Nosferatu: A Symphony of Horror (1922)
IMDb Rating (7.8) / Rotten Tomatoes (97%)
အခု နာမည်ကြီးနေတဲ့ Nosferatu 2024 ရဲ့ မူရင်းရုပ်ရှင် ဂန္ဓာဝင်ကြီးကို တင်ဆက်ပေးထားပါတယ်။ သမိုင်းတလျှောက်အကောင်းဆုံး ဟော်ရာရုပ်ရှင်စာရင်းထဲမှာ ပါဝင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။
ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်မှာ ၁၉၇၂ အထိ ပိတ်ပင်ခံရဖူးပါတယ်။ ဇာတ်လမ်းက အရမ်းကောင်းခဲ့ပေမဲ့ ရုပ်ရှင်ရဲ့အပြင်လောက ဇာတ်သိမ်းကတော့မလှခဲ့ပါဘူး။
ဒီရုပ်ရှင်ဟာ ဘရမ်စတုတ်ကာရဲ့ ဒရက်ကူလာဇာတ်လမ်းကို မူပိုင်ခွင့်မဝယ်ယူဘဲ မှီငြိမ်းရိုက်ကူးခဲ့တာကြောင့် စတုတ်ကာ ကတော်က တရားစွဲတာခံခဲ့ရပါတယ်။ ထုတ်လုပ်သူတွေက လျော်ကြေးမပေးနိုင်လို့ ဒေဝါလီ ခံလိုက်ရပြီး တရားရုံးက ဖလင်နဲ့ မိတ္တူအားလုံးကိုဖျက်ဆီးဖို့ အမိန့်ချခဲ့တာပါ။
ဒါပေမဲ့ အချို့သောမိတ္တူတွေ ဖျက်ဆီးမခံရဘဲ ကျန်နေခဲ့လို့ အခုလို ကြည့်ရှုခွင့်ရကြတာပါပဲ။ ဒီထဲက ဇာတ်ဝင်ခန်းရိုက်ကူးခဲ့တဲ့ အဆောက်အဦးတွေကိုလည်း အခုအထိ အဲဒီအပြင်အဆင်အတိုင်းပါ ထိန်းသိမ်းထားပါသေးတယ်။
Wismar and Lübeck ဂျာမန်မြို့တွေမှာ တွေ့နိုင်ပါတယ်။ ဒရက်ကူလာရုပ်ရှင်တွေထဲမှာ ရှေးအကျဆုံးလို့ပြောလို့လည်းရပါတယ်။
ဘာလို့လဲဆိုတော့ Dracula’s Death (1921) က ၁၉၂၃ ကျမှ ထုတ်နိုင်ခဲ့လို့ပါ။ နေရောင်ကြောင့် ဗမ်ပိုင်းယားတွေသေတဲ့သဘောတရားကို ပထမဆုံး ထုတ်ဖော်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။
ဘရမ်စတုတ်ကာရဲ့ မူလ ဒရက်ကူလာဟာ နေ့ဘက်မှာမထွက်တတ်ပေမဲ့ နေရောင်ကြောင့်သေတာမဟုတ်ဘဲ သစ်သားချွန်ကြောင့် သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းအကျဉ်းနို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။ ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။
ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။
သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာပြီး ကယ်တင်စရာလမ်းမရှိချိန်မှာပဲ ဟက်တာကတော် အယ်လန်ဟာ အဖြေတစ်ခုကိုတွေ့သွားတဲ့အခါ…
(အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)
File size…(3.4 GB) / (4.2 GB)
Quality….Blu-Ray 1080p HEVC /720p
Format…. mkv/mp4
Genre….Drama,Horror
Duration….01:35:41
Subtitle….Myanmar Subtitle (Hardsub)
Encoder….Double K
Translated by Mr. Anderson
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။