေမဲ့ သူ့မိသားစုကနေအမွေဆက်ခံခဲ့တဲ့ မျက်စိရောဂါကြောင့် သူ့ဘဝနှင့် အသက်မွေးဝမ်းကြောင်းအတွက်ဘယ်လိုအရိပ်ဆိုးဖြစ်လာမယ်ဆိုတာကို CMပရိသတ်ကြီးနဲ့အတူရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုခံစားကြပါစို့။=================================Quality : WEB-DL 1080p, 720p Total Episodes : 29 Format : mp4 Genres : Romance, Modern Runtime : ...

Wanna Be (2025)

2025
The White Lotus (2021-2025) complete 7.3
The White Lotus (2021-2025) complete   Season 01/02 /03 (complete) IMDb Rating (8.0) / Rotten Tomatoes (93%)The White Lotus က HBOကနေ 2021မှာ ထွက်ခဲ့တဲ့ အပိုင်း ၆ပိုင်းပဲ ပါတဲ့limited စီးရီးပါ။HBOရဲ့ limited စီးရီးတွေဟာ ဘယ်တော့မှ စိတ်မပျက်ရတာကိုChernobyl, Watchman, Mare of East Town, Big Little Lies တို့ကိုကြည့်ဖူးတဲ့ သူတိုင်းသိကြမှာပါ။ဒီစီးရီးကလဲ မြန်မာနိူင်ငံမှာ လူပြော မများပေမယ့် အနောက်ဘက်မှာတော့ ပရိတ်သတ်ရောဝေဖန်ရေးဆရာတွေဆီကပါ ချီးကျူးသံညံခဲ့တဲ့ စီးရီးပါ။review ဖတ်ပျင်းမယ့် လူတွေကိုတော့၊ Alexander Daddario တို့ Euphoriaထဲက Sydney Sweeney တို့လို အလှနတ်ဖုရားမလေးတွေရဲ့ ကမ်းခြေက အလှတရားတွေ အများကြီး မြင်ရမှာကိုတွေးပြီး ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့ပဲ တိုက်တွန်းပါ့မယ်။plotထက် သူတို့လေးတွေကို ဦးစားပေးကြမယ့်ပုဂ္ဂိုလ်များကတော့ ...
7.3
TMDb: 7.3/10 137 votes
tv

The White Lotus (2021-2025) complete

2021-2025
Watson (2025) 4.6
Watson (2025) Season 1 ပိုင်းသစ် ( ၈ ) ဒီတစ်ခေါက်မှာတော့ နာမည်ကြားတာနဲ့မသိသူမရှိတဲ့စုံထောက်ရှားလော့ဟုမ်းရဲ့ ယုံကြည်မှုကိုရရှိထားတဲ့တစ်ဦးတည်းသော မိတ်ဆွေ ဒေါက်တာဝပ်ဆင်အကြောင်းစီးရီးပဲဖြစ်ပါတယ်။ဒီစီးရီးဟာ နာမည်ကျော်ရှားလော့ဟုမ်းဝတ္ထုကို ကျောရိုးယူပြီးယနေ့မော်ဒန်ခေတ် timeline နဲ့ ဆန်းသစ်ရိုက်ကူးထားတာပါ။ရှားလော့ဟုမ်းဝတ္ထုရဲ့ဇာတ်ကြောင်းအတိုင်း ရှားလော့ရယ်ဝပ်ဆင်ရယ်က ရန်သူတော် မိုရီအာတီ‌ကိုလိုက်ဖမ်းကြရင်းသုံးယောက်သားရေတံခွန်ထဲပြုတ်ကျသွားရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ရေတံခွန်ထဲပြုတ်ကျတဲ့အခါမှာ ဝပ်ဆင်တစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပြီး ရှားလော့ရော မိုရီအာတီရော အသက်ဆုံးရှုံးခဲ့ရပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့ ဒေါက်တာဝပ်ဆင်ကို ဆေးပညာလမ်းကြောင်းဘက်ဆက်လက်လျှောက်လှမ်းစေချင်ခဲ့တဲ့ရှားလော့က ဝပ်ဆင်ဦးစီးဖို့ဆေးရုံတစ်ခုတည်ထောင်ပေးခဲ့ပါတယ်။အဲဒီဆေးရုံကို ဝပ်ဆင်တစ်ယောက်ဦးစီးရင်း သာမန်‌ဖြစ်နေတွေ့နေကျမဟုတ်တဲ့ လျှို့ဝှက်ဆန်းကြယ်ရောဂါနဲ့လူနာတွေကို မျိုးရိုးဗီဇကျွမ်းကျင်ဆရာဝန်အနေနဲ့ ကုသပေးနေရင်းကမှ မိုရီအာတီမသေသေးဘူးဆိုတာကိုသိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့စီးရီးတစ်ခုပါ။ရုပ်ရှင်ကြည့်ဖူးသူ ဝတ္ထုဖတ်ဖူးသူတိုင်း အသည်းစွဲ သဘောကျကြတဲ့ရှားလော့ဟုမ်း ဝတ္ထုရဲ့ ဇာတ်လမ်းကျောရိုးကိုမှ မော်ဒန်ခေတ်ဆေးပညာနဲ့ပေါင်းစပ်ရိုက်ကူးထားတာမလို့ မြင်နေကျဆရာဝန်စီးရီးတွေနဲ့ မတူဘဲအတော်ကို စိတ်ဝင်စားစရာကောင်းတဲ့ စီးတစ်ခုဖြစ်ကြောင်းညွှန်းလိုက်ချင်ပါတယ်။  File Size –( 859MB )  /( 376MB )Quality –WEB-DL  1080p HEVC   / 720pEpisodes -  13 EpsDuration -  ...
4.6
TMDb: 4.6/10 7 votes
tv

Watson (2025)

2025
Ghosts Season 1 (2021) +2 (2022) + 3 (2024) 7.9
Ghosts Season 1 (2021) +2 (2022) + 3 (2024) IMDb 7.3ဒီတစ်ခါတော့ ခြောက်လိုက်ရအောင်ပါ CM ပရိသတ်ကြီးတို့ 2021 Oct တုန်းကမှ ပူပူနွေးနွေး ထွက်ရှိထားပြီး နာမည်တူ British series ကနေ adaptation ယူထားတဲ့ sit-com ကောင်းကောင်းလေးပါပဲ။ အရမ်းကို ရယ်ရပါတယ်။တစ်ခါက သရဲ ၈ ကောင် ရှိသဗျာ။ ထပ်ပြီး အကျယ်ရှင်းရရင် ဘ၀မကူးနိုင်ဘဲ ကျိန်စာသင့်နေတဲ့ ခေတ်အလီလီက အတွေးအခေါ်အမျိုးမျိုးနဲ့ အိမ်ဟောင်းကြီးတစ်ခုမှာ နေထိုင်တဲ့ သရဲ ၈ ကောင်ပါ။ဒီအိမ်ကြီးမှာ အိမ်ရှင်အသစ်တွေသာ ပြောင်းသွားမယ် သူတို့ကတော့ မပြောင်းလဲပေါ့။တစ်နေ့ ဒီအိမ်ကြီးရဲ့ အမွေစားအမွေခံဖြစ်သူ ဂျာနယ်လစ် ဆမန်သာနဲ့ သူ့ ယောက်ျားဖြစ်သူ စားဖိုမှူး ဂျေးတို့ လင်မယား ရောက်ရှိပါတယ် ...ဒါကို အလိုမရှိတဲ့ သရဲ ၈ ကောင်ဟာ နည်းအမျိုးမျိုးနဲ့ သရဲကျင့် သရဲကြံတွေ ကြံပြီး နှင်ထုတ်ဖို့ ကြိုးစားကြတော့မှာပဲ ...
7.9
TMDb: 7.9/10 11 votes
tv

Ghosts Season 1 (2021) +2 (2022) + 3 (2024)

2021
Perfect 10 Liners (2024) Complete
Perfect 10 Liners (2024) Complete ဒိတ်ဒိတ်ကြဲတို့ရဲ့ ရွှေဖူးစာ (၂၀၂၄)ကဲ စင်းလုံးချော သောက်ချောကြီးများ အဖွဲ့ [ Perfect 10 liners] ကို ကြည့်ရင်း သောက်ချောကြီး ဖြစ်လို့ရပါပြီနော်။ ထိုင်းတက္ကသိုလ်တွေရဲ့ ထုံးစံအတိုင်း ပထမနှစ်‌ကျောင်းသားတွေက အကြံပေး စီနီယာကို မဲနှိုက်ရွေးချယ်ကြရလေ့ရှိပါတယ်။ နှစ်တိုင်း အဲ့နံပါတ် တစ်ခုကို နှိုက်မိတဲ့ လူတွေက အတွဲညီတဲ့ အဖွဲ့ဖြစ်လာခဲ့ပါတယ်။အန်း တစ်ယောက် လူတိုင်းဝင်ချင်နေကြတဲ့ " စင်းလုံးချော သောက်ချောကြီးများ " အဖွဲ့ကို မဲကျခဲ့ပါတော့တယ်။ နောက်နှစ်မှာလည်း ခပ်ချေချေ ယိုထာ သူတို့အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ယိုထာ့ဂျူနီယာ ဝိုင်ကလည်း သူတို့အဖွဲ့ဝင်ဖြစ်လာပါတယ်။သူတို့ကိုယ်သူတို့ ပြည့်စုံထူးခြားတယ်လို့ ခံယူထားကြတဲ့ သူတို့ အဖွဲ့ တက္ကသိုလ်မှာ ဘယ်လိုတွေဂယက်ထကြမလဲ.. ? ဒရမ်မာတွေ မပါဘဲ ပေါ့ပေါ့ပါးပါး ဟာသကားလေးမို့ ပျော်ပျော်ပါးပါး ကြည့်ကြရမှာပါနော်။ နောက်ပြီးတော့ GMM ထုံးစံကားတွေလို မဟုတ်ဘဲ အတွဲက သုံးတွဲ ( ForceBook , PerthSenta, ...

Perfect 10 Liners (2024) Complete

2024
The Potato Lab (2025) [Complete] 8.3
The Potato Lab (2025) [Complete] The Potato Lab (2025)************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီတစ်ခေါက်မှာတော့ မင်းသား Kang Tae-Oh စစ်မှုထမ်းပြီး  ပထမဆုံးရိုက်ကူးထားတဲ့comeback drama လေး ထွက်ရှိလို့လာပါပြီ။ဒီအချစ်ဟာသကားလေးထဲမှာတော့ ပရိသတ်အချစ်တော် မင်းသမီး Lee Sun-Bin နဲ့Kang Tae-Oh တို့အပြင် My Dearest ထဲမှ Lee Hak-Joo တို့မှအဓိကပါဝင်ထားပြီးShin Hyun-Seung ၊ Kim Ga-Eun ၊ Yoo Seung Mok စတဲ့ ပရိသတ်တို့နဲ့ မစိမ်းတဲ့သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~အာလူးတွေကို သုတေသနလုပ်တဲ့အဖွဲ့မှာ အလုပ်လုပ်နေတဲ့ လုပ်သက် ၁၂ နှစ်ရှိပြီဖြစ်တဲ့သုတေသနပညာရှင် Kim Mi Gyeong (Lee Sun-Bin) ဟာ ကြည့်လိုက်ရင်တော့အလုပ်လက်မဲ့တစ်ယောက်လို ဆိုပေမဲ့ ပါးစပ်ဟလိုက်တာနဲ့ ဇီဝဗေဒဆိုင်ရာအသုံးအနှုန်းတွေ ထွက်လာတတ်သူပါ။ဒီလို အလုပ်ရူးလေးဖြစ်ပြီး အေးချမ်းလှတဲ့ ...
8.3
TMDb: 8.3/10 296 votes
tv

The Potato Lab (2025) [Complete]

2025

Genres

Archives