ဒီကားလေးကတော့ စာရေးဆရာ Yossi Ghinsberg ရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ပြန်လည်ပုံဖော်ပြီးအသက်သွင်းထားတာဖြစ်ပါတယ်
ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ( Daniel Radcliffe ) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်
၃ယောက်အတူခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်
ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကိုသူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူကရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ်
ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ်
အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကိုကြည့်ရမဲ့ Survivor movie လေးပါ
File Size : 2.2 GB, 1.1 GB
Quality : Blu-Ray 1080p / 720p
Running Time : 1hr 55min
Format : Mp4
Genre :Action, Adventure, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by : Khin Pyae Sone Kyaw
Encoded by : Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။