AD 2022ခုနှစ်မှာ ဗိုင်းရက်စ်တစ်မျိုးကြောင့်
ကမ္ဘာ့လူဦးရေရဲ့ ၉၉.၉၉ရာခိုင်နှုန်းဟာသေဆုံးသွားခဲ့ကြပြီးတော့
ထူးဆန်းတဲ့သွေးအမျိုးအစားကိုပိုင်ဆိုင်ထားကြတဲ့ လူမည်းအနည်းစုသာ
ကမ္ဘာပေါ်မှာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ဒီလိုနဲ့ ၂၀၉၇ခုနှစ်
အရောက်မှာတော့ အဲဒီကျန်ရှိတဲ့လူမည်းအနည်းစုဟာလည်း
Pure, Bronze နဲ့ Vantaဆိုပြီး အသားအရောင်ကြောင့် သုံးဂိုဏ်း
ကွဲသွားပြီးတော့ အချင်းချင်းစစ်ဖြစ်တော့မယ့်အခြေအနေပါ
အဲဒီထဲကမှ Vanta ဂိုဏ်းရဲ့ဘုရင့်သားဖြစ်တဲ့ အော့တေးဗီးယက်စ်ဟာ
Pureဂိုဏ်းသူတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ပြီး ကလေးမွေးလာတဲ့
အခါမှာတော့ ကလေးကBronze ဂိုဏ်းသားတွေရဲ့အသား
အရောင်လိုမျိုးဖြစ်နေပါတယ် ဒါကြောင့် အချင်းချင်းပြဿနာ
မဖြစ်ရလေအောင်ဆိုပြီး အော့တေးဗီးယက်စ်ရဲ့ဇနီးနဲ့သမီးဖြစ်သူကို
သုတ်သင်လိုက်ကြပါတယ်..
ဒါကြောင့်အော့တေးဗီးယက်စ်ဟာ Vanta ဂိုဏ်းကထွက်ပြီး
တားမြစ်နယ်မြေထဲမှာသွားနေနေခဲ့တာပါ
ဒါပေမယ့် အသားအရောင်ခွဲခြားမှုကြောင့် တစ်နေ့တစ်ခြားတင်းမာလာတဲ့
ဂိုဏ်း၃ဂိုဏ်းရဲ့ပြဿနာဟာပိုမိုးကြီးထွားလာပြီး ဦးဆောင်သူမဲ့နေတဲ့
Vantaရဲ့တာဝန်တွေဟာ အော့တေးဗီးယက်စ်ပခုံးပေါ်ရောက်လာချိန်မှာတော့
အော့တေးဗီးယက်စ်တစ်ယောက် ဒီပြဿနာတွေကိုဘယ်လိုကိုင်တွယ်မလဲ
ဘာတွေကြုံတွေ့ရမလဲဆိုတာကို ရှုစားလိုက်ကြပါဦး…
File size… (1.70GB) / (893MB )
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 59m
Genre …..Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Thura Mg Mg
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။