Love Me 2024 သင်က လူသားမျိုးနွယ်စုအပါအဝင် သက်ရှိအားလုံး
ဆိုက်သုဉ်းသွားပြီး ပင်လယ်ထဲမှာ ကျန်ရှိခဲ့တဲ့ ကိုယ်ပိုင်ဉာဏ်ရည်တု
စနစ်ပါရှိတဲ့ လူလုပ်ရေကြောင်းပြဗော်ယာလေးဆိုပါစို့။
သင်ဟာ ပင်လယ်ထဲမှာ မျောနေရင်း တစ်နေ့တော့ အထီးကျန်
လာခဲ့တယ်။ ဒီအချိန်မှာ လူသားတွေ မျိုးမသုဉ်းခင်မှာ လွှတ်တင်
ထားခဲ့တဲ့ ဂြိုဟ်တုတစ်လုံးက ကမ္ဘာမြေပေါ်မှာ အသက်ရှင်ကျန်နေ
သေးတဲ့လူသားတွေ ရှိလိုရှိငြား ကမ္ဘာမြေကို ခေါက်တုံ့ခေါက်ပြန်
လှည့်ပတ်ကာ လိုက်လံရှာဖွေချိတ်ဆက်ပေးနေတာကို ပင်လယ်ထဲက
အထီးကျန်နေတဲ့ ဗော်ယာလေးက တွေ့ခဲ့ပါတော့တယ်။
ဗော်ယာလေးက ဂြိုဟ်တုလေးကို နှုတ်ဆက်ဖို့ ကြိုးစားပေမဲ့
ဂြိုဟ်တုလေးက သက်ရှိတွေကိုပဲ ကူညီချိတ်ဆက်ပေးဖို့ ပရိုဂရမ်
ဆွဲထားတာဖြစ်တဲ့အတွက် ဗော်ယာလေးကို သက်ရှိဖြစ်ကြောင်း
အတည်ပြုခိုင်းပါတယ်။ ဗော်ယာလေးက အထီးကျန်လွန်းတော့
ဂြိုဟ်တုလေး ထွက်သွားမှာစိုးတဲ့အတွက် ဒေဂျာနဲ့ လီယမ်ဆိုတဲ့
ယူဂျု့ ဘလော့ကာ စုံတွဲထဲက ချစ်သူကောင်မလေး ဒေဂျာအဖြစ်
ဟန်ဆောင်ပြီးတော့ သက်ရှိဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။
အဲကနေစပြီး ဂြိုဟ်တုလေးက ဗော်ယာလေးကို ဒေဂျာဆိုတဲ့ သက်ရှိ
ကောင်မလေးအဖြစ် ထင်သွားပြီးတော့ တခြားသက်ရှိတွေနဲ့ ချိတ်ဆက်ဖို့
ကူညီကြိုးစားပေးပါတော့တယ်။ ဗော်ယာနဲ့ ဂြိုဟ်တုဟာ ဉာဏ်ရည်တု
စနစ်ပါရှိတဲ့ စက်ပစ္စည်းတွေဖြစ်ပြီး ဗော်ယာကတော့ ဂြိုဟ်တုကို
အနားမှာရှိစေချင်တဲ့အတွက် လူသားဖြစ်ကြောင်း လိမ်ထားခဲ့ပြီး
လူသားတွေလို ပြုမူနေထိုင်ကြည့်ဖို့ ကြိုးစားပါတော့တယ်။
ဒီတော့ စက်ပစ္စည်းနှစ်ခုဖြစ်တဲ့ ဗော်ယာနဲ့ ဂြိုဟ်တုတို့ဟာ သက်ရှိတွေ
မရှိတော့တဲ့ ကမ္ဘာမြေပေါ်မှာ ဘယ်လိုရှေ့ဆက်သွားကြမလဲ၊
သူတို့ရဲ့ ဉာဏ်ရည်တုစနစ်ကို ကျော်လွန်ပြီးတော့ လူသားတွေလို
ခံစားတတ်ပြီး ဆင့်ကဲတိုးတက်လာနိုင်မလား၊ ဗော်ယာဟန်ဆောင်
ထားတာကို ဂြိုဟ်တုက သိရှိသွားမလား အစရှိသဖြင့် ဆွတ်ပျံ့ကြေကွဲ
ဖွယ်ရာ ကြည့်ရှုရမဲ့ Post-apocalyptic အမျိုးအစား ဇာတ်ကားလေးပဲ
ဖြစ်ပါတယ်။
ဇာတ်ကားတစ်လျှောက်လုံးမှာ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့
Wall-E တို့ ပြန်ကြည့်ရသလို ခံစားချက်မျိုးလေး ပြန်ရမှာပါ။
File size… (4.17GB ) / (1.04 GB) / (575 MB)
Quality… WEB-DL 4K HEVC 1080p / 720p
Format…mkv / mp4
Duration….1h 31m
Genre ….. Drama , Romance , Sci-Fi
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Matteo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။