Channel Myanmar

Content at random


Movies

SEE ALL
My Summer With Irène aka Quell’estate con Irène (2024) 6.1
My Summer With Irène aka Quell’estate con Irène (2024) My Summer With Irène 2024 Imdb 6/10အီရန်နဲ့ဖြတ်သန်းခဲ့ရတဲ့နွေရာသီက အရမ်းကိုမှလှပပါတယ် ရိုးအီနေတဲ့အရာတွေဖြစ်ပျက်နေတဲ့ကျွန်မရဲ့ပတ်ဝန်းကျင်ကို အသစ်အဆန်းတွေနဲ့အရောင်စုံစေခဲ့တဲ့သူမ သူမရှိတဲ့နွေရာသီကိုမတွေးကြည့်နိုင်သလို သူမရှိဘဲအသစ်အသစ်တွေကို ခုလိုမျိုးစိန်ခေါ်နိုင်ပါ့မလားရောဂါကုထုံးကိုခံယူနေကြတဲ့လူနာတွေ ဒီထဲမှာ ကလာရာနဲ့ အီရန်တို့လည်းအပါအဝင်ပေါ့ ငယ်ဘဝကိုတခြားကလေးတွေလိုမဖြတ်သန်းရဘဲ ကုထုံးပြီးအောင်သာ အန်တုရင်းဖြတ်သန်းနေရသူတွေ အချင်းချင်းမသိကြတဲ့လူတွေကြားထဲ ဒီ၂ယောက်ကသွားပေါင်းမိကြတယ်အရင်ကမလုပ်ဖူးတဲ့စိန်ခေါ်မှုကတော့ ဒီလိုနေရာကထွက်ပြေးပြီးပင်လယ်ကမ်းခြေဆီသွားအပန်းဖြေဖို့ပါပဲ နေရောင်နဲ့မတည့်ကြတဲ့လူတွေဖြစ်လို့ နေရောင်အောက်ကိုတောင်သိပ်မထွက်နိုင်ကြတဲ့သူတို့က ဘယ်သူမှမသိအောင်ကမ်းခြေဆီခိုးထွက်လာရင်း နွေရာသီကိုဘယ်လိုဖြတ်သန်းကြမလဲ ရောဂါကိုအန်တုဖို့ကြိုးစားနိုင်မလားဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ် ) File size… 1.5 GB / 808 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni 
movie

My Summer With Irène aka Quell’estate con Irène (2024)

Kozhipannai Chelladurai (2024) 7.9
Kozhipannai Chelladurai (2024) Kozhipannai Chelladurai (2024) "မိဘမဲ့"ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ တမီးလ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်ဟာသမင်းသား ယိုဂီဘာဘူလည်း တစ်ထောင့်တစ်နေရာက အားဖြည့်ထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဆူဒါနဲ့ ချလာဒူရိုင်တို့မောင်နှမဟာ ဖောက်ပြန်ပြီး ခိုးရာလိုက်သွားတဲ့မိခင်၊ စိတ်ညစ်ပြီး ကလေးတွေကို ဆက်မစောင့်ရှောက်နိုင်တော့တဲ့ ဖခင်ကြောင့် အဘွားအိမ်ကို ရောက်လာခဲ့တယ်ဒါပေမဲ့ ကံထပ်ဆိုးချင်တော့ အဘွားဖြစ်သူပါ ဆုံးပါးသွားတဲ့အတွက် သူတို့မောင်နှမနှစ်ယောက်ဟာ သူများပေးကမ်းတာတွေနဲ့ အသက်ရှင်နေရတဲ့အချိန် ရွာသားတစ်ယောက်က သူ့ရဲ့ကြက်ခြံမှာ အလုပ်တစ်ခုပေးခဲ့ပါတယ်လောကဓံကို သူတို့မောင်နှမ ဘယ်လိုဆက်လက်ရင်ဆိုင်မှာလဲ ဘယ်လိုဆူးငြှောင့်ခလုတ်တွေနဲ့ ရင်ဆိုင်ရဦးမှာလဲ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 3.08 GB / 1.54 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Kozhipannai Chelladurai (2024)

Mooru Kaasina Kudure (2024)
Mooru Kaasina Kudure (2024) Mooru Kaasina Kudure 2024 (တက္ကစီပေါ်က ဇာတ်လမ်းလေး)ဒါနူးဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဇာတ်ကားမှာ နေရာကောင်းရနိုင်ဖို့အတွက် ဒါရိုက်တာကို ရူပီး၅သိန်းပေးရမှာဖြစ်တဲ့အတွက် ဆိုနူးက ပိုက်ဆံကို သူရှိတဲ့ ဂျေပီနဂါးကို လာယူခိုင်းပါတယ်။ အိမ်ကမသိအောင်ပေးမယ့် ဆိုနူးတစ်ယောက်က မြန်မြန်ကိစ္စပြတ်အောင် တက္ကစီငှားလာဖို့ပြောတဲ့အတွက် ဒါနူးတစ်ယောက် ကားငှားပြီးတော့ အမြန်သွားပါတော့တယ်။ဒီလိုနဲ့ လမ်းက ပိတ်လို့ ရှောင်မောင်းနေရရင်း လမ်းတစ်နေရာအရောက်မှာ ဒါနူးစီးလာတဲ့ကားပေါ်ကို ကောင်မလေးတစ်ယောက်က ရေးကြီးသုတ်ပျာနဲ့ တက်လာခဲ့ပါတော့တယ်။အဲဒီကောင်မလေးကတော့ ဝန်ကြီးရာမူရသီရဲ့သားနဲ့ မင်္ဂလာဆောင်တော့မယ့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ မာဟန်ဒရာဗာမာရဲ့ သမီးလေးဆိုပြီး သူ့ကိုယ်သူ မိတ်ဆက်လာပါတယ်။ဒီမင်္ဂလာပွဲကို လက်မခံဘဲ သူ့ချစ်သူနဲ့အတူ ပေါင်းဖက်ချင်တဲ့အတွက် အိမ်ကနေ ထွက်ပြေးလာခဲ့တာဖြစ်ပြီး သူ့အဖေကလည်း သူ့သမီးကို ပြန်ဖမ်းမိနိုင်ဖို့ သူ့လူတွေကို လွှတ်ပြီး ဖမ်းခိုင်းပါတော့တယ်။အဲဒီကောင်မလေး ဒါနူးငှားစီလာတဲ့ကားပေါ်ကိုရောက်လာပြီးနောက် နောက်ကလိုက်လာတဲ့သူတွေကို မမီနိုင်အောင်မောင်းပြေးရင်းနဲ့ ဒါနူးတစ်ယောက် သွားချင်တဲ့နေရာကို မရောက်ဘဲ ကားပေါ်မှာ သောင်တင်နေပါတော့တယ်။ ဒီလိုနဲ့ ဒါနူးတစ်ယောက် လိုရာပန်းတိုင်ကို ရောက်သွားနိုင်မှာလား ..... သူဌေးသမီးလေးဆိုတဲ့ကောင်မလေးကရော သူမဆောင်ချင်တဲ့မင်္ဂလာပွဲကနေ လွတ်မြောက်သွားနိုင်မှာလား .....တက္ကစီတစ်စီးပေါ်မှာတင် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ဘယ်လိုတွေ ဖြစ်လာမလဲ.... ဆိုတာတွေကို ကြည့်ရှုရမယ့် ...
movie

Mooru Kaasina Kudure (2024)

The Haunting of the Tower of London (2023) 5.2
The Haunting of the Tower of London (2023) The Haunting of the Tower of London (2022)အင်္ဂလန်ရဲ့ Tudorအိမ်တော်က ဘုရင်တွေလက်ထပ်က ဇာတ်လမ်းပါ။ အင်္ဂလန်နန်းတွင်းကားကိုမှ Horror vibeနဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါ။ အတ်ဒဝတ်ဘုရင် လက်ထပ်မှာ အယ်လီဇဘက်မိဘုရားရဲ့ သားတော်နှစ်ပါးသေဆုံးသွားပါတယ်။ နန်းတော်ထဲက ထွက်ခဲလှတဲ့ သားတော်နှစ်ပါးသေဆုံးသွားတဲ့ တရားခံက နန်းတော်ထဲမှာပဲရှိမယ်ယူဆပြီး ရှာကြပါတယ်။ အတ်ဒဝတ်ရဲ့ ထီးနန်းကို လိုချင်နေတဲ့ ရစ်ချက်ဟာ နာမကျန်းဖြစ်နေတဲ့ အတ်ဒတ်ရဲ့ သားတော်နှစ်ပါးမရှိတော့တဲ့နောက် ထီးနန်းကို သူရမှာသေချာသလောက်ဖြစ်နေတဲ့အတွက် တရားခံကိုရစ်ချက်လို့ အယ်လီဇဘက်ရဲ့ အစေခံက ထင်ထားပါတယ်။ ဒါပေမဲ့ ဘာသက်သေမှမရှိခဲ့ပါဘူး။ဒီတော့ အယ်လီဇဘက်ရဲ့အစေခံဟာ နန်းတော်ပြင်ပက သရဲတစ္ဆေတွေကို မြင်နိုင်တဲ့ စကားပြောနိုင်တဲ့ သူတစ်ယောက်အကြောင်း သဲ့သဲ့ကြားပြီး အဲဒီလူကို နန်းတော်ကိုခေါ်လာပြီး မင်းသားလေးတွေရဲ့ ဝိညာဉ်နဲ့ စကားပြောခိုင်းပြီး တရားခံဖော်ဖို့လုပ်တဲ့အခါမှာတော့.....သရဲကားလည်းဟုတ်သလို နန်းတွင်းကားလည်းဟုတ်သလို နှိပ်စက်ခန်းတွေလည်း မနည်းပါပါတယ်။ လိင်ဆက်ဆံခန်းတစ်ချို့လည်းပါတာကြောင့် မိသားစုနဲ့ ကြည့်လို့ အဆင်မပြေပါဘူး။ ...
movie

The Haunting of the Tower of London (2023)

[18+] Baligtaran (2024)
[18+] Baligtaran (2024)  [18+] Baligtaran (2024)ကတ်ဟာ ဒီဂျေကောင်မလေးတစ်ယောက်ဖြစ်ပြီး ငယ်ဘ၀ဖြစ်စဉ်တစ်ခုကြောင့် ယောက်ျားတွေကို ကြောက်ရွံ့ရှောင်တိမ်းတတ်ပါတယ်။တစ်နေ့တော့ သူတို့ဘားပိုင်ရှင်နဲ့အတူပါလာတဲ့ ဒနိစ်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံပြီးဒနိစ်ရဲ့ဖြားယောင်းသွေးဆောင်မှုကြောင့် မိန်းကလေးချင်းဆက်ဆံဖူးတဲ့အတွေ့အကြုံကို ပထမဆုံးခံစားမိပြီး ဒနိစ်ကိုစွဲလန်းသွားပါတော့တယ်။ဒါပေမယ့် ကိုယ့်ကိုယ်ကို Pansexual တစ်ယောက်အဖြစ်ခံယူထားတဲ့ ဒနိစ်ကတော့ သူ့ကိုအတည်မတွဲပဲ တစ်ခြားသူတွေနဲ့ခိုးစားမြဲစားနေတဲ့အချိန်မှာတော့ကတ်တစ်ယောက် သူ့အနေအထားကို သူပြန်ဆန်းစစ်ဖို့ဖြစ်လာပါတော့တယ်။Pantaxa laiya ပြိုင်ပွဲဝင်ဟောင်း Apple Dy ကို အမိုက်စား DJ မမအဖြစ်စတိုင်အသစ်နဲ့မြင်ရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.2 GB) / (540 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:00:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

[18+] Baligtaran (2024)

2024
Adrenaline (2015)
Adrenaline (2015) Adrenaline (2015)RPM 7000 ကျော်လာတာနဲ့ အရာအားလုံးက မှုန်ဝါးလာပြီးတော့ စက်ကအလေးချိန်မဲ့သွားတယ် အရာအားလုံးကပျောက်ကွယ်သွားပြီးတော့ ကျန်ခဲ့တာကတော့ 7000 RPM အမြန်နှုန်းနဲ့သွားနေတဲ့ခံစားချက်တစ်ခုပဲကျန်ခဲ့တယ် ဟုတ်ပါတယ် ဒါကပြိုင်ကားမောင်းရတဲ့အရသာပါပဲ အရာအားလုံးလေလိုဖြစ်နေပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးပြုတ်ထွက်မတတ်ဖြစ်နေပြီးတော့ အလွတ်လပ်ဆုံးဆိုတဲ့ ခံစားချက်ကို ရရှိလာမယ့်အချိန်ပေါ့ အခုဇာတ်ကားလေးထဲက ပြိုင်ကားမောင်းသမားကတော့ အက်ဆီဒန့်တစ်ခုကြောင့် မသန်မစွမ်းဖြစ်သွားတဲ့အချိန်မှာ သူ့ဘဝရဲ့အမြတ်နိုးဆုံးအရာ ပြိုင်ကားမောင်းခြင်းကို စွန့်လွှတ်လိုက်ရပါတယ်... ရေကူးကျွမ်းသူရေမှာသေတယ် ငှက်ဆိုတာပျံရင်းသေတယ် လူဆိုတာကြံရင်းသေတယ် ပြိုင်ကားမောင်းသမားကလည်း ပြိုင်ကားမောင်းရင်းသေချင်မှာပါပဲ.... အဲ့တော့ ကားပြိုင်တာစစ်စစ်ကိုမှ ကြည့်ချင်တဲ့ အင်ဂျင်သံဂီယာထိုးသံတွေကိုမှ ခံစားနှစ်သက်တတ်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အခုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်....အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပါGenre..... Drama, Sports Quality…. 1080p WEB-DL | 720p WEB-DL File size… 1.5GB | 729MB Format… mp4 Duration….  1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Saii Thurein Lynn Encoder ..... Aaron
movie

Adrenaline (2015)

2015
Volcano High (2001) 5.9
Volcano High (2001) Volcano High (2001)ကိုရီးယားဇာတ်ကား ကြည့်ရှုသူတိုင်း မစိမ်းမဲ့ မင်းသား၊ မင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဟောင်း တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးကို အုပ်စိုးနိုင်မယ့် ဆက်ခံသူသာ လက်ဆင့်ကမ်းနိုင်မယ့် "လျှို့ဝှက်ကျမ်းစာအုပ်" တစ်အုပ် ရှိပါတယ်။ဝမ်ဆန်ဟိုအထက်တန်းကျောင်းမှာလည်း ကျောင်းအုပ်ဆီကနေ ဒီကျမ်းစာအုပ်ကို ရနိုင်ဖို့ လှုပ်လှုပ်ခတ်ခတ်နဲ့အချင်းချင်း သူတစ်လူ ငါတစ်မင်း အုပ်စုဖွဲ့ အားပြိုင်နေကြချိန်။ဒီလိုနဲ့ မိုးကြီးလေထန်တဲ့တစ်နေ့မှာ ၉ ကျောင်းမြောက် ကျောင်းပြောင်းလာတဲ့ ဂင်မ်ဂယောင်ဆူးလည်း ဝမ်ဆန်ဟိုအထက်တန်းကျောင်းဆီ ရောက်လာပါတော့တယ်။ ဒီကျောင်းမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျောင်းပြီးဖို့ပဲ မျှော်လင်ထားတဲ့ ဂင်မ်ဂယောင်ဆူးတစ်ယောက် ဝမ်ဆန်ဟိုကျောင်းက တိုက်ပွဲတွေကို ရှောင်ရှားနိုင်မလားဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်Genre..... Action, Comedy, Fantasy Quality…. 1080p WEB-DL | 720p WEB-DL File size… 3.1GB | 1.5GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Volcano High (2001)

Taken from Rio Bravo (2024)
Taken from Rio Bravo (2024) Taken from Rio Bravo 2024‌ခါးကြားထဲသေနတ်လေးထိုးပြီး သက္ကလပ်ဦးထုပ်နဲ့ ဖိနပ်မှာဆူးလေးတပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်းဘွိုင်ကြီးအဖြစ် ငယ်ငယ်က စိတ်ကူးယဉ်ဖူးခဲ့ကြလား သိတဲ့အတိုင်း ကောင်းဘွိုင်ဆိုတာမျိုးက ဘာမှန်းသာမသိပေမယ့် စတိုင်ကကျ အထာကလန်းနေတော့ မသိလည်း ကြိုက်ခဲ့ရတာပေါ့... အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း လုံးဝကောင်းဘွိုင်အရသာအပြည့်အဝနဲ့ ဖီလင်ကိုပေးမှာပါ ဇာတ်အိမ်တည်ထားတာက ၁၈၀၀ ပြည့်နှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ပြီးစပေါ့ တရားဥပဒေဆိုတာစိုးမိုးဖို့ ကြိုးစားနေကကြပေမယ့် ခါးကြားထဲကခြောက်လုံးပြူးနဲ့လူတိုင်း သောင်းကျန်းနေကြတဲ့ခေတ်ပေါ့ အဲ့အချိန် ဇာတ်လိုက်ကျော်ရဲ့မိတ်ဆွေရဲမှူးရဲ့ဇနီးလောင်းညီအမကို လူကုန်ကူးဖို့ ဂိုဏ်းတစ်ခုကဖမ်းသွားတဲ့အခါမှာ နောက်ကလိုက်ကယ်ဖို့ ကြိုးစားရပါတော့တယ် အပစ်အခတ်ကတော့ ပြောစရာမလို တဒိုင်းဒိုင်းနဲ့ကို ကောင်းဘွိုင်ကားအစစ်ပါပဲ ဇာတ်လိုက်ကျော်ကလည်း အပြင်ကတကယ့်လူကို မှီငြမ်းပြီးပုံဖော်ထားတာဖြစ်ပြီး သူကရုရှားနိုင်ငံသားကနေ အမေရိကန်ရွှေ့ပြောင်းလာပြီး ပြည်တွင်းစစ်မှာဗိုလ်ချုပ်ဖြစ်သွားတဲ့သူဆိုတော့ စိတ်ဝင်စားစရာဇာတ်ကောင်ပါပဲ... အဲ့တော့ ပရိသတ်ကြီးပဲအပန်းဖြေကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ဖြစ်ပါတယ်Genre..... Action, Western Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB |  628MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein ...
movie

Taken from Rio Bravo (2024)

Peter Five Eight (2024)
Peter Five Eight (2024) Peter Five Eight (2024) ‧American Beauty (1999)ရုပ်ရှင်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့တဲ့ မင်းသားကြီး Kevin Spaceyရဲ့ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဆမ်က အောင်မြင်တဲ့ အိမ်ခြံမြေပွဲစားတစ်ယောက်။ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်တတ်တဲ့ ခင်ပွန်းသည်ဖြစ်သူနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နေနေကြတဲ့ သာမာန်စုံတွဲတစ်တွဲပေါ့။ လင်မယားနှစ်ယောက်လုံးက အရက်သမားတွေ။ အလုပ်မှာထူးချွန်ပေမဲ့ အရက်သမားလုံးလုံးဖြစ်နေတဲ့ ဆမ်ကို လုပ်ဖော်ကိုင်ဖက်ဖြစ်သူတွေက သိပ်မကြည်ကြ။ ဆမ်ရဲ့နောက်ကြောင်းကို တိတ်တဆိတ်လိုက်စုံစမ်းထောက်လှမ်းနေသူကတော့ ပီတာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ကီဗင်။ ပီတာက ဆမ့်မှာ မှောင်မိုက်ပြီးလူသိမခံဝံ့တဲ့အတိတ်တစ်ခုရှိတာကို ဖော်ထုတ်ဖို့ကြိုးစားနေရင်း နှစ်ယောက်သား ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Comedy, Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 596MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Peter Five Eight (2024)

Ghost’s News (2023)
Ghost’s News (2023) သရဲလေးတစ်ယောက် အသည်းကွဲနေတယ် (၂၀၂၄)ထိုင်းကားတွေမှာ သရဲကားကို အခွီလေးတွေ ရိုက်ရင် ထိမိနေအောင် ရိုက်တတ်ကြပါတယ်။ ဒီကားကလည်း ဒီလိုမျိုး မကြောက်ဘဲ ရယ်နေရတဲ့ သရဲကားမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ "အသည်းကွဲသရဲ" အကြောင်းပါပဲ။ ချစ်ရတဲ့ ကောင်မလေးဆီကနေ အထင်လွဲခံလိုက်ရတဲ့ Bert ဆိုတဲ့ ကောင်လေးက ရေနစ်သေပြီးတော့ သရဲ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကတော့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အလောင်းကောင်တစ်ကောင် ငုတ်တုတ်ထိုင်နေတဲ့ပုံတစ်ပုံက လူမှုကွန်ရက်မှာ ပြန့်လာခဲ့တာပါပဲ။ ညတွင်းချင်း ကြည့်ရှုသူပေါင်း သန်းနဲ့ချီ ရှိလာခဲ့တာကြောင့် သတင်းသမားတွေက ဒီသတင်းကို အလုအယက် လိုက်ကြပါတော့တယ်။ သတင်းသမားတစ်သိုက်နဲ့ ဒီသရဲရဲ့ အလွဲလွဲ အချော်ချော် ဖြစ်ရပ်တွေကို အသောအခွီတွေနဲ့ ရယ်မောကြည့်ရှုရမှာကတော့ အသေအချာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Wadi Nwe Aung ပဲ ဖြစ်ပါတယ်။Genre.....Comedy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 677MB Format… mp4 Duration…. 1h 54min Subtitle…. ...
movie

Ghost’s News (2023)

Woman of the Hour (2024) 6.7
Woman of the Hour (2024)  ၁၉၇၈ ခုနှစ်က ကွင်းဆက်လူသတ်သမားရတ်ဒ်နီဟာThe Dating Game တီဗီရှိုးမှာ သူပါဝင်ခဲ့စဥ်အချိန်ကမင်းသမီးဖြစ်ဖို့ကြိုးစားနေတဲ့ရှယ်လ်နဲ့ တွေ့ဆုံမှုတစ်ဖြတ်ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ Crime Thrillerရုပ်ရှင်ဖြစ်ပါတယ်။ရတ်ဒ်နီဟာ အမျိုးသမီးနဲ့မိန်းမငယ်လေးတွေအများကြီးကိုမုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ သွေးအေးကွင်းဆက်လူသတ်သမားတစ်ယောက်ပါ။ ရတ်ဒ်နီအတွက် ကလေးဘဝမှာစိတ်ထိခိုက်တာ၊ အနိုင်ကျင့်ခံခဲ့ရတာအစရှိသဖြင့် လူသတ်သမားဖြစ်လာ​စေတဲ့အကြောင်းရင်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ဥာဏ်ကြီးရှင်တစ်ယောက်ရဲ့ IQ အဆင့်ရှိတဲ့ရတ်ဒ်နီက ချောတယ်။အပြောအဆိုတတ်တယ်။ အပေါင်းအသင်းဆံ့တယ်။အချစ်ခံရတဲ့မိသားစုကနေကြီးပြင်းလာတာလည်းဖြစ်ပေမယ့်မုဒိမ်းမှုနဲ့လူသတ်မှုတွေကို အရသာခံလုပ်ဆောင်ခဲ့တာပါ။ရတ်ဒ်နီဟာ လူသတ်မှုခုနှစ်ခုနဲ့ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရပေမယ့်ရှေ့နေတွေရဲ့အဆိုအရတော့ သူသတ်ခဲ့တဲ့မိန်းကလေးတွေဟာ၁၃၀ ကျော်အထိရှိနေနိုင်တာပါပဲ။ ရတ်ဒ်နီကို စိတ်ဝိညာဥ်တစ်ခြမ်းနဲ့မွေးဖွားလာတဲ့လူသတ်သမားလို့လည်း ခေါ်ဆိုကြပါတယ်။ The Woman of the Hour မှာတော့ ရတ်ဒ်နီနဲ့ရှယ်လ်တို့တွေ့ဆုံခဲ့စဥ်ကာလအတွင်း ရတ်ဒ်နီရဲ့သတ်ဖြတ်မှုတွေကိုချောက်ချားစရာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။  File size… 1.36GB / 662MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Woman of the Hour (2024)

Do Patti (2024)
Do Patti (2024) Do Patti (2024) "မျက်နှာနှစ်ဖက်"Netflix မှ အသစ်ထွက်ရှိလာတဲ့ မင်းသမီးချောနှစ်လက်နဲ့ ဟင်ဒီရုပ်ရှင်ကားလေးကို ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်ငယ်ရွယ်တဲ့အလှ- ကရီတီဆန်နွန်နဲ့ မင်းသမီးကြီး ကာဂျိုးလ်တို့နှစ်ယောက် Diwale(2015)နောက်ပိုင်း ကိုးနှစ်ကြာမှ ပြန်တွဲရိုက်တဲ့ ဒီရုပ်ရှင်လေးမှာဆိုရင် မင်းသမီးကြီး ကာဂျိုးလ်က တည်ငြိမ်ရင့်ကျက်တဲ့ အင်စပတ်တာအရှာရှိမလေးအဖြစ်သရုပ်ဆောင်ထားပြီး ကရီတီဆန်နွန်ကတော့ စရိုက်နှစ်မျိုးနဲ့ အမြွှာညီမနေရာကနေ သရုပ်ဆောင်တင်ဆက်ထားပါတယ်ဗီဒ်ယာဟာ တရားသူကြီးဖခင်၊ ရှေ့နေမိခင်တို့ရဲ့ခြေရာကို လိုက်နင်းဖို့ကြိုးစားနေတဲ့ အင်စပတ်တာအရာရှိမလေးတစ်ယောက်ဖြစ်ပြီး အလုပ်နဲ့ကိုယ်ရေးကိုယ်တာ နှစ်ဖက်လုံးမှာ ကိုယ်ဘဝကိုယ်အားမရဖြစ်နေသူတစ်နေ့မှာ ဘာရယ်မဟုတ် သာမန်အိမ်တွင်းအကြမ်းဖက်မှုထင်ရတဲ့ ဖုန်းခေါ်ဆိုတိုင်ကြားချက်တစ်ခုကနေ စောမြနဲ့ ရှာလီဆိုတဲ့ အမြွှာညီအစ်မအကြောင်းတစ်စွန်းတစ်စသိလာရတယ်အချစ်အတွက်ယှဥ်ပြိုင်ဘက်လည်းဖြစ် စရိုက်လက္ခဏာဆန့်ကျင်ဘက်ဖြစ်တဲ့ ညီအစ်မနှစ်ယောက်ကြားက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကတော့ ....အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.47 GB / 758.51 MB Quality…WEB DL 1080p HEVC / 720p Format…mkv/ mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Do Patti (2024)

Terrifier (2016) 5.6
Terrifier (2016) Terrifier(2016)ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့ အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလို့ပြောချင်ပါတယ်။ဒါရိုက်တာ၊ဇာတ်လမ်းရေးဆရာ Damien Leone က 2011 တုန်းကသူ့ရဲ့ မိနစ်၂၀စာ ဇာတ်လမ်းတိုTerrifier ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။အဓိကဇာတ်ကောင် Art the clown ဟာ အရင်က All hallows' eve ဇာတ်လမ်း နဲ့ The 9th circle ဇာတ်လမ်းတိုတို့မှာလည်း ပါဝင်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာ ပီဇာဆိုင်ကိုသွားကြပါတယ်။ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီး တယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက် သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီး အနီးအနားကဂိုထောင်တစ်ခုထဲကို သန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်။ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန် ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာ ပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊ ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကို သူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်း လှည့်ကြည့်လိုက်တဲ့အခါ...  Translated by ; Pyi T NyeinEncoded by YKQuality : 1080p Blu-Rayx264 and 720pFile Size : 1.8GB and ...
movie

Terrifier (2016)

2016
Mr. Crocket (2024)
Mr. Crocket (2024) Horror ကားတွေ ကြိုက်နှစ်သက်တဒ့သူတွေအတွက် မကြာသေးခင်က ထွက်ရှိထားတဲ့ Mr. Crocket နဲ့ မိတိဆက်ပေးပါရစေ။ Hulu က ထွက်ရှိထားတာဖြစ်ပြီး run timeကလည်း သိပ်မကြာမြင့်ပါဘူး။ Mr. Crocket ဆိုတာ တကယ်တော့ ကလေးတွေအကြိုက် show တင်ဆက်သူ ဖြစ်ပါတယ်။Mr. Crocket ဟာ ငယ်ဘဝမှာ ဖခင်ဖြစ်သူဆီက နှိပ်စက်မှုကို ခံခဲ့ရသူပါ။ အရွယ်ရောက်လာချိန်မှာ ကလေးတွေအားလုံးကို မိဘဆိုးတွေလက်ထဲက ကယ်တင်ပြီး ပျော်အောင်လုပ်ပေးချင်တဲ့အတွက် Mr. Crocket ဆိုတဲ့ show ကို စတင်ခဲ့ပါတယ်။ သိူ့ပေမယ့်လည်း ရဲတွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ဆုံးပါးသွားပါတယ်။သူမသေခင်မှာ ငရဲဘုံတစ်ခုကို ဖန်တီးပြီး အလဲအထပ်အနေနဲ့ မိဘဆိုးတွေကို ငရဲပြည်ပို့ကာ ကလေးတွေကို သူ့အနားမှာ ခေါ်ထားခဲ့ပါတယ်။ Summer ဆိုတဲ့ အမျိုးသမီးဟာလည်း သူ့ရဲ့သားလေး ဖြစ်တဲ့ Major ကို Mr. ...
movie

Mr. Crocket (2024)

Demise (2024)
Demise (2024) ကေလပ်ကာစတီလိုဟာ သူ့ရဲ့ဇနီးဖြစ်သူဆလင်းနဲ့ပျော်ရွှင်ရတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပေမဲ့ တက်သစ်စဖက်ရှင်ဒီဇိုင်နာ"ဖီယိုနာ"နဲ့ ဖောက်ပြန်နေခဲ့ပါတယ် ဇနီးကိုလည်းချစ်နေသေးပြီးမထားခဲ့နိုင် တစ်ဖက်ကတိတ်တခိုးချစ်သူကိုလည်းလက်မလွှတ်နိုင်ဘဲ​ဖြစ်နေပါတယ်ဖီယိုနာကိုယ်တိုင်ကလည်း ကေလပ်မှာ အိမ်ထောင်ရှိတာကို သိသိလျက်နဲ့ ချစ်လွန်းလို့ဆိုပြီးရှေ့ဆက်တိုးနေတာပါ ဇနီးဖြစ်သူ"ဆလင်း"ကတော့ ကလေးယူဖို့အတွက်အရမ်းကိုစိတ်အားထက်သန်နေပါတယ် ဒါပေမဲ့ သူမဘက်ကချို့ယွင်းချက်ရှိနေတာကြောင့်ကလေးမရနိုင်မှန်းသိလိုက်ရလို့ဝမ်းနည်းစိတ်ပျက်နေစဥ်မှာပဲ ယောက်ျားဖြစ်သူဖောက်ပြန်နေတာကိုပါ တစ်ချိန်တည်းသိလိုက်ရပါတယ်အဲ့ဒါကြောင့် သူတို့လင်မယားကွဲပြီး ကေလပ်ကဖီယိုနာနဲ့ တရားဝင်းပေါင်းသင်းလိုက်ပါတယ် ဒါပေမဲ့ အခဲမကြေဖြစ်နေတဲ့ဆလင်းက သူ့ယောက်ျားကိုလွယ်လွယ်လက်လွှတ်ပေးခဲ့တာတော့မဟုတ်ပါဘူး သူမပိုင်ဆိုင်ထားတဲ့အရာတွေကို လုယူသွားဆဲ့ ဖီယိုနာဆီကနေ ထိုအရာတွေကိုပြန်လည်ရယူဖို့အတွက် နည်းလမ်းပေါင်းစုံသုံးပြီးကြိုးစားပါတော့တယ်File size…(1.2 GB)/(596 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Eunice 
movie

Demise (2024)

Cypher (2002)
Cypher (2002) သာမန်ကျေးလက်ဘဝလေးကို စိတ်ကုန်နေတဲ့ မော်ဂန်ဆူလီဗန်ဆိုတဲ့ လူတစ်ယောက်က အန္တရာယ်သိပ်များတဲ့ ကော်ပိုရိတ်ထောက်လှမ်းရေးအလုပ်တစ်ခုကို လုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ ဒီဂီခေါ့အတွက် ထောက်လှမ်းရေးစပိုင်လုပ်ရင်း ပြိုင်ဘက််အဖွဲ့အစည်းက ရီတာဖိုစတာဆိုတဲ့ ကောင်မလေးနဲ့ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်မော်ဂန်ဆူလီဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ ဂျရမီနော်သန်ဟာ Sitges ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီကားနဲ့ ရရှိထားပါတယ် ဒီကားဟာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းမြုပ်ကွက်တွေကြောင့် ဝေဖန်မှုတွေ အများကြီးရထားတဲ့ ဇာတ်ကားတစ်ကားလဲ ဖြစ်တာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲFile size…(2 GB)/(915 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...  Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon 
movie

Cypher (2002)

A Prince in Paradise (2023) A Royal in Paradise 6.4
A Prince in Paradise (2023) A Royal in Paradise  A Prince in Paradise (2023) A Royal in Paradise(IMDb rating 6.4) ရထားပြီး ဒါရိုက်တာ Andrian Powers က စီစဥ်ရိုက်ကူးထားပါတယ်။အိုလီဗီယာဆိုတဲ့စာရေးဆရာမတစ်ယောက်ဟာ သူနှစ်ရှည်ကြာတွဲလာခဲ့တဲ့ ရည်းစားနဲ့ပြတ်သွားပါတယ်။သူ့ရည်းစားက အလုပ်ကိစ္စကြောင့် အချိန်မပေးနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သူ့ကို ထားသွားတာပါ။အချစ်ဇာတ်လမ်းတွေ သီကုံးရေးဖွဲ့တတ်တဲ့ အိုလီဗီယာဟာ ကိုယ်တိုင်အသဲကွဲရတဲ့အခါမှာတော့ ဝတ္ထုဆက်ရေးဖို့ အခက်တွေ့ပါတော့တယ်။ဒီလိုနဲ့ စွန့်စားခန်းတွေ ထပ်ရှာဖို့အတွက် အပူပိုင်းဇုန်ဆီကို ခရီးထွက်လာရပါတော့တယ်။ခရီးက သူ့ကို အရင်တုန်းကလို သူစာတွေပြန်ရေးနိုင်စေပါ့မလား။ဒီ A Royal In Paradise 2023 ဟာ drama ကားဖြစ်ပါတယ်။အေးအေးဆေးဆေးနဲ့ ကြည်နူးဖို့ကောင်းပြီး ဇာတ်မြူးတဲ့ ရုပ်ရှင်ကားပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)File size…(2 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:30:54 Subtitle….Myanmar ...
movie

A Prince in Paradise (2023) A Royal in Paradise

2023
Hitler (2024) 7.6
Hitler (2024) Hitler (2024) "ဟစ်တလာ" IMDb - 7.6/10စွယ်စုံရတောင်ပိုင်းမင်းသားကြီး ဗီဂျေးအန်တိုနီရဲ့ တမီးလ်အက်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ရွေးကောက်ပွဲကာလ နီးကပ်နေတဲ့အချိန်။ ဝန်ကြီးချုပ်ဖြစ်ဖို့အရေး ငွေဘယ်လောက်သုံးရသုံးရ၊ လူဘယ်လောက်ပဲ သတ်ရသတ်ရ ဝန်ကြီးချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်။တမီးလ်မှာ လက်နက်ကိုင်အကြမ်းဖက်တာကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ကြားက ဆက်စပ်မှုမရှိကြတဲ့ လူမိုက်သုံးယောက် ပစ္စတိုတစ်လက်တည်းနဲ့ပစ်သတ်ခံလိုက်ရပါတယ်။အဲဒီအမှုကိုစုံစမ်းဖို့ တာဝန်ပေးခံရတဲ့ ရဲအရာရှိတစ်ယောက်။ ချန်နိုင်းကို အင်တာဗျူးဖြေဖို့ဆိုပြီး သူ့ကိုဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ဆီမှာ သူငယ်ချင်းကလည်း ငါ့ကိုမမှတ်မိတော့ဘူးလား ဘာညာဆိုပြီး လာနေတဲ့လူတစ်ယောက်။ ဒီသုံးယောက်ကြား ဘယ်လိုတွေဆက်စပ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.03 GB / 1.08 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Hitler (2024)

Mukaam (2024)
Mukaam (2024) Mukaam (2024) "အမေ့သားလှ ရွာအပြန်"ပန်ချာပီ မိသားစုကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ရွာလေးတစ်ရွာမှာ ပျော်ရွှင်စွာနဲ့နေထိုင်ကြတဲ့ မိသားစုတစ်ခု။ သားနှစ်ယောက်လုံးက လန်ဒန်ကိုသွားပြီးအလုပ်လုပ်ဖို့ရာ ဇောသန်နေတာမို့ ရှိတဲ့မြေကွက်နဲ့ လက်ဝတ်လက်စားလေးပေါင်နှံရောင်းချပြီးပေမဲ့ နိုင်ငံခြားလွှတ်ဖို့က တစ်ယောက်စာပဲရတာမို့ သားကြီးကိုအရင်လွှတ်လိုက်ပါတယ်။သားအကြီးကောင်က စာမလာအကြောင်းမကြားနဲ့မို့ အငယ်ကောင်ကို နိုင်ငံခြားမလွှတ်နိုင်တော့ဘဲ အိမ်ထောင်ပြုပေးလိုက်ပါတော့တယ်။မိသားစုကို စွန့်ခွာသွားတဲ့သားကြီးဖြစ်သူကို စိတ်နာပြီး အပြီးတိုင်မေ့ဖျောက်ထားခဲ့ပေမဲ့ မြေးဖြစ်သူအရွယ်ရောက်လာတဲ့အခါ လန်ဒန်ကိုထွက်ပြီး ဦးကြီးဖြစ်သူနဲ့ပြန်တွေ့တဲ့အခါမှာတော့။ ဘာကြောင့် မိသားစုကိုအဆက်အသွယ်မလုပ်ရတာလဲ...။ မိသားစုတွေပြန်လည်ဆုံစည်းမှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.5 GB / 983 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mukaam (2024)

Peacemaker (2022) 7.3
Peacemaker (2022) Peacemaker (2022)==============IMDb Rating - 7.3/10Suicide Squad 2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ပိစ်မိတ်ကာရဲ့ စီးရီးအသစ်ထွက်ပါပြီ။ သရုပ်ဆောင်ကလည်း တွေ့တဲ့အတိုင်း ဂျွန်စီနာ ပါပဲ။ ပိစ်မိတ်ကာဆိုတဲ့ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတဲ့ နာမည်နဲ့လိုက်အောင် ခရစ်စ် ဟာ ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားသူတစ်ယောက်ပါ။ ငြိမ်းချမ်းရေး ရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက် အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။ဒီစီးရီးကတော့ Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။ ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့ အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Mr.Anderson, Yoon Sandi Aung, ...
7.3
TMDb: 7.3/10 2300 votes
tv

Peacemaker (2022)

2022
Fishbowl Wives (2022) 8
Fishbowl Wives (2022) Fishbowl Wives (2022) ဇာတ်လမ်းတွဲအညွှန်း**************************************(18+) အပိုင်း (၁ မှ8) အထိ စ/ဆုံး(ပထမဦးစွာ ဒီစီးရီးကို အထူးသတိပေးလိုတာကတော့ မိသားစုနဲ့အတူလုံးဝမကြည့်သင့်သလိုအပိုင်း ၁ စလို့ အစမိနစ်လေးကို အစမ်းသဘောအနေနဲ့ ယောင်လို့တောင် လူကြားထဲမဖွင့်မိပါစေနဲ့လို့ပြောကြားလိုပါတယ်...ဒီလိုပြောလိုက်လို့  ဓာတ်ဆီတစ်ဂါလံ ၃ကားရတဲ့ Adult စီးရီးလို့မထင်လိုက်ပါနဲ့....နာမည်ကြီး Cast တွေသုံးထားတဲ့အပြင် ဇာတ်လမ်းသွားလည်းတကယ်ကိုကောင်းပါတယ်...)ဆာကူရာဟီရာဂါဆိုတဲ့ အမျိုးသမီးတစ်ဦး မတော်တဆမှု တစ်ခုကြောင့်သူမရဲ့ အိပ်မက်ကို လက်လွှတ်ခဲ့ရတယ်။ သူမဟာ အိမ်ထောင်ကျသွားပြီးသူမရဲ့ခင်ပွန်းသည်က hair salon တွေကို ဦးစီးတယ်ပေါ့။အင်မတန်းခမ်းနားထည်ဝါတဲ့ မိုးမြင့်အဆောက်အဦးရဲ့ ထိပ်ဆုံးအလွှာမှာ နေတဲ့လင်မယား၂ဦး။ အမျိုးသမီးတိုင်းဟာ သူမကို အားကျရတယ်။ ဒါပေမယ့်သူမရဲ့ ခင်ပွန်းက အိမ်ထောင်ရေး ပေါ်တင်ဖောက်ပြန်နေပြီး သူမကိုအိမ်တွင်းအကြမ်းဖက်တာမျိုးလုပ်တယ်။ တစ်နေ့မှာ ရွှေငါးလေးတစ်ကောင်ကိုအကြောင်းပြုပြီး သူမက အမျိုးသားငယ်လေးတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်...အိမ်ထောင်ရှင်မ ဇနီးသည် ၆ဦးရဲ့ ကြုံတွေ့ရတဲ့ အိမ်ထောင်ရေးအခက်အခဲကာမဆက်ဆံရာမှာ ကြုံရတဲ့အခက်အခဲတွေကို ကွင်းကွင်းကွက်ကွက် ပြသပေးမှာပါ။"ယောက်ျားတွေ ဖောက်ပြန်တာကျ ...
8
TMDb: 8/10 1 votes
tv

Fishbowl Wives (2022)

2022
Best Mistake 3 (2021)
Best Mistake 3 (2021) Best Mistake 3 (2021) ဇာတ်လမ်းတွဲအညွှန်း************************************အပိုင်းသစ် - ၁၆ (ဇာတ်သိမ်းပိုင်း)(အစ-အဆုံး ရပါပြီ) အရှေ့က Season 1+2 ထွက်ရှိခဲ့ပြီး တခဲနက်အောင်မြင်ခဲ့တဲ့ Webtoon drama ကောင်းလေး ဒီ Season 3 မှာတော့ uni life ကိုအဓိကရိုက်ကူးထားပြီး Season 2 မှာ ဂျီဟွန်းဟိုလေး သဝန်တိုခဲ့ရမယ့် ဒီ Season မှာတော့ ယွန်းဒူလေးရဲ့ သဝန်တိုခြင်းစတင်တော့မှာပါအရှေ့ပိုင်းမှာ အဆင်ပြေတဲ့နှစ်ယောက် ရုတ်တရက်ကြီး ယွန်းဒူဘက်က လမ်းခွဲစကားပြောခဲ့ပါတယ် အဲအချိန်မှာပဲ တတိယလူတွေထပ်ပေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ယွန်းဒူကရော ဘာလိုလမ်းခွဲတာလဲ ဟွန်းဟိုကရော လက်လျှော့လိုက်ပြီလား? Season 2 က အတွဲလေးတွေလည်း ပြန်ပါထားတာမို ဒီတစ်ခါတော့ အတွဲတွေအများကြီးကို ကြည့်ရတော့မှာပါ နောက်ထပ်လူသစ်တွေလည်း ပါသေးလို အဆင်တွေတစ်သိုက်ကြီး ကြည့်ရဦးမှာပါနော် အရမ်းအရမ်းကို ကြည့်ကောင်းလို လုံးဝလုံးဝကို လက်မလွှတ်လိုက်ဖိုပြောချင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shoon Thu ...

Best Mistake 3 (2021)

2019
Mirror: A Tale of Twin Cities ( 2022 )
Mirror: A Tale of Twin Cities ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ ရှေးခေတ်ကားလေး Mirror: Twin cities ပဲဖြစ်ပါတယ်ရှေးဒဏ္ဍာရီစကားတွေအရ နတ်ဘုရားတွေကဘုံခြောက်ဘုံအလယ်မှာ အလွန်အေးချမ်းသာယာတဲ့ယွီဟွမ်ဆိုတဲ့နေရာတစ်ခုကိုဖန်တီးထားကြတယ်တဲ့အလယ်ပိုင်းဒေသမြောင်မျိုးနွယ်ကမိန်းကလေးနာရှန်းဟာရန်ပွဲတွေကြောင့်သူတို့အိုးအိမ်တွေပျက်စီးသွားတဲ့အချိန်မှာယွီဟွမ်ဒေသကိုထွက်လာခဲ့ပါတော့တယ် ရေသူမျိုးနွယ်စူးမော့နဲ့ခုန်းစန်းမျိုးနွယ်ကအိမ်ရှေ့စံမင်းသမီးပိုင်ရင်းတို့ဟာလွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကမျှော်စင်ဖြူမှာ တွေ့ဆုံခဲ့ကြပါတယ်ပိုင်ရင်းက ခုန်းစန်းမျိုးနွယ်အိမ်ရှေ့စံမင်းသားကျန်းလန်နဲ့စေ့စပ်ထားသူဖြစ်ပြီးစူးမော့ကတော့ခုန်းစန်းမျိုးနွယ်တွေဖမ်းထားတဲ့ ပိုင်ရင်းရဲ့အစေခံရေသူမျိုးနွယ်တစ်ယောက်ပါ သုံးနှစ်လောက်အတူတူနေလာပြီးတဲ့အခါမှာတော့ပိုင်ရင်းကစူးမော့ကိုချစ်မိသွားပါတော့တယ်ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးတော့ ပိုင်ရင်းဟာ22kmမြင့်တဲ့မျှော်စင်ဖြူကနေခုန်ချပြီးသတ်သေသွားခဲ့ပါတယ်သူသတိရလာချိန်မှာ ခုန်းစန်းမျိုးနွယ်ကပျက်စီးခါနီးအခြေအနေရောက်နေပါပြီနှစ်ပေါင်းတစ်ရာကြာပြီးနောက် ယွီဟွမ်ဒေသကိုကျန့်လျိုမျိုးနွယ်တွေချုပ်ကိုင်နေချိန်မှာ စူးမော့ဟာသူ့အချစ်ဟောင်းပိုင်ရင်းကိုရှာဖို့ယွီဟွမ်ဒေသကိုပြန်လာခဲ့ပါတယ်အခက်အခဲမျိုးစုံကြားမှာ စူးမော့ဟာသူ့လူမျိုးတွေကိုပြန်ခေါ်ထုတ်ဖို့နဲ့သူ့ချစ်သူပိုင်ရင်းကိုပိုင်ဆိုင်ဖို့လုပ်လာရင်းဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှူခံစားရမှာပါအဓိကသရုပ်ဆောင်တွေအနေနဲ့ Legend of Chusen ထဲကမင်းသားချော Li Yifeng က ပင်လယ်ဘုရင် Su Mo အဖြစ်Heavenly sword and Dragon slaying sabre ထဲကမင်းသမီးချောလေး Chen Yuqi (ကျောက်မိန်)ကသခင်မလေးBai Ying အဖြစ် Love of thousand years ထဲကမင်သား Zheng Yecheng က ခုံစန်းအိမ်ရှေ့စံ Zhen Lan အဖြစ်ပါဝင်ထားကြတဲ့ Mirror :Twin Citiesဆိုတဲ့စိတ်ကူးယဉ်အိမ်မက်ဆန်ဆန်ရိုက်ကူးထားတဲ့ ...

Mirror: A Tale of Twin Cities ( 2022 )

2022
The One and Only (2021) 8.0
The One and Only (2021) The One and Only (2021)===================2021 မကုန်ခင်မှာ CMက ဘာသာပြန်တင်ဆက်ပေးမယ့် နောက်တစ်ကားကတော့ JTBCက ထုတ်လွှင့်ပြသမယ့် melodramaဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ငယ်စဉ်က မိဘစွန့်ပစ်တာခံခဲ့ရပြီး အဘွားလက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ Pyo In Sook(Ahh Eun Jin)က နာမကျန်းဖြစ်ခဲ့မှုကြောင့် အာရုံခံစားနိုင်မှုတွေ ပျောက်ဆုံး နေပြီး သေခြင်းနဲ့နီးကပ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ Woo Cheon(Kim Kyung Nam) ကတော့ လူသတ်မှု တစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် အလွတ်စုံထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး တရားမဝင်တဲ့ ကိစ္စတွေကိုတောင် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်နိုင်သူ... ဘဝမှာဘာအကြောက်တရားမှ မရှိတဲ့ လူတစ်ယောက်။ဒီနှစ်ယောက်ပဲလားဆိုတော့ မဟုတ်ပါဘူး နောက်ထပ် ကိုယ်စီအပူအပင်အပြည့်နဲ့ဇာတ်ကောင် နှစ်ဦးလည်းပါပါသေးတယ်။ သာမန် အိမ်ထောင်သည်ဘဝနဲ့ နေထိုင်ခဲ့ပေမဲ့ အထီးကျန်နေခဲ့ပြီး သေခြင်းရဲ့ဒဏ်ခတ်မှုနဲ့ကိုပါခံနေရသူ Se Yeon(Gang Ye Won)... ဆိုရှယ်မီဒီယာမှာ influencer အနေနဲ့ ရပ်တည်နေသူဖြစ်ပေမယ့်၊ တကယ်တမ်းကျ မကြာခင် သေဆုံးရတော့မယ့် ကောင်မလေး Mi Do(Joy)...မတူညီတဲ့ဇာတ်ကောင်တွေဆိုပေမဲ့ တစ်ဦးစီမှာရှိနေ‌တဲ့ နာကျင်မှုတွေက မထူးမခြားမနားပါပဲ။ ဘဝမှာ ...
8.0
TMDb: 8.0/10 5000 votes
tv

The One and Only (2021)

2021
In From the Cold (2022) 7.7
In From the Cold (2022) ဒီဇာတ်လမ်းလေးကတော့ သူ့နာမည်အတိုင်းပါပဲ စပိုင်လုပ်နေတာကနေ အနားယူထားတဲ့ အန်ညာဆိုတဲ့ ရုရှားစပိုင်မလေးတ်ယောက်ဟာ လင်ယူသားမွေးလုပ်ပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းနေခဲ့တာပါအနားမယူခင်က သူဟာ ဝစ်စပါလို့ နာမည်ကြီးတဲ့ လူတိုင်းကြောက်တဲ့ စပိုင်လူသတ်သမား ဖြစ်ခဲ့တာပါ။တစ်နေ့ သူ့သမီးရဲ့ ရေခဲ့ပြင်စကိတ်ပြိုင်ပွဲအတွက် စပိန်နိုင်ငံကို ရောက်လာတဲ့အခါမှာတော့ မထင်မှတ်ဘဲနဲ့  CIA က သူ့ကိုဖမ်းလာပြီးသူ့လက်ရာနဲံ့ တစ်ပုံစံတည်း လုပ်နေတဲ့ ထူးဆန်းတဲ့ စပိုင်တစ်ယောက်ကို ပြန်လိုက်ရှာဖို့ အကြပ်ကိုင်တဲ့အခါ စွန့်စားမှုတွေပြန်လုပ်ရတော့တာပေါ့ တခြားစပိုင်ကားတွေနဲ့ မတူတာကတော့ ဒီစပိုင်ရဲ့ လုပ်နိုင်စွမ်းတွေပါပဲ သူကဘာဖြစ်လို့ စပိုင်အလုပ်ကနားရတာလဲ သူ့နောက်ကိုလိုက်နေတဲ့ သူကရော ဘာလို့လိုက်နေရတာလဲ သူတို့၂ယောက်ပေါင်းပြီး ဘယ်သူ့ကို တိုက်ခိုက်ရမှာလည်း ရန်သူရဲ့ အကြံစည်တွေကရော ဘယ်လောက်ထိဆိုးရွားမှာလဲ ဆိုတာတွေကိုတော့ စီးမျောခံစားလို့တကယ်ကောင်းမှာပါ တိုက်ခိုက်ခန်းတွေကြမ်းတာ စကားလုံးကြမ်းတာတွေနည်းနည်းပါတဲ့အတွက် မိသားစုလိုက်ကြည့်လို့မကောင်းပါဘူးFile size…350 Mb Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Sci-fi, Fantasy, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
7.7
TMDb: 7.7/10 25 votes
tv

In From the Cold (2022)

2022
Love and Joy (2021)
Love and Joy (2021) Love and Joy (2021)ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေတစ်ယောက်တို့ခင်မင်မိရင် "သူငယ်ချင်း" ဆိုတဲ့ နာမ်စားတစ်ခု တကယ်ပဲဖြစ်လာနိုင်ပါသလား။Can a man and a woman become friends?ဒီအတွက် အဖြေကတော့ ...ဒီရှိုးလေးဟာတော့ အပေါ်ကမေးခွန်းလေးကို အဖြေရှာကြမယ့် လူငယ်လေးရှစ်ယောက်တို့ ဆုံတွေ့ရာက ဖြစ်ပေါ်လာတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။ပုံမှန် Reality Show တွေနဲ့ ပုံစံလေးတစ်မျိုးကွဲထွက်ပြီးတော့ နာမည်ကြီးတွေလည်း တစ်ယောက်မှ ပါဝင်ထားခြင်း မရှိပါဘူး။Host ပုံစံမျိုးအနေနဲ့ Im La Ra နဲ့ Son Min Soo တို့က တင်ဆက်ပေးထားတာဖြစ်ပြီး Regular Member ရှစ်ယောက်လုံးကတော့ အဆင်တွေကြီးပဲဖြစ်တာမို့ ကြည့်ရတာ မျက်စိအေးစေမယ့် ရှိုးတစ်ခုဖြစ်မှာတော့ အသေအချာပါပဲ။သူငယ်ချင်းဖြစ်နိုင်ပါတယ်လို့ ယုံကြည်သူတွေရှိသလို၊ ဖြစ်မလာနိုင်တဲ့ဖက်က ရပ်တည်သူတွေလည်း ပါဝင်နေတာကြောင့် အဆုံးသတ်ရလဒ်နဲ့အဖြေတွေက အချစ်တစ်ခုလား၊ စစ်မှန်တဲ့ သူငယ်ချင်း ဆက်ဆံရေးလား ဒါမှမဟုတ် ဇုန်တစ်ဇုန်ထဲရောက်သွားမှာလားဆိုတာတော့ အဆုံးထိ ကြည့်ရှုအားပေးရင်း အဖြေထုတ်သွားလိုက်ကြပါဦး။စုစုပေါင်း (၈) ပိုင်း ပါဝင်မှာဖြစ်ပြီး Channel Myanmar ...

Love and Joy (2021)

2021
Victorious (Season 2) (Complete) 8.2
Victorious (Season 2) (Complete) Victorious (Season 2) (Complete) ကျွန်တော်တို့ရဲ့အချစ်တော် Arianna Grande လေးပါဝင်ထားတဲ့ Victorious Season 2 လေးကတော့ ပြန်လည်ရောက်ရှိလို့လာပါပြီ။ အပိုင်း ၁၃ ပိုင်းသာပါပေမဲ့ အပိုင်း ၆ မှာ part 1 နဲ့ part 2 လို့ပါဝင်ထားလို့ ၁၄ ပိုင်းလို့လည်းပြောလို့ရပြီး အပိုင်းတိုင်းရဲ့ အခွီတွေကတော့ တစ်ပိုင်းပြီးတစ်ပိုင်း မရိုးရအောင်ကို ခွီနေရတာမို့ သောက်သောက်လဲ အောင်မြင်နေဆဲပဲဆိုပါတော့ဗျာ။ အဖွင့်အပိုင်းမှာတင် IMDb 8 ကိုအရယူသွားသလို နောက်ထပ် IMDb 8 ရတဲ့အပိုင်းတွေ 8 နားကပ်တဲ့အပိုင်းတွေချည်းပဲမို့ Overrated မဟုတ်တဲ့ ဒီ Season 2 လေးလည်း ဘယ်လောက်ခွီရမလဲဆိုတာ ခန့်မှန်းလို့ရနိုင်လောက်ပါတယ်။ Season 1 ကြည့်ထားပြီးဖြစ်တဲ့သူတိုင်းရော Ariana ရဲ့ပရိသတ်တွေရော ဒီ Season မှာလည်း အကောင်သေးသေး vocal ...
8.2
TMDb: 8.2/10 1333 votes
tv

Victorious (Season 2) (Complete)

2010
Demon Slayer: Kimetsu no Yaiba (Season 2) 8.8
Demon Slayer: Kimetsu no Yaiba (Season 2) အညွှန်း -------------------Season 2 မှာတော့ လူသားစားတယ်လို့ နာမည်ကြီးနေတဲ့ Mugen ရထားကြီးဆီကို မစ်ရှင်လုပ်ဖို့ထွက်လာကြတဲ့ Tanjiro တို့အဖွဲ့ဟာ Flame Hashira ဖြစ်တဲ့ Rengokuနဲ့တွေ့ဆုံပြီး သူတို့အရင်ကတိုက်ခဲ့ဖူးတဲ့ မိစ္ဆာတွေထက်အဆင့်ပိုမြင့်တဲ့မိစ္ဆာနဲ့တိုက်ရမှာပဲဖြစ်ပါတယ် သားကောင်ကို အိပ်မောကျစေပြီးမှ တိုက်ခိုက်တဲ့မိစ္ဆာရဲ့လက်ကနေ Tanjiro တို့တစ်တွေဘယ်လို လွတ်မြောက်အောင်လုပ်ပြီး တိုက်ခိုက်ကြမလဲဆိုတာ....  Note:အဆုံးမဲ့ရထား အခန်း ရဲ့ ပြန်နွှေးတဲ့ အပိုင်းတွေကို ထပ်ပေါင်းထည့်ထားတဲ့ဇတ်ကွက်အသစ်တွေ သီချင်းသစ်တွေနဲ့အတူ တနင်္ဂနွေနေ့တိုင်းထုတ်လွင့်သွားမှာဖြစ်ပါတယ်။ အပိုင်း ၁-၂-၃ ကိုတော့ ဆက်တိုက်ထွက်ရှိထားပြီး အပိုင်း ၄ ကတော့ November 7 ကျမှထွက်ပါမယ် အဲဒီနောက်ကိုတော့ တစ်ပါတ်တစ်ပိုင်းနှုန်းနဲ့ဆက်လွှင့်ပါမယ်။ Recap အနေနဲ့ စုစုပေါင်း 7 ပိုင်းထိ ထွက်ရှိမှာဖြစ်ပြီး 8 ပိုင်းမြောက်ကို‌တော့ ဒီဇင်ဘာ 5 ရက်မှာလွှင့်မယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထွက်မဲ့အပိုင်းသစ်ကတော့ တစ်နာရီကျော်ကြာ အခန်းသစ် အပိုင်းသစ်နဲ့အနေနဲ့ စထွက်လာမှာဆိုတော့ စောင့်ကြည့်ရတာတန်မှာပါ။ အဲဒီနောက် အပိုင်းသစ်တွေကိုတော့ ဒီဇင်ဘာကနေစပြီး ဆက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပြီး 2022 ထိရောက်သွားပါမယ်။ စီစင် ၂ အတွက်ကိုတော့ မန်းဂ ထဲက ‘ဆောင်ကြာမြိုင်ဝန်း’ အခန်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။  File Size ...
8.8
TMDb: 8.8/10 2904 votes
tv

Demon Slayer: Kimetsu no Yaiba (Season 2)

2019
Rocket Boys (2022) Complete 8
Rocket Boys (2022) Complete Rocket Boys (2022)———————————————-1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့Scientific Legendကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ သမိုင်းသစ်ရေးထိုးပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်၁၉၄၇ အိန္ဒိယရဲ့ လွတ်လပ်ရေးကာလက အိန္ဒိယတွေကို ဂုဏ်ယူစေခဲ့တဲ့ သိပ္ပံပညာရှင် သုံးယောက်ဟာအခက်အခဲတွေ အတွေးမတူတာတွေ နိုင်ငံရေးဖိအားတွေ စိတ်သဘောထားကွဲလွဲမှုတွေကြားက အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဖော်ဆောင်ခဲ့ကြတဲ့အကြောင်းအသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်အတ္ထုပ္ပတ္တိဆန်ဆန် အပိုင်း ၈ ပ်ိုင်းရိုက်ကူးထားပေမယ့် တစ်ပိုင်းပြီး တစ်ပိုင်းဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင် Scientist တွေရဲ့personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လ်ု့ ပျင်းစရာမကောင်းစေဘဲ ကြည်နူးဖွယ် စိတ်ဝင်စားဖွယ် ဖြစ်နေမှာပါဒီဇာတ်ကားကို ကြည့်ရင်းဆက်ကြည့်ချင်အောင် ဆွဲဆောင်နိုင်မယ့် အချက်တွေက ဒါတွေတင် မကသေးပါဘူးထိုခေတ်ထိုအခါက ...
8
TMDb: 8/10 1 votes
tv

Rocket Boys (2022) Complete

2022
Young Justice Bao 3 ( 2006 )
Young Justice Bao 3 ( 2006 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးမယ့်ဇာတ်လမ်းတွဲလေးကတော့ ငယ်ငယ်တုန်းကအချိန်တွေကိုပြန်ပြီးတမ်းတမိသွားစေနိုင်မယ့် လူငယ်ပေါင်ချိန် အတွဲ ၃ပဲ ဖြစ်ပါတယ်ဒီကားလေးထဲမှာဆိုရင် ပေါင်ချိန်အဖြစ် နာမည်ကြီးသရုပ်ဆောင် Deng Chaoကုန်းစွန်းချဲ့ အဖြစ် Zhao Yangကျန်ကျောင်းအဖြစ် နာမည်ကြီးသရုပ်ဆောင် Chen Xiaolong တို့ ကအဓိကပါဝင်သရုပ်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် တစုန့်ပြည်ရဲ့ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ် ပေါင်ချိန်ဆီကို ထူးဆန်းတဲ့စာတစ်စောင်ရောက်ရှိလာခဲ့ပြီးနောက်မှာ ပေါင်ချိန်ဟာ အိမ်တော်ကနေထွက်သွားခဲ့ပြီးနှစ်နှစ်နီးပါးလောက်ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်သူ့ရဲ့ ညီအစ်ကိုကောင်းတွေ ဖြစ်ကြတဲ့ ယဉ်ကျေးမှုရေးရာအမတ်ကုန်းစွန်းချဲ့နဲ့ သူရဲကောင်းလေး ကျန်ကျောင်းတို့ဟာ နေရာအနှံ့မှာပေါင်ချိန်ကို လိုက်ရှာရင်းနဲ့ နှစ်ယောက်သား အမှုတွေကိုဖြေရှင်းရင်းပေါင်ချိန်ရှိရာ စုန့်ပြည်နဲ့ လျောင်ပြည်နယ်ကြားကမြို့လေးဆီကိုရောက်ရှိလာခဲ့ပြီးအတိတ်မေ့နေတဲ့ ပေါင်ချိန်ကို ရှာတွေ့သွားခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲ ပေါင်ချိန်ဟာ အတိတ်ကိုပြန်သတိရခဲ့ပြီးကုန်းစွန်းချဲ့ ကျန်ကျောင်း အပြင် အတိတ်မေ့စဉ်တုန်းက သိကျွမ်းခဲ့တဲ့ရှောင်မန်တို့နဲ့အတူ မြို့တော်ကို ပြန်လာခဲ့ပါတယ် အဲ့နောက်မှာတော့မင်းကြီးရဲ့အမိန့်အရ ဆန်းကြယ်လှတဲ့ ထျန်းမန်ကို မိတ်ဆွေတွေနဲ့အတူလိုက်လံရှာ‌ဖွေရင်း အမှုတွေကို ဖော်ထုတ်ရင်း မိမိအတိတ်မေ့ခဲ့ရတဲ့အကြောင်းအရင်းကိုပါ ရှာဖွေခဲ့ပါတော့တယ် အမှန်တရားတို့မည်သည်ပျောက်ကွယ်ရိုး ထုံးစံမရှိသည့်အလျောက် ပေါင်ချိန် ကုန်းစွန်းချဲ့ နဲ့ကျန်ကျောင်းတို့ဟာ ...

Young Justice Bao 3 ( 2006 )

2006
The Tudors(2010) Season 4 7.8
The Tudors(2010) Season 4 The Tudors(2010) Season 4ဇာတ်လမ်းတွဲအညွှန်း*******************************************အပိုင်း( ၁ မှ ၁၀ ) ထိ စ/ဆုံး*****အထူးသတိပေးချက်....မိသားစုနဲ့ အတူမကြည့်သင့်ပါ....*****S1,S2 ,3ပြီးလို့ Final S4 လာပါပြီဗျား.... စစ်ပွဲကိုအောင်နိုင်သူသာ သူရဲကောင်းဖြစ်တယ်... သို့မှာသာ လူတွေအားလုံးရဲ့ နှုတ်ဖျားမှာသမိုင်းကို ပြောင်းလဲစေသူ နိုင်ငံဂုဏ်ဆောင်တဲ့သူလို့  မှတ်ကျောက်တင်ခံရမယ်လို့ရှေးယခင်က မှတ်ယူခဲ့ကြတယ်...စစ်ပြေငြိမ်းရေးနဲ့ အမိနိုင်ငံ သာယာဝပြောဖို့အရေးထက်ပြဿနာတစ်စုံတစ်ရာတက်တာနဲ့  စစ်ပွဲကြီးဆီကို အရောက်လှမ်းဖို့ပဲစိုင်းပြင်နေကြတယ်..ဒီစီ:ရီးဟာ အင်္ဂလန်ဘုရင် King Henry VII ရဲ့အကြောင်းကို အဓိက ထားရိုက်ပြထားတာပါ...အဓိက မင်းသားအဖြစ် စူပါမန်း Henry Cavill နဲ့  Jonathan Rhys Meyers တို့ပါဝင်ထားပါတယ်....ဘုရင်တွေရဲ့ နိုင်ငံရေးခံယူချက်.... ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားပုံတွေ...အမျိုးသမီးတွေအပေါ် ဆက်ဆံပုံတွေအမျိုးမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်...  ပြီးတော့  Adults scenes တွေများလွန်းတာပါပဲ.... ဘုရင်က ရာဂလွန်ကဲသူဆိုတော့ဒီလိုအခန်းတွေများတာ မဆန်းပါဘူး...  NATALIE DORMER ဆိုတာ GAME OF THRONES မှာထဲက အဖော်အချွတ်ကြမ်းခဲ့တာ အားလုံးအသိပဲမလား... ညှို့အားတွေတော့ ...
7.8
TMDb: 7.8/10 437 votes
tv

The Tudors(2010) Season 4

2007
The Tudors(2009) Season 3 7.8
The Tudors(2009) Season 3 The Tudors(2008) Season 3 ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း( ၁ မှ ၈ ) ထိ စ/ဆုံး*****အထူးသတိပေးချက်....မိသားစုနဲ့ အတူမကြည့်သင့်ပါ....*****S1,S2 ပြီးလို့ S3 လာပါပြီဗျား.... စစ်ပွဲကိုအောင်နိုင်သူသာ သူရဲကောင်းဖြစ်တယ်... သို့မှာသာ လူတွေအားလုံးရဲ့ နှုတ်ဖျားမှာသမိုင်းကို ပြောင်းလဲစေသူ နိုင်ငံဂုဏ်ဆောင်တဲ့သူလို့  မှတ်ကျောက်တင်ခံရမယ်လို့ရှေးယခင်က မှတ်ယူခဲ့ကြတယ်...စစ်ပြေငြိမ်းရေးနဲ့ အမိနိုင်ငံ သာယာဝပြောဖို့အရေးထက်ပြဿနာတစ်စုံတစ်ရာတက်တာနဲ့  စစ်ပွဲကြီးဆီကို အရောက်လှမ်းဖို့ပဲစိုင်းပြင်နေကြတယ်..ဒီစီ:ရီးဟာ အင်္ဂလန်ဘုရင် King Henry VII ရဲ့အကြောင်းကို အဓိက ထားရိုက်ပြထားတာပါ...အဓိက မင်းသားအဖြစ် စူပါမန်း Henry Cavill နဲ့  Jonathan Rhys Meyers တို့ပါဝင်ထားပါတယ်....ဘုရင်တွေရဲ့ နိုင်ငံရေးခံယူချက်.... ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားပုံတွေ...အမျိုးသမီးတွေအပေါ် ဆက်ဆံပုံတွေအမျိုးမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်...  ပြီးတော့  Adults scenes တွေများလွန်းတာပါပဲ.... ဘုရင်က ရာဂလွန်ကဲသူဆိုတော့ဒီလိုအခန်းတွေများတာ မဆန်းပါဘူး...  NATALIE DORMER ဆိုတာ GAME OF THRONES မှာထဲက အဖော်အချွတ်ကြမ်းခဲ့တာ အားလုံးအသိပဲမလား... ညှို့အားတွေတော့ ...
7.8
TMDb: 7.8/10 435 votes
tv

The Tudors(2009) Season 3

2007
The Tudors(2008) Season 2
The Tudors(2008) Season 2 The Tudors(2008) Season 2 ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း( ၁ မှ ၁၀ ) ထိ*****အထူးသတိပေးချက်....မိသားစုနဲ့ အတူမကြည့်သင့်ပါ....*****S1 ပြီးလို့ S2 လာပါပြီဗျား.... စစ်ပွဲကိုအောင်နိုင်သူသာ သူရဲကောင်းဖြစ်တယ်... သို့မှာသာ လူတွေအားလုံးရဲ့ နှုတ်ဖျားမှာသမိုင်းကို ပြောင်းလဲစေသူ နိုင်ငံဂုဏ်ဆောင်တဲ့သူလို့  မှတ်ကျောက်တင်ခံရမယ်လို့ရှေးယခင်က မှတ်ယူခဲ့ကြတယ်...စစ်ပြေငြိမ်းရေးနဲ့ အမိနိုင်ငံ သာယာဝပြောဖို့အရေးထက်ပြဿနာတစ်စုံတစ်ရာတက်တာနဲ့  စစ်ပွဲကြီးဆီကို အရောက်လှမ်းဖို့ပဲစိုင်းပြင်နေကြတယ်..ဒီစီ:ရီးဟာ အင်္ဂလန်ဘုရင် King Henry VII ရဲ့အကြောင်းကို အဓိက ထားရိုက်ပြထားတာပါ...အဓိက မင်းသားအဖြစ် စူပါမန်း Henry Cavill နဲ့  Jonathan Rhys Meyers တို့ပါဝင်ထားပါတယ်....ဘုရင်တွေရဲ့ နိုင်ငံရေးခံယူချက်.... ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားပုံတွေ...အမျိုးသမီးတွေအပေါ် ဆက်ဆံပုံတွေအမျိုးမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်...  ပြီးတော့  Adults scenes တွေများလွန်းတာပါပဲ.... ဘုရင်က ရာဂလွန်ကဲသူဆိုတော့ဒီလိုအခန်းတွေများတာ မဆန်းပါဘူး...  NATALIE DORMER ဆိုတာ GAME OF THRONES မှာထဲက အဖော်အချွတ်ကြမ်းခဲ့တာ အားလုံးအသိပဲမလား... ညှို့အားတွေတော့ အရှိန်ပြင်းပြင်းနဲ့တောက်လောက်နေဆဲပါပဲ...ဒီစီးရီးထဲတော့ ...

The Tudors(2008) Season 2

The Tudors(2007) Season 1 7.8
The Tudors(2007) Season 1 The Tudors(2007) Season 1 ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း( ၁ မှ ၁၀ ) ထိ*****အထူးသတိပေးချက်....မိသားစုနဲ့ အတူမကြည့်သင့်ပါ....*****စစ်ပွဲကိုအောင်နိုင်သူသာ သူရဲကောင်းဖြစ်တယ်... သို့မှာသာ လူတွေအားလုံးရဲ့ နှုတ်ဖျားမှာသမိုင်းကို ပြောင်းလဲစေသူ နိုင်ငံဂုဏ်ဆောင်တဲ့သူလို့  မှတ်ကျောက်တင်ခံရမယ်လို့ရှေးယခင်က မှတ်ယူခဲ့ကြတယ်...စစ်ပြေငြိမ်းရေးနဲ့ အမိနိုင်ငံ သာယာဝပြောဖို့အရေးထက်ပြဿနာတစ်စုံတစ်ရာတက်တာနဲ့  စစ်ပွဲကြီးဆီကို အရောက်လှမ်းဖို့ပဲစိုင်းပြင်နေကြတယ်..ဒီစီ:ရီးဟာ အင်္ဂလန်ဘုရင် King Henry VII ရဲ့အကြောင်းကို အဓိက ထားရိုက်ပြထားတာပါ...အဓိက မင်းသားအဖြစ် စူပါမန်း Henry Cavill နဲ့  Jonathan Rhys Meyers တို့ပါဝင်ထားပါတယ်....ဘုရင်တွေရဲ့ နိုင်ငံရေးခံယူချက်.... ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားပုံတွေ...အမျိုးသမီးတွေအပေါ် ဆက်ဆံပုံတွေအမျိုးမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်...  ပြီးတော့  Adults scenes တွေများလွန်းတာပါပဲ.... ဘုရင်က ရာဂလွန်ကဲသူဆိုတော့ဒီလိုအခန်းတွေများတာ မဆန်းပါဘူး...  NATALIE DORMER ဆိုတာ GAME OF THRONES မှာထဲက အဖော်အချွတ်ကြမ်းခဲ့တာ အားလုံးအသိပဲမလား... ညှို့အားတွေတော့ အရှိန်ပြင်းပြင်းနဲ့တောက်လောက်နေဆဲပါပဲ...ဒီစီးရီးထဲတော့ Main Lead ဆိုတော့ ...
7.8
TMDb: 7.8/10 434 votes
tv

The Tudors(2007) Season 1

2007
House on Wheels
House on Wheels House on Wheels Season 3Season 3 Episode 1အိမ်လိုမျိုး ကုတင် မီးဖိုချောင် စတဲ့အသုံး‌အဆောင်ပစ္စည်းလေးတွေပါတဲ့ကားမျိုးလေးနဲ့ ခရီးသွားဖူးချင်တာ လူတော်တော်များများရဲ့ အိပ်မက်ဖြစ်မယ်ထင်ပါတယ်။ဒီ House on Wheels ဆိုတဲ့အစီအစဉ်လေးကလည်း နာမည်အတိုင်းဘီးတပ်အိမ်လေးနဲ့ လှပတဲ့ဒေသလေးတွေဆီသွားပြီး camping ထွက်ကြတာမျိုးပါ။Camping ဆိုတဲ့အတိုင်း တဲထိုးမယ် အပန်းဖြေမယ် စကားတွေပြောမယ် စားကြသောက်ကြမယ်ပေါ့နော်။ပြီးတော့ ဘီးတပ်အိမ်လေးတစ်လုံးထဲမှာ တကယ့်အိမ်လိုပြည့်စုံအောင်ဘယ်လိုဖန်တီးထားလဲဆိုတာကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ကြရမှာပါ။Season 3 မှာတော့ Wollyu Peak ဆိုတဲ့ စိမ်းစိုပြီး အရမ်းလှတဲ့တောင်တန်းဒေသလေးမှာ အပန်းဖြေကြမှာပါ။မန်ဘာတွေအနေနဲ့ ရှေ့စီစန်တွေက နာမည်ကျော်မင်းသားကြီး Sung Dong Il နဲ့Kim Hee Won တို့အပြင် Lovers of the Red Sky ထဲကယန်မြောင်မင်းသားလေး Gong Myung တို့ပါ ပါဝင်သွားမှာပါ။Guest အနေနဲ့ ဒီအပိုင်း၁ မှာတော့ ...

House on Wheels

2020
The Responder (2022) 8.7
The Responder (2022) The Responder (2022)" ခင်ဗျားအ​မေကြီး​ရော ဘယ်လို​နေလဲ" "​သေမယ့်​ရက်ကို ထိုင်​စောင့်​နေတယ်"ဒါက​ ရဲသားကြီးခရစ်ကာဆင် တဖြစ်လဲ Martin Freeman ​ပြောတဲ့ ဒိုင်ယာ​လော့တစ်​ကြောင်းပါ၊ ပတ္တ​ရောင်ရဲသားဖြစ်တဲ့ ခရစ်ဟာ ညကင်းလှည့်ရင်း Command centre က လွှတ်တဲ့ ​ကေ့စ်မှန်သမျှကို သွား​​ရောက်​ဖြေရှင်း​ပေးရတဲ့ Responder တစ်​ယောက်ပါ၊ ညဘက်ဆိုတဲ့အတိုင်း ​ကေ့စ်​တွေကလည်း အိမ်နီးချင်း​တွေ ရန်ဖြစ်တာအစ ယာဉ်မ​တော်တဆမှုအလယ် လုယက်ဓါးပြမှုနဲ့ လူသတ်မှုအဆုံး အကုန်ပါတာ​ပေါ့ဒီလို​ကေ့စ်မျိုးစုံကို ညတိုင်းအိပ်​ရေးပျက်ခံ စိတ်ပင်ပန်းခံပြီး ဖြေရှင်း​ပေးရတဲ့ခရစ်တစ်​ယောက် ကြာလာ​တော့ သူ့ရဲ့စိတ်မှာ ထိ​ခိုက်လာတယ် ဒဏ်ဖြစ်လာတယ် စိတ်ပညာရှင်နဲ့ ​ဆွေး​နွေးရတဲ့အ​ခြေအ​​နေဖြစ်လာတယ်၊ အရင်ကသိပ်သ​ဘော​ကောင်း၊ လုပ်​ဖော်ကိုင်ဖက်​တွေနဲ့ သိပ်အဆင်​ပြေခဲ့တဲ့ ခရစ်ဟာ အခုဆို လူ​သေမှုအခင်း​နေရာမှာ ​သေသူစားခဲ့တဲ့ ဝက်​ပေါင်​ခြောက်ကို ထိုင်စား​နေတဲ့အထိ ​သွေး​​အေး​ပြောင်းလဲသွားပါတယ်အဲလိုနဲ့ပဲ ​ကေစီဆိုတဲ့ ဂျစ်ပစီမ​လေးနဲ့ ဆုံခဲ့တာ​ပေါ့၊ သူကလည်း နှယ်နှယ်ရရမဟုတ်ဘဲ Drug dealer​ခေါင်း​ဆောင်ဆီက ကိုကိန်း တစ်အိတ်လုံး ဖြောင်လာတဲ့သူ​ပေါ့၊ အဲဒီ​ခေါင်း​ဆောင် ကြိုးကိုင်တာ ခံထားရတဲ့ ခရစ်တစ်​ယောက် ​ကေစီကိုလိုက်ဖမ်း​ပေးရင်း ​​သူသာ ဖမ်းပို့​ပေးလိုက်ရင် ​ကေစီအသတ်ခံရမယ်ဆို​တာသိ​တော့ နဂိုစိတ်ရင်း​ကောင်းသူပီပီ မိမိပြီးချင်းပဲ ပြန်လွှတ်​ပေးခဲ့ပါတယ်၊ လွှတ်​ပေးပြီး နောက်ပိုင်းကစပြီး ​မူးယစ်ဂိုဏ်းရဲ့ရန်ကို​ရှောင်ရင်း ခရစ်အ​နေနဲ့ ...
8.7
TMDb: 8.7/10 6 votes
tv

The Responder (2022)

2022
We Don’t Bite: Street Woman Fighter (2022)
We Don’t Bite: Street Woman Fighter (2022) We Don't Bite: Street Woman Fighter (2022)Korean Dance Battle တွေက ဘယ်လောက်ကြမ်းလဲဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ။ အဲဒီထဲမှာမှ Street Woman Fighter မှာ ပြိုင်ဘက်အဖြစ် အချင်းချင်း ယှဉ်ပြိုင်ခဲ့ကြတဲ့ အဖွဲ့ခေါင်းဆောင် ၈ ယောက်ကတော့ နာမည်ကြီးတဲ့အပြင် Street Dance Girl Fighter မှာပါ မာစတာတွေအဖြစ် ပါဝင်ခဲ့ကြပါသေးတယ်။ပြိုင်ပွဲထဲမှာတော့ ပြိုင်ဘက်တွေဖြစ်ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ရင်းနှီးတဲ့ စိတ်တူကိုယ်တူ ညီအစ်မတွေ ဖြစ်လာခဲ့ကြပါတယ်...သူတို့ ၈ ယောက်ရဲ့ဆန္ဒကတော့ ပြိုင်ပွဲအပြီးမှာ အတူတူခရီးထွက်ရင်း ထမင်းအတူတူစားကြရင်း စကားတွေ အများကြီးပြောချင်ပါတယ်တဲ့။ဆန္ဒအတိုင်း စီစဉ်ပေးတဲ့အခါမှာတော့ ခေါင်းဆောင် ၈ ယောက်ဟာ ကျေးလက် တစ်နေရာမှာရှိတဲ့ စွန့်ပစ်အိမ်ကြီးကို ၃ ရက်ခရီးထွက်ရမှာပါ။ စွန့်ပစ်အိမ်ဆိုပေမဲ့လည်း "Mean No Harm - Penthouse" တုန်းက ဗီလိန် ၃ ယောက်က အိမ်ကို သေချာပြုပြင်ပေးခဲ့တော့ တကယ့်ကို နေချင့်စဖွယ် အိမ်ကလေး ဖြစ်နေမှာပါ။ခရီးထွက်တဲ့အချိန်ကတော့ ...

We Don’t Bite: Street Woman Fighter (2022)

2022
User Not Found (2021)
User Not Found (2021) User Not Found (2021)==================Teenager ကျောင်းသားဇာတ်ကားလေးတွေကို ကြိုက်တတ်တဲ့ သူတွေအတွက် Wanna One အဖွဲ့ဝင်ဟောင်းCIX အဖွဲ့ဝင် Bae Jin Young ရဲ့သရုပ်ဆောင်ဘက်ကိုတစ်ဆင့်တက်မဲ့ web series User Not Found လေးနဲ့မိတ်ဆက်ပါရစေ။တစ်ချိန်တည်းမှာ ကျောင်းပြောင်းလာကြတဲ့ ယူမင်ဂျယ်ဆိုတဲ့ နာမည်တူ ကျောင်းသူနှစ်ယောက် အေးစက်ပြီးဆွဲဆောင်မှုရှိတာနဲ့အတူ ကောလဟလမှာနာမည်ကြီးတဲ့ ရှင်းလီဂျွန်း၊ flirt တဲ့နေရာမှာတော်တယ်ဆိုပြီး ကောလဟလထွက်နေတဲ့ ရှင်းလီဂျွန်းဟာ ယူမင်ဂျယ်နဲ့ မတော်တဆပတ်သတ်မိပြီး အထင်လွဲမှုတွေခံရပါတယ်။ရှင်းလီဂျွန်းနဲ့ ပတ်သတ်မိတဲ့ ယူမင်ဂျယ်က ဘယ်သူဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ပေးကြပါဦးနော်။High School Romance အနေနဲ့တွေ့ရမဲ့ ဒီဇာတ်ကားလေးဟာ တမျိုးထူးခြားနေပါပြီ။ဒီကားလေးဟာ One Fine Week, Best Mistake, Kiss Goblin တို့လို နာမည်ကြီး web series တွေရိုက်ခဲ့တဲ့WHYNOT media ကပဲရိုက်မှာဖြစ်တဲ့အတွက် မကောင်းမှာတော့ မပူနဲ့နော် ...

User Not Found (2021)

2021

Genres

Archives