နာမည်ကျော် ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး
CMပရိတ်သတ်တို့နဲ့မစိမ်းတဲ့ မင်းသားကြီး Bill Nighy၊
Jojo Rabbit (2019) နဲ့ Late Night in Soho (2021)တို့နဲ့
လူသိများတဲ့ မင်းသမီး Thomasin McKenzieအပြင်
မင်းသားချော James Norton တို့ပါဝင်သရုပ်ဆောင်ထားတဲ့
ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။
ရုပ်ရှင်ကတော့ အားလုံးကြားဖူးလောက်မဲ့ ဖန်ပြွန်သန္ဓေသား
နည်းပညာအကြောင်းကို အပြင်ကဖြစ်ရပ်မှန် သမိုင်းအတိုင်း
ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
အခုခေတ် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာတောင် အမျိုးသမီးတွေ
ကလေးမရနိုင်ရင် “အိမ်ထောင်ရေးတာဝန်မကျေသူ၊ အမြုံမ”
စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်နေကြတုန်းပါပဲ။
ဒါဆို ဒီလိုနည်းပညာတွေ မတိုးတက်ခင် 50s 60s ကာလတွေမှာ
အမျိုးသမီးတွေဘယ်လောက်များခက်ခဲခဲ့ကြမလဲ။
ဒီမျိုးဆက်မပွားနိုင်တဲ့ပြဿနာကို ဆေးသိပ္ပံပညာပိုင်း
လိုအပ်ချက်တစ်ခုပါလို့ မှတ်ယူပြီး မျိုးဆက်မပွားနိုင်တဲ့
အမျိုးသမီးတွေကို ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေး
ရအောင်လုပ်ပေးမယ်လို့ စတင်အကောင်အထည်ဖော်ခဲ့သူက
ဒေါက်တာရောဘတ် အက်ဒ်ဝက်ပါ။
သိပ္ပံပညာရှင် ဒေါက်တာရောဘတ်အက်ဒ်ဝက်ရယ်၊အရည်အချင်း
အပြည့်နဲ့ သားဖွားဆရာဝန်ကြီး မစ္စတာစတပ်တိုးရယ်၊
ဓာတ်ခွဲခန်းမန်နေဂျာသူနာပြုမလေး ဂျင်းပါဒီတို့ရယ်
သုံးယောက်ပေါင်းပြီး အမျိုးသမီးတွေအတွက် အနာဂတ်တစ်ခုကို
ဖန်တီးပေးဖို့ကြိုးစာခဲ့ကြပါတယ်။
ပြောလို့သာလွယ်လွယ်လေးထင်ရပေမဲ့ နည်းပညာပိုင်းအရရော
ဆေးသိပ္ပံပညာပိုင်းအရရော ခေတ်ကာလအရပါ အခက်အခဲတွေ
အများကြီးရှိခဲ့တာကြောင့် ဖန်ပြွန်သန္ဓေသားနည်းပညာရယ်လို့
ဖြစ်ပေါ်လာဖို့ အချိန် ၁၀ နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။
ကမ္ဘာ့ ပထမဆုံး ဖန်ပြွန်သန္ဓေသား ရင်သွေးလေး “Joy”
မွေးဖွားလာဖို့ သူတို့တွေ ဘယ်လောက်ပေးဆပ်ခဲ့ကြရလဲဆိုတာ
ကောင်းကောင်းကြီးမြင်တွေ့ရမှာပါ။
နာမည်ရ Actor တွေပါဝင်သရုပ် ဆောင်ထားတဲ့ရုပ်ရှင် ဖြစ်တဲ့
အလျောက် သဘာဝဆန်စွာနဲ့ ရသမျိုးစုံကို သရုပ်ဆောင်ချက်တွေကနေ
တဆင့်ခံစားရဦးမှာပါ။
ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ပတ်သတ်ပြီးလည်း ဗဟုသုတတွေ
အများကြီးရနိုင်တာမို့ အချိန်ပေးကြည့်ရတာနဲ့တန်မဲ့ ရုပ်ရှင်ကားကောင်း
တစ်ခုဖြစ်ကြောင်းညွှန်းဆိုလိုက်ချင်ပါတယ်။
File size… (1.24GB) / (735MB )
Quality… NF WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 55m
Genre …..Biography , Drama , History
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Muse
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။