Channel Myanmar

Juang (2022)

ActionDramaFamily

7.0
IMDB: 7.0/10 votes

95997

Report error

 

442

ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က “တိုက်ပွဲ”လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။

အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ပြန်လိုက်ပါလာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

ကိုဗစ်ကာလတုန်းက လမ်းတွေပိတ်၊ ကားတွေစစ်၊ ဖြတ်သန်းခွင့်မရှိရင် မသွားရဆိုပြီး တားမြစ်မိန့်တွေလည်း ထုတ်ခဲ့တာမို့ အဲဒါအမိန့်ကို ဆောင်ရွက်ရတဲ့ ဝန်ထမ်းတွေနဲ့ အဲဒီအမိန့်ကို မလွှဲမရှောင်သာ ဖောက်ဖျက်ရတဲ့သူတွေ၊ ကိုယ်မှန်တယ်ထင်ရင် လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အတ္တသမားတွေ၊ ကိုယ်အဆင်ပြေဖို့ပဲအရေးကြီးပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူတွေရဲ့ အတ္တလောဘတွေ၊ ပစ္စည်းမလောက် လူအင်အားမရှိဘဲ ရှေ့တန်းက တိုက်ခိုက်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခက်အခဲတွေ၊ အရေးကြုံရင် ရှိတဲ့ပစ္စည်း ရှိတဲ့လူအင်အားနဲ့ အရေးပေါ်အသက်ကယ်ဆယ်ရေး ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဗဟုသုတတွေ၊ ကိုဗစ်ကာလရဲ့ နာကျင်ဖွယ်၊ သံဝေဂရဖွယ် ဒုက္ခမျိုးစုံကိုပါ ကွင်းကွင်းကွက်ကွက် မြင်သာအောင် ထည့်သွင်းရိုက်ကူးထားတာမို့ ခံစားချက်မျိုးစုံရရှိစေမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်မှာအမှန်ပါ။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)

File size…(1.9 GB)/(1 GB)

Quality….Webrip 1080p / 720p
Format…mp4
Duration….02:00:00
Genre…Drama, Action, Family
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Emily



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Juang (2022)


No downloads available

Genres



Related movies