Channel Myanmar

Report error

.Janaka Aithe Ganaka 2024 (ဖခင်တစ်ယောက် ဖြစ်လာပြီဆိုရင်)

ပရာဆပ်ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်က ဖခင်ဖြစ်သူကို
မြေနေရာကောင်းတစ်ခုဖြစ်လာနိုင်မယ့်နေရာကောင်းတစ်ခုကို
ဝယ်ခိုင်းခဲ့ပေမယ့် သူ့အဖေက လက်မခံပဲ တခြားနေရာမှာ
မြေကို ဝယ်ခဲ့လိုက်ပါတော့တယ်။

442

ဖြစ်ချင်တော့ ဖခင်ဖြစ်သူဝယ်ခဲ့တဲ့မြေနေရာဟာ ရေကန်ကြီးဖြစ်လာခဲ့ပြီးတော့
သူဝယ်ခိုင်းလိုက်တဲ့နေရာကတော့ အရမ်းကို ဖွံ့ဖြိုးတိုးတက်ပြီးတော့
ကွန်ဒိုတွေအများကြီးနဲ့ ဖြစ်နေပါတော့တယ်။ ဖခင်ဖြစ်သူဟာလည်း
သူ့သားစကားဆို ဘယ်တော့မှ လက်မခံသလို သားဖြစ်သူဟာလည်း
ဒီအချက်ကိုပဲ နင်းပြီးပြောလေ့ရှိပါတယ်။

ဒီလိုနဲ့ အသက်တွေကြီးလာပြီးတော့ အိမ်ထောင်ရက်သားကျပြီးတဲ့နောက်မှာတော့
ငွေကြေးမပြည့်စုံတဲ့အတွက် ပရာဆပ်ဟာ ကလေးယူဖို့အတွက်ကို ဝန်လေးလို့နေခဲ့ပါတော့တယ်။

ဒါပေမဲ့လည်း အလုပ်ကို ကြိုးစားလုပ်ရင်း Magic Wash ဆိုတဲ့
အဝတ်လျှော်စက်ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။
အဲဒီအချိန်ကျတော့မှ သူ့မိန်းမသွားချင်တဲ့ အူတီဆိုတဲ့နေရာကို
လိုက်ပို့ပေးဖို့ စိတ်ကူးယဉ်အိပ်မက်တွေ မက်ရင်း
ကလေးယူဖို့အတွက် စတင်ပြီးတော့ တွေးတောခဲ့ပါတော့တယ်။

ပရာဆပ်တစ်ယောက် ဖခင်တစ်ယောက်ဖြစ်လာပြီး သူ့ဖခင်နဲ့မတူအောင် ကလေးကို ပျိုးထောင်ပေးနိုင်ပါ့မလား ……….
မပြည့်စုံတဲ့ဘဝကနေ ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီးတော့ ဘဝကို နေထိုင်သွားမလဲ…..
ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဒါတင်မကပဲ ဟာသမင်းသားကြီး Vennela Kishoreလည်း ပါတာဖြစ်လို့
ဒရာမာဇာတ်ကားကို ဟာသလေးတွေနှောပြီးတော့ အခွီလေးတွေနဲ့ ကြည့်ရှုရမယ့် ဒရာမာကားလေးဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

File size… 1.8 GB / 896 MB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….2h 18m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Janaka Aithe Ganaka (2024)
Janaka Aithe Ganaka (2024)


No downloads available

Genres



Related movies