Officer on Duty (2025) “တာဝန်ကျအရာရှိ”
IMDb – 7.7/10
အီလေးဆွဲမနေဘဲ ဇာတ်လမ်းဇာတ်အိမ်ခပ်သွက်သွက်နဲ့ စိတ်ဝင်စားစရာအိန္ဒိယရုပ်ရှင်သစ်
တောင့်တနေသူတွေအတွက်ဒီမလေယာလမ်ကားလေးက စိတ်အဆာပြေစေမှာပါ။
ဆယ်စုနှစ် နှစ်ခုကျော်လောက်မှာ ရုပ်ရှင်ကားပေါင်းတစ်ရာကျော်ရိုက်ကူးခဲ့ပြီးတဲ့
မလေယာလမ်မင်းသားကြီး ကွန်ချက်ကိုဘိုဘာရဲ့ရုပ်ရှင်ကားသစ်။
Box Officeမှာဆိုလည်း ဝင်ငွေကောင်းခဲ့တဲ့ရုပ်ရှင်။
ဒီထဲမှာ ခပ်ကြမ်းကြမ်း ရဲအရာရှိနေရာက သရုပ်ဆောင်ထားပေမဲ့ သူ့ရဲ့ အချစ်ဇာတ်ရုပ်ပိုင်နိုင်မှုကြောင့်
ချောကလက်ကောင်လေးလို့တောင်ခေါ်ခြင်းခံရတဲ့ မင်းသားတစ်လက်ပါ။
ဟာရီဆိုတာ ဒုရဲမှူးရာထူးကနေ ရဲအုပ်အဖြစ် ရာထူးလျောခြင်း ခံထားရတဲ့သူ။
သူ့ရဲ့ ဒေါသစိတ်၊ အလိုလိုသိစိတ်နဲ့ အမှန်တရားဘက်တော်သားဆိုတဲ့စိတ်ကို
အထက်အရာရှိတွေကတောင် လန့်ကြရတယ်။
တစ်နေ့ အပေါင်ဆိုင်မှာ စပယ်ယာတစ်ယောက် ဆွဲကြိုးအတုလာပေါင်ရာကစလို့ မီးခိုးကြွက်လျှောက်
လိုက်ပြီးဖော်ထုတ်မိချိန်မှာထိတ်လန့်အံ့ဩစရာအမှုအခင်းတွေရယ်
သူ့ရဲ့အတိတ်က အဖြစ်အပျက်တွေရယ်နဲ့ ဆက်စပ်နေချိန်မှာတော့…။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)
File size…1.5 GB / 870 MB
Quality…WEB DL 1080p HEVC / 720p
Format…mkv/mp4
Duration….2h 14min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။