Miracle (2011)
****************
Family drama အမျိုးအစားဖြစ်တဲ့ Miracle ဆိုတဲ့ ဇာတ်ကားကောင်းလေးမှာတော့
Boys Over Flower (F4) ကားထဲက မင်းသမီးရဲ့မောင်အနေနဲ့
သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင် Park Ji bin,
ဒီကားနဲ့ debut လုပ်တဲ့ ကလေးသရုပ်ဆောင်လေး Lee Seul-Gi နဲ့
The Fiery Priest ကားထဲက မင်းသားကြီး Lee Moon Sik တို့က
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ..
ဇာတ်လမ်းအညွှန်း
**************
အွန်းချောလ် (Park Ji bin) နဲ့ အွန်းဟာ (Lee Seul-Gi) တို့ဟာ
မိဘများဆုံးပါးသွားတဲ့အတွက် နာမကျန်းဖြစ်နေတဲ့အဘွားဖြစ်သူနဲ့
အတူနေနေရတဲ့ မောင်နှမနှစ်ယောက်ဖြစ်ပါတယ်..
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို
အွန်းဟာလေး မျက်စိအမြင်အာရုံ ပျောက်ကွယ်ရတော့မဲ့အချိန်မှာ
အဘွားဖြစ်သူဟာလည်း လူကြီးရောဂါနဲ့ ဆုံးပါးသွားရှာပါတော့တယ်…
ကလေးမလေး အွန်းဟာတစ်ယောက် အသိအစ်ကိုတစ်ယောက်ရဲ့
ဗဟုသုတမျှဝေမှုကြောင့်နဲ့ ဝေလငါးတွေနဲ့ပတ်သက်ပြီး ရူးသွပ်လာတဲ့အခါ
အစ်ကိုဖြစ်သူ အွန်းချောလ်အပေါ် ဝေလငါးကို အပြင်မှာ
တွေ့မြင်နိုင်ဖို့အတွက် ပူဆာပါတော့တယ်…
နိုဒေါ့ဆူ (Lee Moon-Sik) ဟာ သူဌေးဖြစ်သူကို သတ်မှုနဲ့
အလိုရှိဆုံးရာဇဝတ်သားဖြစ်ကာ ပြစ်မှုကိုရှောင်ရှားဖို့အတွက်
အွန်းဟာတို့မောင်နှမရှိရာ တောရွာလေးဘက်ကို ရောက်လာကာ
အွန်းဟာတို့ အွန်းချောလ်တို့နဲ့ ဘယ်လို သံယောဇဉ်တွေတွယ်သွားမလဲ
အွန်းချောလ်တို့ရဲ့ ဝေလငါးသွားကြည့်မဲ့အစီအစဉ်ကိုလည်း ဘယ်လိုအကူအညီပေးသွားမလဲ
ကလေးတွေအပေါ် ဘယ်လိုတွေ မေတ္တာထားပေးသွားမလဲဆိုတာကိုတော့
မျက်ရည်ဖြိုင်ဖြိုင်ကျကာ ကြည့်ရမဲ့ ရင်ကို ထိစေမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်တာမို့လို့
ခံစားကြည့်ရှုလိုက်ပါဦးနော် ..
(အညွှန်းကို Theint မှ ရေးသားထားပါတယ်)
File size…1.82GB / 772MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration…. 1 hr. 40 min.
Genre ….. Life,Family, Drama
Subtitle….Myanmar Subtitle (Hard Sub)
Translated by Theint
Encoded by AHtet
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။