လက်ဝှေ့ပွဲတွေကြိုက်တတ်တဲ့သူတွေအတွက် တရုတ်ရိုးရာ
ပါးကျီလက်ဝှေ့အစွမ်းကိုပြထားတဲ့ လက်ဝှေ့ကားလေးတင်ပေးလိုက်ပါတယ်။
ကွန်ဖူးပညာတွေဟာ ရှေးတုန်းက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့သုံးကြပေမယ့်
ခေတ်နဲ့အမျှပြောင်းလဲလာတဲ့နောက်မှာ အထိနာအသက်အန္တရာယ်ဖြစ်စေမယ့်
တိုက်ကွက်တွေကိုတားမြစ်ပြီး ကျန်တဲ့တိုက်ကွက်တွေကို
လက်ဝှေ့ပွဲတွေမှာအသုံးပြုခွင့်ပေးထားပါတယ်။
ပါးကျီလက်ဝှေ့ပညာဟာ တရုတ်ရိုးရာလက်ဝှေ့ပညာတွေထဲက အစွမ်းထက်တဲ့ပညာတစ်ခုပါ။
ဒါပေမယ့် ဒီရိုးရာလက်ဝှေ့ပညာကိုဆက်ခံသူတစ်ဖြည်းဖြည်းနဲ့နည်းပါးလာပါပြီ။
ပါးကျီမျိုးဆက်ဖြစ်တဲ့ ရွှီမျိုးနွယ်ညီအစ်ကို၂ယောက်မှာ အစ်ကိုဖြစ်တဲ့သူက
လက်ဝှေ့နဲ့အသက်မွေးပြီး ညီဖြစ်သူကိုတက္ကသိုလ်ကျောင်းတက်နိုင်အောင်
ထောက်ပံ့ပေးနေပါတယ်။ မထင်မှတ်ပဲလက်ဝှေ့ပွဲတစ်ပွဲမှာ
ဒဏ်ရာအပြင်းအထန်ရသွားတဲ့အခါ မိသားစုမှာအားကိုးရာမဲ့သွားခဲ့ပါတယ်။
အဲဒီလိုနဲ့ ညီဖြစ်တဲ့သူက မိသားစုတာဝန်ကိုထမ်းဖို့ကြိုးစားရင်
အစ်ကိုဖြစ်သူဒဏ်ရာရသွားတာ သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ……
သူ့အစ်ကိုကိုဒုက္ခရောက်စေတဲ့ တရားခံကိုဘယ်လိုဖော်ထုတ်မလဲ……
မိသားစုအမွေဖြစ်တဲ့ ပါးကျီလက်ဝှေ့ပညာကို သူတစ်ယောက်ထဲ
ထိန်းသိမ်းသွားဖို့ဖြစ်နိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော်……
Filesize : 1.10 GB / 571 MB
Quality : HDTV 1080p HEVC , 720p HEVC
Format : mkv
Genres : Action , Comedy
Runtime : 1h 28 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Nu Mon
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။