Channel Myanmar

New releases (2025)

Content at random


Movies

Young Hearts (2024) 8.0
Young Hearts (2024)  Young Hearts (2024)IMDb Rating (8.0) / Rotten Tomatoes (100%) အချစ်ဦးဟာ ပန်းရနံ့သင်းသင်းလိုပဲတဲ့။ ငယ်ဘ၀ရဲ့ ဦးဆုံးရင်ခုန်သံကို လူတိုင်းအတွက်တော့ တော်ရုံမေ့နိုင်ကြမှာမဟုတ်ဘူး။ဒါပေမဲ့ အီလီရတ်စ် ဘ၀မှာတော့ အဲ့ရင်ခုန်သံကိုဖြစ်ပေါ်စေတဲ့သူက မိန်းကလေးတစ်ဦးမဟုတ်ပဲ ကောင်လေးတစ်ဦးဖြစ်နေခဲ့တယ်။လှိုင်းတွန့်တွန့်ဆံနွယ်တိုတွေ၊ ပိန်ပိန်ပါးပါးကိုယ်ခန္ဓာနဲ့ နှစ်သက်ဖို့ကောင်းအောင်ပြုံးတတ်တဲ့ကောင်လေးက အီလီရတ်စ်တို့ဘေးအိမ်ကို ပြောင်းလာခဲ့တဲ့ အိမ်နီးချင်းအသစ်လေး။စာအုပ်တွေ၊ ပုံပြင်တွေထဲမှာသာဖတ်ရတဲ့ အချစ်ဆိုတဲ့အရာကြီးက အီလီရတ်စ်တို့အရွယ်လေးတွေအတွက် ဆန်းပြားတဲ့အရာတစ်ခုဆိုပေမဲ့ မြီးကောင်‌ပေါက်အရွယ် ယောကျာ်း‌လေးတွေထုံးစံအတိုင်း ရွယ်တူကောင်လေးတစ်ယောက်ကို ချစ်ကြောင်းပြရမှာ သိမ်ငယ်တဲ့ အီလီရတ်စ်အတွက်က ၀န်ထုပ်၀န်ပိုးတစ်ခုနဲ့ မခြားတော့ဘူး။အမှား၊ အမှန်ကို ကောင်းကောင်းမခွဲခြားတတ်၊ ကမ္ဘာကြီးကို ထိတွေ့မှုနည်းသေးတဲ့ အရွယ်မှာ အီလီရတ်စ်က သူ့ခံစားချက်တွေကိုသူပြန်ကြောက်မိလာတယ်။မိသားစု၀င်တွေ၊ သူငယ်ချင်းတွေ၊ ဘေးလူတွေအမြင်ကို ဂရုစိုက်တတ်တဲ့ အီလီရတ်စ်က ဒီအရာကို ဘယ်လိုများဆက်ရင်ဆိုင်သွားမလဲဆိုတာကိုတော့ ကြည့်ရှု့လိုက်ကြပါနော်။အမှန်ဆိုရင်‌တော့ ဒီကားက သာမန်အချစ်ကားလေးပါပဲ။ ဒါပေမဲ့ ပုံမှန်ယောကျာ်းမိန်းမကြားက အချစ်မျိုးမဟုတ်ပဲ ပုံသွင်းမခံရသေးတဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ဦးရဲ့ ငယ်ရွယ်ပျိုမြစ်သောနှလုံးသားနှစ်စုံအကြောင်းကို နူးနူးညံ့ညံ့လေးပုံဖော်ပြသထားခြင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu ...
movie

Young Hearts (2024)

2024
O’Dessa (2025)
O’Dessa (2025) CM ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ Stranger Things မှ Max Mayfield အဖြစ် ပရိသတ်တွေ ချစ်ခဲ့ကြတဲ့ Sadie Sink ရဲ့ "ODessa" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားထဲမှာတော့ သူ့ကို ဂီတသူရဲကောင်းတစ်ဦးအဖြစ် မြင်တွေရမှာပါ။ Max ဟာ ဒီကားထဲမှာ charater အသစ်တစ်မျိုးဖြစ်တဲ့ အိုဒက်ဆာ ဂယ်လိုဝေး အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ စိတ်ကူးယဉ်ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းဖွဲ့စည်းပုံက အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။ဒါပေမယ့် ဒီကားလေးဟာ Max(Sadie Sink) ရဲ့ ပရိသတ်တွေသာမက ဂီတ ကို ချစ်ပြီး စိတ်ကူးယဥ်ရုပ်ရှင်‌ တွေကြိုက်ကြတဲ့ ပရိတ်သတ်တွေအတွက် မလွတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။File size… (1.5 GB) / (967 MB) Quality….HEVC / 1080p HEVC / ...
movie

O’Dessa (2025)

Ride the Snake (2025)
Ride the Snake (2025) ဒီ Horror/Thriller ကားကတော့ အခြား Horror ကားတွေနဲ့မတူပဲ Spirituality ပိုင်းလဲ ထည့်ရိုက်ထားပါသေးတယ်။ ကားမတော်တဆမှုကြောင့် ယောက်ျားနဲ့ အမြင်အာရုံကို ဆုံးရှုံးလိုက်ရတဲ့ ဟာပါတစ်ယောက် သူ့သမီးမဂန် နဲ့အတူ တရားခံကို အိမ်မှာကြိုးတုတ်ပြီး ထားထားပါတယ်။တရားခံဖြစ်သူ ဆာဘက်ရှန်က Multiple personalities စိတ်ဝေဒနာ ခံစားနေရတဲ့သူတစ်ယောက်ပါ။ဒါကို ဟာပါတို့ သားအမိနှစ်ယောက်က ဟန်ဆောင်နေတယ်ထင်ပြီး တရားသူကြီးကပါ အပြစ်လျှော့ပေးလိုက်တာကြောင့် မတရားချုပ်နှောင်ထားတာပါ.....အဲ့ဒီနောက် ဆာဘက်ရှန်ရဲ့သမီးဖြစ်သူက ဟာပါတို့အိမ်ကို သူ့အဖေလာရှာတဲ့အခါမှာ အခြေအနေတွေက ဘယ်လိုဗြောင်းဆန်သွားမလဲဆိုတာ........File size… (830 MB) / (403 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt
movie

Ride the Snake (2025)

Abhilasham (2025) 6.6
Abhilasham (2025) Abhilasham (2025) "ငယ်ချစ်ဦး"ရင်ကိုအေးစေမယ့် မလေယာလမ် ရိုမန့်/ဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်မလေယာလမ် ဇာတ်ကားဖြစ်တာနဲ့အညီ ရိုးရိုးစင်းစင်း သဘာဝကျစွာပဲ တင်ဆက်ထားပါတယ်အဘီလာ့ရှ်မှာ လုပ်ငန်းကောင်းကောင်း အရွယ်ကောင်းရှိနေပေမဲ့ ကျန်နေသေးတဲ့ အတွင်းဝေဒနာတချို့ကြောင့် အိမ်ထောင်မကျနိုင်သေးပါဘူးတစ်ရက်တော့ ငယ်ရွယ်စဉ်ကျောင်းသားဘဝက သူကြိတ်ပြီးသဘောကျခဲ့တဲ့ လက်ရှိ သမီးတစ်ယောက်အမေ ငယ်ချစ်ဦး ရှီရင်... သူ့ယောကျာ်းကိုဆုံးရှုံးလိုက်ရတဲ့ သတင်းကြားတဲ့အခါမှာအခွင့်အရေးနောက်တစ်ကြိမ် အဘီလာ့ရှ်အတွက် ဖြစ်လာမလား ပရိသတ်တို့ပဲ ခံစားကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.6 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Abhilasham (2025)

Fox and Hare Save the Forest (2024)
Fox and Hare Save the Forest (2024) ဇာတ်လမ်းကတော့ တောကြီးတစ်ခုထဲမှာ မြေခွေး၊ ယုန်၊ တောဝက်၊ ဇီးကွက် ဖျံ၊ ရေသူမနဲ့ သူခိုးရက်ကွန်းတို့က သူငယ်ချင်းတွေသိုက်သိုက်ဝန်းဝန်းစုပြီးနေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ သူတို့နေထိုင်ရာ တောလေးကို ရေတွေလွှမ်းလာပါတော့တယ်။ အဲ့တာကတော့ ကြွက်နှစ်ကောင်ရဲ့ ဘောစ့် ဘီဗာရဲ့လက်ချက်ပါပဲ။ဘီဗာက ပစ္စည်းတွေကို တီထွင်ဖန်တီးရာမှာတော်ပေမဲ့ သူက အထီးကျန်နေတဲ့ ဘဝင်ရူးတစ်ကောင်ဖြစ်နေပါတယ်။ ကြွက်နှစ်ကောင်ရဲ့အကူအညီ သူ့ရဲ့အကောင်းဆုံးလက်ရာဆိုပြီး တောကိုဖြတ်စီးနေတဲ့မြစ်ကို ပိတ်ပြီး ဆည်ကြီးဆောက်ပစ်လိုက်ပါတယ်။ အဲ့လိုနဲ့ မြေခွေးနဲ့ ယုန်တို့ရဲ့တောအုပ်က ရေတွေလွှမ်းကုန်ပါတော့တယ်။ အဲ့လိုကနေ ရွေးချယ်စရာမရှိကြတော့တဲ့ ယုန်နဲ့ မြေခွေးတို့က သူတို့ရဲ့တောအုပ်ကို ဒီဆည်ကြီးဆီကနေ ကယ်တင်ကြပုံကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုနိုင်ကြမယ် Animationကားလေးတစ်ခုလည်းဖြစ်ပါတယ်File size… (1 GB) / (579 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Animation, Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated ...
movie

Fox and Hare Save the Forest (2024)

Sweet and Lowdown (1999)
Sweet and Lowdown (1999) IMDb Rating - 7.2Director - Woody Allen Cast - Sean Penn • Samantha Morton • Woody Allenဒီဇာတ်ကားလေးကတော့ Emmet Ray လို့ခေါ်တဲ့ ဂစ်တာသမားတစ်ယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူဟာ Belgian Guitarist တစ်ယောက်ဖြစ်တဲ့ Django Reinhardt ကိုအရမ်းရူးရူးမူးမူးနှစ်သက်သူဖြစ်ပြီး သူကိုယ်တိုင်ဟာလည်း Django နောက်အကောင်းဆုံးဂစ်တာသမားအဖြစ်မှတ်ကျောက်တင်ခံခဲ့ရပါတယ်။တစ်ကိုယ်ကောင်းဆန်တဲ့ Emmet ဟာ ဘဝကိုပေါ့ပျက်ပျက်ပဲဖြတ်သန်းလေ့ရှိပြီးမိန်းမတိုင်းကိုလည်း လေးလေးနက်နက်မရှိတတ်သူပါ။ တစ်နေ့မှာတော့ Emmet တစ်ယောက် စကားမပြောတတ်တဲ့ Hattie ဆိုတဲ့ကောင်မလေးကိုချစ်မိသွားခဲ့ပြီးဘာတွေဆက်ဖြစ်ကြမလဲ... ဒီဇာတ်ကားလေးဟာ 1930s လောက်မှာအခြေတည်ရိုက်ကူးထားတာဖြစ်ပြီးဇာတ်လမ်းထဲမှာ အတ္တအရမ်းကြီးတဲ့ Talented Guitarist တစ်ယောက်ဖြစ်တဲ့ Emmet Ray ရဲ့နေရာကို Sean Penn တစ်ယောက်ဘယ်လိုအကောင်းဆုံးပုံဖော်သွားမလဲဆိုတာ ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်File size… (544 MB) Quality…. 720p Format…. mp4 Duration….01:48:00 Genre...Comedy, ...
movie

Sweet and Lowdown (1999)

Sarangapani Jathakam (2025) 5.3
Sarangapani Jathakam (2025) Sarangapani Jathakam (2025)"ဆူးပုံနင်းတဲ့မျက်ကန်း" =============================================စီအမ်ပရိသတ်တွေ ပေါ့ပေါ့ပါးပါး ခံစားနိုင်ဖို့ တော်တော်လေးရယ်ရပြီးစိတ်ဝင်စားစရာလည်းကောင်းတဲ့ တေလေဂူးစကားပြော ဟာသဒရာမာရုပ်ရှင်လေးတစ်ခုကို စီအမ်ဘီတီးမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ဆာရန်ဂါဟာ ဗေဒင်တွေ၊ ဇာတာခွင်တွေကို မျက်စိမှိတ်ယုံကြည်တဲ့ ကားကုမ္ပဏီဝန်ထမ်း အရောင်းသမားတစ်ယောက်ဖြစ်ပါတယ်။ဗေဒင်ဆိုရင် မျက်စိမှိတ်ယုံရလောက်တဲ့ထိ သူတသက်လုံး မေးခဲ့တဲ့ဗေဒင်တိုင်းကလည်း သူ့အတွက် ဟောချက်တွေမှန်ခဲ့ပါတယ်။ဗေဒင်ရဲ့ကျေးဇူးနဲ့ပဲ သူတို့ရုံးက ချောပေ့လှပေ့ဆိုတဲ့ အထက်လူကြီး စီနီယာဘော့စ်မမကို ရည်းစားတော်ထားခွင့်ရတဲ့ဖိုးကံကောင်းလေးပေါ့။အဲဒီလို ဗေဒင်ကြောင့် တစ်ဘဝလုံး အဆင်ချောလာနေရင်းကနေ ကလပ်တစ်ခုမှာ မတော်တဆတွေ့တဲ့ ဟောချက်တွေအင်မတန်မှန်တယ်ဆိုတဲ့ လူထူးဆန်း လက္ခဏာဆရာတစ်ယောက်ကဆာရန်ဂါ့ကို လူသဝာ်သမားဖြစ်မယ့်လက္ခဏာပါတယ်လို့ ဟောသွားတဲ့အခါမှာတော့ ဗေဒင်ဆိုရင် မျက်စိမှိတ်ယုံကြည်တဲ့ ဆာရန်ဂါတယောက် ကမူးရှူးထိုးနဲ့ ကြုံရာလူတစ်ယောက်ကိုသဝာ်ပြီးယတြာချေဖို့ကြိုးစားရာကနေ တလွဲတချော်တွေကြုံရပုံကို အခွီတလိုင်း မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.4 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 20min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Sarangapani Jathakam (2025)

But I’m a Cheerleader (1999)
But I’m a Cheerleader (1999) ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ် လူငယ်အချစ်ဟာသကားလေးပါ။မီဂန် (Natasha Lyonne) ဟာ ကိုယ့်ကိုယ်ကို သာမန်အမေရိကန်လူငယ်တစ်ယောက်လို့ပဲ ခံယူထားသူပါ။ ကျောင်းမှာ စာတော်တဲ့အပြင် ပန်းပွားအကအသင်းရဲ့အဖွဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ကြိုက်လှတယ်မဟုတ်ပေမယ့် ရည်းစားလည်း ရှိပါတယ်။ ဒါပေမယ့် မိဘတွေက သူ့ကို ‌ဂေး‌ေနတယ်ထင်တာကြောင့် True Direction ဆိုတဲ့ ပြုပြင်ရေးကျောင်းကိုပို့လိုက်ပါတော့တယ်။အဲ့ကျောင်းမှာ မီဂန်တွေ့ရတာကတော့ ပုန်ကန်ချင်တဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်ကောင်မလေး ဂရမ် (Clea DuVall) ပါပဲ။ သူ့ကိုယ်သူ အဖြောင့်လို့ ယုံကြည်ထားပေမယ့် တဖြည်းဖြည်းနဲ့ သူ့စိတ်တွေ ထွေပြားလာတဲ့အခါ မီဂန်တစ်ယောက် ကိုယ်ကိုယ်ကိုရှာတွေ့သွားမလား သူက တကယ်ဂေးနေတာရော ဟုတ်ရဲ့လား ဆိုတာ.... တချို့အသုံးအနှုန်းတွေကြောင့် ၁၈ နှစ်အောက်လူငယ်တွေ မကြည့်စေချင်ပါဘူး။File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Comedy, Romance  Subtitle….Myanmar ...
movie

But I’m a Cheerleader (1999)

Big Fish (2003) 8.0
Big Fish (2003) IMDb Rating (8.0) / Rotten Tomatoes (76%)Big Fish ( 2003 ) အဖေ့ရဲ့ပြာတွေဇာတ်လမ်းတွေဆိုတာ ပစ္စုပ္ပန်လည်းမရှိ အတိတ်လည်းမရှိဘူး။ ဇာတ်လမ်းတွေဆိုတာ အနာဂတ်ကို ဦးတည်တတ်တယ်။ အဖြူသက်သက်ကို အဖြူစွတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို အမြဲတမ်းငေးကြည့်နေတတ်တဲ့ လူဆိုးကြီးတစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတစ်ခု ငါကြည့်ဖူးတယ်။ အဖြူရောင်ပန်းချီကားတွေဟာ ဟိုးအစဆီမှာ တကယ်ရှိခဲ့ဖူးပါတယ်။ ပြာဟာ အသန့်စင်ဆုံးအဖြူရောင်လို့ ငါကြားဖူးတယ်။ အခါခါ လောင်ကျွမ်းခြင်းရဲ့ သန့်စင်တဲ့အဆုံးသတ်... ကြေးချွတ်သန့်စင်ဘုံတစ်ခုကို ဖြတ်သန်းခြင်း.... အဆုံးတစ်ဘက်ဆီမှာလည်း အဖြူရောင်ပြာတွေဟာ တကယ်ဖြူနိုင်တာပါပဲ။ငါ့ရဲ့ အဖြူရောင်ပန်းချီကားလို ကာလတွေမှာ အရာရာကို သိချင်စိတ်များတဲ့ ကလေးလေးတစ်ယောက်ရဲ့ စေခိုင်းမှုအတိုင်း ငါ့အဖေက ဝက်ဝံရုပ်လေးကို ဓားနဲ့ခုတ်ပေးဖူးတယ်။ ဝက်ဝံရုပ်လေးထဲမှာ ဘာတွေရှိလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့မိမှန်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဝက်ဝံရုပ်ကလေးအတွက် ငါ့အဖေအတွက် ဝမ်းနည်းရတဲ့ခံစားချက်က အခုထိ ငါ့ဆီမှာ ကျန်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီပန်းချီကားက အဖြူစွတ်စွတ်ဖြူနေတယ်။ ...
movie

Big Fish (2003)

2003
4K HEVC
Megha (2024) 5.6
Megha (2024) Megha (2024) မေဂါကံကြမ္မာဆိုတာ ဆန်းကျယ်ပါတယ် မထင်မှတ်ထားလောက်အောင် ကြုံတွေ့ ဖြစ်ပျက်နိုင်တာမျိုးပါဒီဇာတ်လမ်းလေးကလည်း နာမည်တူနှစ်ယောက်ရဲ့ ရေစက်လေး...........................................................မေဂါဆိုတဲ့ ကောင်လေးက အရင်ရည်းစားကောင်မလေးနဲ့ လမ်းခွဲပြီးတည်းက မကျေမနပ် ဒေါသဖြစ်မှုတွေနဲ့ လောကကြီးကို အရွဲ့တိုက်လို့ အရာရာကို မကောင်းမြင်တဲ့သူတစ်ဦး ဖြစ်လာနေပါတယ် ချစ်သူရည်းစားတွေဆိုတာ အချိန်တန်ပြတ်ကြမှာ၊ မိန်းမတွေ မကောင်းဘူးနဲ့ အရက်သောက်လိုက် ရန်ဖြစ်လိုက်ပေါ့အဲဒီလိုပဲ မေဂါဆိုတဲ့ကောင်မလေးကတော့ သူဘာရွေးချယ်မှုပဲလုပ်ပါစေ သူ့ဖခင်ရဲ့ မကောင်းမြင် အပြစ်တင်ခြင်းကိုပဲခံရပါတယ် ဖိအားတွေပေး တွန်းအားတွေပေးနဲ့ ဖခင်နဲ့ဆက်ဆံရေးမပြေလည်လို့ စိတ်ကူးယဉ်ဆန် အချစ်ရေးဆိုတာက သူနဲ့မသက်ဆိုင်တဲ့အရာတစ်ခုလို ဖြစ်နေခဲ့တာပါ‌တစ်နေ့ မေဂါဆိုတဲ့ကောင်လေး ကော်ဖီဆိုင်ထိုင်နေတုန်း သူ့သူငယ်ချင်းက လှမ်းအော်ခေါ်လိုက်ပါတယ် အဲဒီအချိန် ကောင်မလေးက သူ့ကိုခေါ်တယ်ထင်လို့ ပြန်ထူးချိန်မှာ သူတို့နာမည်တူနေမှန်းသိသွားပြီး စတင်တွေ့ဆုံကြတယ်ပေါ့ ပိုထူးဆန်းတာက သူတို့ကကောလိပ်တစ်ခုတည်းက ဖြစ်နေတာပါပဲ ပြီးခဲ့တဲ့သုံးနှစ်လုံး မတွေ့ဖူးကြ သတိမထားမိကြနဲ့ အခုနောက်ဆုံးနှစ်မှတွေ့တဲ့ ရေစက်လေးပေါ့ဒီလိုနဲ့နှစ်‌ယောက်သား အိမ်ပြန်လာရင်း သူတို့ဟာ တစ်ရပ်ကွက်တည်း တစ်လမ်းသားတွေပါ ဖြစ်နေပါတော့တယ် ကံကြမ္မာကအခုမှ တွေ့ဆုံခွင့်ပေးတဲ့သူတို့နှစ်ဦး ဘယ်လိုရှေ့ဆက် ခရီးသွားကြမှာလဲ၊ ဒဏ်ရာအနာတရ များနေသူအချင်းချင်း ဘယ်လိုဖေးမကူညီ ကုသလို့ နီးစပ်သွားကြမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ...
movie

Megha (2024)

Akkada Ammai Ikkada Abbai (2025) 5.7
Akkada Ammai Ikkada Abbai (2025) Akkada Ammayi Ikkada Abbayi (2025) "တစ်ရွာသားမ၀င်ရ"ဒီတစ်ခါမှာတော့ CM ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တေလဂူစကားပြော ကျေးလက်နောက်ခံ အချစ်-ဟာသ-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။တစ်ခါက မျိုးဆက်တစ်ဆက်မှာ ယောက်ျားလေးချည်းပဲ အယောက် ၆၀ မွေးဖွားပြီး မိန်းကလေး လုံး၀မထွန်းကားခဲ့တဲ့ ထူးထူးဆန်းဆန်းရွာလေးတစ်ရွာရှိပါတယ်။အဲဒီလိုဖြစ်ချိန်ကစလို့ ရွာမှာမိုးခေါင်ရေရှားဖြစ်ပြီး ရွာသားတွေ ဒုက္ခရောက်ခဲ့ကြပါတယ်။ မိန်းကလေးမွေးဖွားမှသာ အဲဒီဒုက္ခတွေကင်းဝေးမယ်လို့လည်းရွာသားတွေက ယုံကြည်ထားကြပါတယ်။တစ်နေ့တော့ ရွာမှာ ၆၁ ယောက်မြောက်မွေးတဲ့ ကလေးဟာ မိန်းကလေးဖြစ်နေပါတယ်။ ရွာသားတွေယုံကြည်ထားကြသလို အဲဒီမိန်းကလေးမွေးတာနဲ့ ရွာဟာလည်း မိုးခေါင်ရေရှားမှုကင်းဝေးသွားပါတယ်။အဲဒါကြောင့် အဲဒီမိန်းကလေးကို တစ်ရွာလုံးက အရမ်းအလေးထားကြပါတယ်။ ရွာကနေ မိန်းကလေးထွက်မသွားရေးအတွက်လည်း သူ့အရင်မွေးထားတဲ့ ယောက်ျားလေး ၆၀ ထဲက တစ်ယောက်နဲ့ပေးစားရမယ်လို့ စီစဉ်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ ရွာကို မြို့သားတစ်ယောက် ရောက်ရှိလာပြီး အဲဒီမိန်းကလေးနဲ့ဆုံဆည်းမိတဲ့အခါ...၊ ကြိုတင်စီစဉ်ထားသလို ဖြစ်ချင်မှဖြစ်တတ်တဲ့ ကံတရားအတိုင်း ရွာသားတွေရဲ့အစီစဉ်တွေ တလွဲဖြစ်ကုန်မှာလား...မြို့သားကိုကိုနဲ့ ရွာကတစ်ဦးတည်းသော မိန်းမပျိုတို့ ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ...၊ ရွာသားတွေနဲ့ ဘယ်လိုတွေအမှုပွေကြဦးမလဲဆိုတာ... ရယ်ရယ်မောမော‌ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood ...
movie

Akkada Ammai Ikkada Abbai (2025)

A Cruel Attendance (2006) 6.4
A Cruel Attendance (2006) A Cruel Attendance (2006)*************************IMDb... 6.4 CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါမှာတော့ The fortune tellers,Romantic heaven ကမင်းသားကြီး Kim Soo Ro, Parasite, Land of happiness က မင်းသားကြီး Lee Sun Kyun တို့အဓိကပါဝင်ထားတဲ့ ရာဇဝတ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။~ ဇာတ်လမ်းအညွှန်း ~မိသားစုအပေါ် အင်မတန် ချစ်မြတ်နိုးပြီး ဂရုစိုက်တဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့အိုဒုံးချောက ပုံမှန်လခစားရုံးဝန်ထမ်းဖြစ်ပေမဲ့ စတော့ရှယ်ယာ ကစားမိလို့ အကြွေးပုံထဲမှာနစ်ပြီးဒုက္ခရောက်နေသူတစ်ဦးပေါ့။ တစ်လတစ်ခါ အတိုးပြန်ဆပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားရင်းနဲ့ပဲ အရင်းကိုပြန်ဆပ်ရမဲ့နေ့ကလည်း မြန်မြန်ဆန်ဆန်ကို ရောက်လာပါတော့တယ်။အဲဒီအချိန်မှာ သူနဲ့ ဘဝတူ အကြွေးနွံထဲနစ်ပြီး လတိုင်း အတိုးပြန်ဆပ်နေရတဲ့ မန်းဟိုနဲ့ တွေ့ဆုံခဲ့ပြီးနောက်ကလေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး မိဘတွေကို ပိုက်ဆံနဲ့ လာပြန်ရွေးခိုင်းဖို့ ကြံစည်ခဲ့ပေမဲ့လည်းအကြောင်းအမျိုးမျိုးနဲ့ သူတို့ရဲ့ အစီအစဉ်ပျက်ခဲ့ရပါတော့တယ်။အဲဒီနောက် ကြံရာမရတဲ့အဆုံး ...
movie

A Cruel Attendance (2006)

Hunt (2024) 5.3
Hunt (2024) Hunt 2024 (အမဲလိုက်ပွဲ)ဒေါက်တာကီရ်သီဆိုတာကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်သူဖြစ်ပြီးတော့ သဘာဝလွန်စိတ်ပညာနဲ့ ပတ်သတ်ပြီးတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ လေ့လာနိုင်ဖို့အတွက်နာမည်ကြီး သဘာဝလွန်စိတ်ပညာရှင်ကို ဖိတ်ခေါ်ကာ ပို့ချမှုတစ်ခုလုပ်ပေးခဲ့ပါတယ်။ ဒေါက်တာကီရ်သီဟာ မှုခင်းဆေးပညာဌာနမှာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပါတယ်။တစ်နေ့မှာတော့ ပတ်မာနာဘာ ရာမာဆွာမိဆိုတဲ့ အငြိမ်းစားတရားသူကြီးတစ်ယောက်ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတော့တယ်။ အဲဒီလူသတ်မှုကို ဒေါက်တာကီရ်သီက မှုခင်းဆေးပညာရှင်တစ်ယောက်အနေနဲ့ တာဝန်ယူပြီး စစ်ဆေးပေးရပါတယ်။ဒီလို စစ်ဆေးပေးရာကနေမှ ဒီလူသတ်မှုရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ အမှောင်ထုကြီးရှိနေတာကို သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်တဲ့ ဒေါက်တာကီရ်သီတစ်ယောက် ဒီအမှုကိုကိုင်ထားတဲ့ အရာရှိနဲ့အတူတူ ဘယ်လိုနည်းလမ်းတွေ သုံးပြီးတော့ စုံစမ်းဖော်ထုတ်သွားမလဲ .....ဒီအမှုရဲ့ နောက်ကွယ်မှာ ဘယ်လိုကြောက်ဖို့ကောင်းတဲ့အရာတွေ ရှိနေမလဲ .....အမှုမှန်ကိုရော စုံစမ်းဖော်ထုတ်နိုင်ပါ့မလား.....ဆိုတာကို မမျှော်လင့်ထားတဲ့ လှည့်ကွက်တွေနဲ့အတူတူ ကြည့်ရှုရမဲ့ မလေယာလမ် Thriller ဇာတ်ကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle ...
movie

Hunt (2024)

Sumo (2025) 4.2
Sumo (2025) Sumo (2025) "ဆူမို"မဆလာပရိသတ်တို့အတွက် ဟာသမင်းသား ယိုဂီဘာဘူ ပါဝင်ထားတဲ့ တမီးလ် အားကစား/ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ ရေလွှာလျှောစီးကလပ်မှာ အလုပ်လုပ်တာဖြစ်ပြီး ရည်းစားကောင်မလေးနဲ့လက်ထပ်ကာ နိုင်ငံခြားအတူသွားနိုင်ဖို့ ရည်ရွယ်ထားတဲ့သူတစ်နေ့မှာတော့ ရေထဲမျောလာတဲ့ ဂျပန်လူမျိုး ဆူမိုနပန်းသမားကို ကယ်ခဲ့တဲ့အချိန်ကစလို့ သူတို့နှစ်ယောက် သူငယ်ချင်းတွေလို ခွဲမရအောင် တပူးပူးတွဲတွဲဖြစ်သွားပါတော့တယ်ဆူမိုနပန်းသမားဟာ စကားလည်းမပြောတတ်၊ အသိဉာဏ်ကလည်း တစ်နှစ်သားလောက်ရှိတာမို့ သူ့ကို အသုံးချချင်သူတွေရဲ့ ရန်ကလည်း ကာကွယ်ပေးရပါတယ်ဒီလူဝကြီးတစ်ယောက် အတိတ်မှာ ဘာတွေဖြစ်ခဲ့လို့လဲ၊ ဘယ်လိုလုပ် အိန္ဒိယကိုရောက်လာတာလဲ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.5 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Sumo (2025)

Firefly(2025) 5.7
Firefly(2025) Firefly (2025) ပိုးစုန်းကြူး" ဘဝမှာ တိုက်ဆိုင်မှုဆိုတာမရှိဘူး။ အရာအားလုံးက ကံကြမ္မာရဲ့စေစားရာပဲ "US မှာအလုပ်လုပ်နေတဲ့ဗစ်ကီတစ်ယောက် အဖေနဲ့အမေရဲ့ဆန္ဒအရ လေးနှစ်ကြာမှာ အဖေအမေတို့နဲ့အတူ မင်္ဂလာပွဲတက်ဖို့ အိန္ဒိယကို ခွင့်တင်ပြီး ပြန်လာခဲ့ပါတယ်။အဖေနဲ့အမေကတော့ ပျော်လို့မဆုံးတပြုံးပြုံးနဲ့ သားကို လေဆိပ်ကနေ လာကြိုကြ‌တာပေါ့။ဒါပေမဲ့ လေးနှစ်တာကွဲကွာနေတဲ့မိသားစုကို ကံကြမ္မာက လေးမိနစ်တောင် ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို ခံစားခွင့်မပေးခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ပွဲကိုသွားတဲ့လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး မိဘနှစ်ပါးလုံးဆုံးပါးသွားသလိုပဲ ဗစ်ကီကိုယ်တိုင်လည်း သုံးလကိုမာဝင်သွားတဲ့အတွက်ပါ။တစ်ချိန်က အားလုံးပြည့်စုံနေတဲ့ဗစ်ကီရဲ့ဘဝလေးဟာ မျက်စိတစ်မှိတ်မှာ သုံးလကြာသွားပြီး နိုးထလာချိန်မှာ သူပိုင်ဆိုင်တာဆိုလို့ ကံကောင်းလားမသိ ကံဆိုးလားမသိ ရှင်ကျန်နေခဲ့တဲ့ သူ့ရဲ့အသက်ပါပဲ။လောကဓံအဆိုးမှာ အကျနာခဲ့တဲ့ဗစ်ကီတစ်ယောက် ခံစားချက်ဂယက်ထဲမှာ တဝဲလည်လည်ဖြစ်နေရင်း လွတ်ရာလမ်းကို ရှာတွေ့နိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Team မှဖြစ်ပါတယ်) File size… 2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Firefly(2025)

Viy (2014) Forbidden Empire 5.3
Viy (2014) Forbidden Empire Viy (2014) Forbidden EmpireNikolai Gogol ရဲ့ Viy ဆိုတဲ့ဝတ္ထုကိုအခြေခံထားတဲ့ ရုရှား Dark Fantasy အမျိုးအစား မှော်ဇာတ်ကားပါ…ဇာတ်လမ်းကတော့... ၁၈ ရာစုနှစ်မှာ မြေပုံရေးဆွဲသူတစ်‌ယောက်ဖြစ်တဲ့ ဂျော်နသန်ဂရင်းဟာ ‌မြေပုံပေါ်မတည်ရှိသေးတဲ့ ထရန်စ‌ဗေးနီးယားမြေတွေကို ရေးဆွဲဖို့အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ တောအုပ်တွေကြားက လူသူမသိတဲ့ သီးခြားဖြစ်နေတဲ့ ထူးဆန်းတဲ့ရွာလေးတစ်ရွာကို ရောက်သွားခဲ့ပြီး ဆန်းကြယ်တဲ့ သတ္တဝါဆန်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒေသခံတွေက အဲဒီအကောင်ကြီးကို ဗွီလို့ခေါ်ကြပြီး ‌အင်မတန်မှကြောက်ရွံ့ကြပါတယ်။ အဲဒီနေရာကနေ ထွက်သွားနိုင်ဖို့အတွက်ကြိုးစားရင်း ကျိန်စာသင့်နေတဲ့မြေက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ လမ်းစတွေ့လာတဲ့အခါ ဂျော်နသန်က စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူဘယ်လိုမျိုးတွေတွေ့ကြုံရမလဲနဲ့ အဲဒီအကောင်ကြီးရဲ့ အရင်းအမြစ်ကရော ဘာလဲဆိုတာကိုတော့...။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Phu Thet Khin မှ တင်ဆက်ထားပါတယ်။) File size…(3.3 GB )/ (1.5 GB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Phu Thet ...
movie

Viy (2014) Forbidden Empire

FernGully 2: The Magical Rescue (1998) 4.4
FernGully 2: The Magical Rescue (1998) FernGully 2:The Magical Rescue 1998FernGully 2:The Magical Rescue ဟာ ၁၉၉၂ ထွက်FernGully:The Last Rainforest ရဲ့ အဆက်ကာတွန်းကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဖန်ဂါလီဆိုတာ နတ်သူ‌‌ငယ်တွေ၊တိရိစ္ဆာန်လေးတွေရောနှောနေထိုင်တဲ့ ထူးဆန်းပြီး မှော်ဆန်တဲ့ မိုးသစ်တော ဖြစ်ပါတယ် ။ တစ်ရက်မှာတော့ အေးချမ်းပြီး မှော်ဆန်လှတဲ့ ဖန်ဂါလီကိုဝိမသလောဘသား လူသားမုဆိုးတွေ ကျူးကျော်လာပြီးသစ်တောကိုမီးရှို့ကာ ‌တိရိစ္ဆာန်ပေါက်လေးတွေကို ဖမ်းယူသွားပါတယ် ။ ဒီလိုနဲ့ အဖမ်းခံလိုက်ရတဲ့ အကောင်ပေါက်လေးတွေကို ကယ်ဖို့နတ်သူငယ်လေးတွေဖြစ်တဲ့ ပစ်နဲ့ ခရစ္စတာတို့ဟာ မြို့ကိုရောက်ဖူးတဲ့တောအုပ်ထဲက တိရိစ္ဆာန်တွေအကူအညီနဲ့ လူသား‌တွေရှိရာ အရပ်ကိုစွန့်စားခန်းထွက်လာပါတော့တယ်။ ဖန်ဂါလီကနေ တစ်ခါမှအပြင်မထွက်ဖူးတဲ့ပစ်နဲ့ခရစ္စတာတို့ရဲ့ စွန့်စားခန်းဟာဘယ်လိုဖြစ်လာမလဲ၊ အကောင်‌ပေါက်လေးတွေကို သူတို့ကယ်တင်နိုင်မလား၊လူသားကမ္ဘာမှာ နတ်သူငယ်လေးတွေ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲကြည့်ရမယ့် ကာတွန်းကားလေးပဲဖြစ်ပါတယ်။File size…    1.9 GB/  1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1 h 10 ...
movie

FernGully 2: The Magical Rescue (1998)

A Mother’s Story (2011) 7.5
A Mother’s Story (2011) A Mother’s Story (2011)IMDb - 7.5ဇာတ်လမ်းအညွှန်း ~~~~~~~~~~~မိသားစုအတွက်ဆို အားလုံးကို စွန့်လွှတ်နိုင်တဲ့ ရေမယ်ဒီရိုးစ် ဆန်တိုးစ်ဟာ မိတ်ကပ်ပညာရှင်အနေနဲ့ ဒုက္ခိတယောက်ျားနဲ့ သားသမီးကို ရှာကျွေးနေတဲ့ အိမ်ထောင်ရှင်မတစ်ဦးပါ။ သူမဟာ တာဝန်သိစိတ်အပြည့်နဲ့ မိခင်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်တဲ့သူပေါ့။တစ်နေ့မှာတော့ သူမဟာ ဖောက်သည်တစ်ဦးရဲ့ အမေရိကားဖျော်ဖြေပွဲခရီးစဉ်အတွက် မိတ်ကပ်ဆရာမအနေနဲ့ ရွေးချယ်ခံလိုက်ရတော့တယ်။ အမေရိကားကို ရောက်နေစဉ်မှာပဲ မယ်ဒီဟာ သူမရဲ့ အတန်းဖော်ဟောင်း ဖြစ်တဲ့ ဟယ်လန်နဲ့ ပြန်ဆုံရာကနေ ဟယ်လန်က မယ်ဒီကို တရားမဝင်လုပ်သားအဖြစ် ကျန်ရှိနေဖို့ တိုက်တွန်းတော့တယ်။ အလုပ်အကိုင်ကောင်းတစ်ခုနဲ့ လစာပိုရမယ်ဆိုတဲ့ ကတိကြောင့် မယ်ဒီဟာ သူ့သမီးလေးရဲ့ ဆေးဖိုးကို ရှာချင်ဇောနဲ့ ဒီအစီအစဉ်ကို သဘောတူလိုက်တော့တယ်။ဒါပေမဲ့ မူလက စီစဉ်ထားသလိုမဟုတ်ဘဲ ကြုံရာကျပန်းအလုပ်ပေါင်းစုံ လုပ်ရပြီး နောက်ဆုံးမှာ အိမ်ဖော်တစ်ဦး ဖြစ်လာခဲ့တယ်။ဒီလိုနဲ့ ၇ နှစ်အကြာမှာ မယ်ဒီဟာ သူအလုပ်လုပ်နေတဲ့ မိသားစုဆီက ထွက်ပြေးပြီး ...
movie

A Mother’s Story (2011)

Brain Freeze (2021) 4.9
Brain Freeze (2021) Brain Freeze (2021) ----------------------------- IMDb rating -4.9/10 Rotten Tomatoes - 71%Genre - Zombie Horror, comedyဇာတ်လမ်းအကျဉ်း -သုံးမကုန်အောင် ပိုက်ဆံချမ်းသာ‌နေပြီးတော့ ၊ လူပေါ်လူဇော်လုပ် ဂေါက် ရိုက်ရတာကြိုက်တဲ့ လူချမ်း သာတွေကတစ်နှစ်ပတ်လုံး ‌လုပ်စရာမရှိ ဂေါက်ရိုက်ချင်ကြပါတယ်ဒါပေမဲ့ ဆောင်းတွင်းအခါ နှင်း‌တွေခဲတာကြောင့်မြေမှာ မြက်ပင်တွေ မပေါက်နိုင်တဲ့အခါ လူချမ်းသာတွေ ဟာ ဂေါက်ရိုက်ဖို့ မဖြစ်နိုင်ကြပါဘူးအဲ့ဒီအခါမှာ ဉာဏ်ကြီးရှင် စီးပွားရေး သမား‌တွေ ဟာအကြံထုတ်ကြပါတော့တယ်သူတို့အတွက် အကျိုးအမြတ်များစွာရရှိနေတဲ့ လူချမ်းသာ တွေအတွက်ဆောင်းတွင်း မှာပါ မြက်တွေပေါက်ဖို့ကို ပညာရှင်တွေနဲ့ စမ်းသပ် ပြီး ဓာတ်မြေဩဇာကို ဖန်တီးလိုက်ပါတယ်မျော်လင့်ထားသလို အလုပ်ဖြစ်ခဲ့ပေမဲ့ ဓာတုပစ္စည်းရဲ့ အန္တာယ်ဟာ ဘယ်လောက်တောင်ဆိုးကျိုးရှိပြီး လူတွေကို ဇွန်ဘီအဖြစ် ပြောင်းသွားစေလောက်အောင် ဖြစ်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပေးကြပါခင်ဗျား။  File size…    1.2 GB /  600MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ...
movie

Brain Freeze (2021)

100% Love (2011) 7
100% Love (2011) 100 % Love (2011)IMDb - 7ဇာတ်လမ်းအညွှန်း ~~~~~~~~~~~တစ်ကျောင်းလုံး အဆင့် ၁ နေရာကို အမြဲဆွတ်ခူးနိုင်ပြီး အင်မတန် မာနကြီးလှတဲ့ စာကြမ်းပိုးလေး ဘာလူ။မွေးရာပါ ထူးချွန်တဲ့အခံကြောင့် ကြိုးစားလိုက်တာနဲ့ ဖြစ်မြောက်ပြီး အင်မတန်ကို လှရက်လွန်းတဲ့ မာဟာလက်ရှ်မီး။သူတို့နှစ်ဦးဟာ ဆွေမျိုးမကင်းတဲ့သူတွေ ဖြစ်တဲ့အလျောက် ငယ်ရွယ်စဉ်ကတည်းက ရင်းနှီးခဲ့ကြပြီး အမြဲတမ်း မျဉ်းပြိုင်နှစ်ကြောင်းလို ပြိုင်ဆိုင်နေခဲ့ကြတယ်။ ကြောင်နဲ့ ကြွက် ဆက်ဆံရေးလို ဖြစ်နေကြတဲ့ သူတို့ ၂ ဦးဟာ အချင်းချင်း ချစ်လျက်နဲ့တောင် ကိုယ်စီထားရှိတဲ့ မာနတွေကြောင့် ကတောက်ကဆဖြစ်ပြီး ဝေးကွာသွားခဲ့ကြတယ်။ဒီလိုနဲ့ ရက်လနှစ်တွေချီပြီး ပြန်တွေ့တဲ့အခါမှာတော့ အရင်က အချစ်မီးတောက်တွေ ပြန်တောက်လောင်လာမလား၊ မာနချင်းပဲ လွန်ဆွဲနေဦးမလားဆိုတာ ရင်ဖိုလှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းကိုတော့ Esthက ရေးသားထားပါတယ်)File Size - 3.45 GB/ 1.83 GB Quality - BluRay ...
movie

100% Love (2011)

Genres

Archives