One Win (2024)
*****************
IMDb… 6.5
Rebound , Amazon Bullseye တို့လို အားကစားရုပ်ရှင်တွေကို အထူးနှစ်ခြိုက်ခဲ့သူများအတွက်
ဒီတစ်ခေါက်မှာတော့ ဘော်လီဘောအားကစားအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့
ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Main Cast များအနေနဲ့ ရုပ်ရှင်ချစ်သူများနဲ့ မစိမ်းတဲ့ Parasite , A Taxi Driver မှ Song Kang-Ho နဲ့
Uprising ဇာတ်ကားတို့မှ Park Jeong-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဂင်အူဂျင် (Song Kang-Ho) ဟာ ဘော်လီဘောကစားသမားဟောင်းဖြစ်ပြီး လက်ရှိမှာတော့
ကလေးသူငယ် ဘော်လီဘောသင်တန်းကျောင်းကို ဖွင့်ထားပေမဲ့ အရှုံးပေါ်ပြီး
သင်တန်းကို ပိတ်ပစ်လိုက်ရတဲ့ အခြေအနေမှာပါ။
အဲဒီအချိန်မှာပဲ တိုက်တိုင်ဆိုင်ဆိုင် ပရိုအသင်း Pink Storm ကနေ နည်းပြလုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။
ဖြစ်ချင်တော့ Pink Storm ကလည်း အဓိက ပွဲထွက်ကစားသမားတွေလည်း အသင်းပြောင်းကုန်ပြီး
အရန်ကစားသမားတွေပဲ ကျန်ရှိတော့တာမို့ ဖျက်သိမ်းရတော့မယ်လို့ သတင်းထွက်နေတဲ့ အသင်းဖြစ်နေတာပါပဲ။
အဲဒီလို ဖျက်သိမ်းရခါနီးဆဲဆဲ Pink Storm အသင်းကို ပြန်လည်ဝယ်ယူထားတဲ့ အသင်းပိုင်ရှင်သစ်ကတော့
ဂန်ဂျောင်ဝန်း (Park Jeong-Min) ပါ။
သူ့ရည်ရွယ်ချက်ကတော့ အသင်းကို တစ်ပွဲအနိုင်ရတဲ့အသင်းဖြစ်အောင် လုပ်ပြီး ပြန်ရောင်းထုတ်ဖို့ပါပဲ။
ဒရမ်မာဆန်ဆန် ဇာတ်လမ်းတွေကိုမှ သဘောကျတဲ့ အသင်းပိုင်ရှင်ဂျောင်ဝန်းလည်း
Pink Storm သာ တစ်ပွဲနိုင်ခဲ့မယ်ဆိုရင် လက်မှတ်ဝယ်ယူသူများထဲမှ အယောက် ၁၀၀ ရွေးပြီး
ပိုက်ဆံ ၂ ဘီလီယံဆုချမယ်လို့ ကတိပြုကြေညာလိုက်တဲ့အခါမှာတော့..။
ဘဝတစ်လျှောက်လုံး ရှုံးနိမ့်ခြင်းနဲ့ပဲ အသားကျနေခဲ့တဲ့ နာမည်မဲ့နည်းပြ ဂင်အူဂျင်နဲ့
Pink Storm အသင်းသားများ ပူးပေါင်းကြိုးစားပြီး တစ်ပွဲအနိုင်ရရှိသွားမလား…
ဘော်လီဘောအကြောင်း ဘာတစ်ခုမှမသိဘဲ အသင်းပိုင်ရှင်ဖြစ်လာတဲ့ မရင့်မကျက်သူဌေးသားလေး
ဂန်ဂျောင်ဝန်းကရော အသင်းအပေါ်ထားတဲ့ သဘောထားတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့
ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။
(ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)
File Size : 1.58GB/ 810MB
Quality : WEB-DL 1080p/ WEB-DL 720p
Format…mp4
Duration…01:47:00
Genre : Comedy, Drama, Sports
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hnin Wai Oo, Miri & Treasure Htet
Encoded by Tiff
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။