Mooru Kaasina Kudure 2024 (တက္ကစီပေါ်က ဇာတ်လမ်းလေး)
ဒါနူးဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဇာတ်ကားမှာ နေရာကောင်းရနိုင်ဖို့အတွက် ဒါရိုက်တာကို ရူပီး၅သိန်းပေးရမှာဖြစ်တဲ့အတွက်
ဆိုနူးက ပိုက်ဆံကို သူရှိတဲ့ ဂျေပီနဂါးကို လာယူခိုင်းပါတယ်။ အိမ်ကမသိအောင်ပေးမယ့် ဆိုနူးတစ်ယောက်က
မြန်မြန်ကိစ္စပြတ်အောင် တက္ကစီငှားလာဖို့ပြောတဲ့အတွက် ဒါနူးတစ်ယောက် ကားငှားပြီးတော့ အမြန်သွားပါတော့တယ်။
ဒီလိုနဲ့ လမ်းက ပိတ်လို့ ရှောင်မောင်းနေရရင်း လမ်းတစ်နေရာအရောက်မှာ ဒါနူးစီးလာတဲ့ကားပေါ်ကို
ကောင်မလေးတစ်ယောက်က ရေးကြီးသုတ်ပျာနဲ့ တက်လာခဲ့ပါတော့တယ်။
အဲဒီကောင်မလေးကတော့ ဝန်ကြီးရာမူရသီရဲ့သားနဲ့ မင်္ဂလာဆောင်တော့မယ့်
နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ မာဟန်ဒရာဗာမာရဲ့
သမီးလေးဆိုပြီး သူ့ကိုယ်သူ မိတ်ဆက်လာပါတယ်။
ဒီမင်္ဂလာပွဲကို လက်မခံဘဲ သူ့ချစ်သူနဲ့အတူ ပေါင်းဖက်ချင်တဲ့အတွက် အိမ်ကနေ ထွက်ပြေးလာခဲ့တာဖြစ်ပြီး
သူ့အဖေကလည်း သူ့သမီးကို ပြန်ဖမ်းမိနိုင်ဖို့ သူ့လူတွေကို လွှတ်ပြီး ဖမ်းခိုင်းပါတော့တယ်။
အဲဒီကောင်မလေး ဒါနူးငှားစီလာတဲ့ကားပေါ်ကိုရောက်လာပြီးနောက် နောက်ကလိုက်လာတဲ့သူတွေကို
မမီနိုင်အောင်မောင်းပြေးရင်းနဲ့ ဒါနူးတစ်ယောက် သွားချင်တဲ့နေရာကို
မရောက်ဘဲ ကားပေါ်မှာ သောင်တင်နေပါတော့တယ်။
ဒီလိုနဲ့ ဒါနူးတစ်ယောက် လိုရာပန်းတိုင်ကို ရောက်သွားနိုင်မှာလား …..
သူဌေးသမီးလေးဆိုတဲ့ကောင်မလေးကရော သူမဆောင်ချင်တဲ့မင်္ဂလာပွဲကနေ လွတ်မြောက်သွားနိုင်မှာလား …..
တက္ကစီတစ်စီးပေါ်မှာတင် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ဘယ်လိုတွေ ဖြစ်လာမလဲ….
ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
File size… 1.7 GB / 909 MB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….1h 50min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။