ဇာတ်လမ်းအကျဉ်းကတော့ အရက်၊ မူးယစ်ဆေးစွဲနေတဲ့ ခရစ်ရှာတစ်ယောက် အိမ်ကနေထွက်သွားခဲ့တာအတော်ကြာပါပြီ
အသက်၆၀ကျော်ခါမှ အရက်ပြတ်သွားပြီဆိုပြီး အိမ်သားတွေနဲ့ပြန်အဆင်ပြေချင်လို့
ကျေးဇူးတော်နေ့မှာ အိမ်သားတွေကို သူ့လက်ရာ ဟင်းချက်ကျွေးမယ်ဆိုပြီး ပြန်လာခဲ့ပါတယ်
အဲဒီမှာ သူနှစ်တွေအကြာကြီးပစ်ထားခဲ့တဲ့မိသားစုနဲ့ အခုမှပြန်အဆင်ပြေချင်နေတဲ့ သူမရဲ့ကြားက ပရိပက္ခတွေကို
မွန်းကြပ်စရာ သက်ပြင်းတွေအကြိမ်ကြိမ်ချမိတဲ့အထိ ရှုစားရမှာပါ
ဒီကားရဲ့ထူးခြားချက်က ဒါရိုက်တာTrey Ewards Shultsက အပြင်ဘဝကအရက်စွဲနေတဲ့ သူ့ရဲ့ဆွေမျိုးတစ်ယောက်ရဲ့အကြောင်းကို အခြေတည်ပြီးရိုက်ကူးထားတာပါ
main character ဖြစ်တဲ့ Krisha(Krisha Fairchild)ဟာလာ်း ဒါရိုက်တာTrey Ewards Shultsရဲ့ အဒေါ်အရင်းဖြစ်သလို
ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ရဲ့ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေချည်းပါပဲ
အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်နေရတယ်ဆိုတာတောင်မေ့သွားပြီ အပြင်မှာဖြစ်ပျက်နေတာကို ထိုင်ကြည့်နေရသလိုခံစားရမှာပါ
ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ
File size… 1.4 GB / 675 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 23m
Genre ….. Drama
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Na Ei
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။