Channel Myanmar

Isleen Pines (2024)

ComedyHorrorSci-Fi

5.8
IMDB: 5.8/10 votes

34639

Report error

 

သရဲမြူးတဲ့ဟောလိုးဝင်းကြီးနီးကပ်လာပြီဖြစ်တဲ့အတွက် နှစ်တစ်နှစ်ရဲ့

442

ဒီလိုအချိန်မှာ ဟောလိုးဝင်းနဲ့သက်ဆိုင်တဲ့ Horror ဇာတ်ကားတွေစုပြုံ

ထွက်လာကြတာပုံမှန်ပါပဲ။ဒီအချိန်မှာ ရုပ်ရှင်ကုမ္ပဏီအကြီးကြီးတွေကလည်း

ရေကုန်ရေခမ်းအကြမ်းစားတွေချပြကြသလို တက်သစ်စ စတူဒီယို

အသေးလေးတွေအတွက်လက်စွမ်းပြလို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်။

အဲ့ဒါကြောင့် Horror ချစ်သူတွေအတွက်တော့လက်ညှိုးထိုးမလွဲ

Horror ဇာတ်ကားတွေကိုအကြိုက်ရွေးချယ်ကြည့်ရုံပါပဲ။

အခုတင်ဆက်ပေးမဲ့ Isleen Pines ဆိုတဲ့ဇာတ်ကားလေးကလည်း

Terrifier တို့လိုမျိုးလူသတ်ဟောလိုးဝင်းဇာတ်ကားတစ်ကားဖြစ်ပြီး

တက်သစ်စလေးတွေရိုက်ကူးထားတဲ့ကားဖြစ်တဲ့အတွက် အပြစ်မမြင်ပဲ

ချစ်ချင်တဲ့စိတ်နဲ့ပဲကြည့်ရင်တော့ အပျင်းပြေကြည့်လို့ကောင်းမဲ့

Horror ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

ဟောလိုးဝင်းနေ့ရောက်လာပြီဆိုရင် အက်စလင်းပိုင်းစ်မှာပါတီကြီး

တစ်ခုလုပ်ပေးပြီးတော့ ဝတ်စုံပြိုင်ပွဲလုပ်ကြပါတယ်။အဲ့ဒီမြို့သူမြို့သား

တော်တော်များများကလည်း လူကြီးလူငယ်မရွေးအဲ့ဒီပြိုင်ပွဲမှာပျော်ပျော်

ရွှင်ရွှင်ဝင်ပြိုင်ကြပါတယ်။အဲ့ဒီထဲမှာဆယ်ကျော်သက်သူငယ်ချင်း

၄ ယောက်အဖွဲ့လည်းအပါအဝင်ဖြစ်ပြီးတော့ပါတီကိုအတူတူသွားဖို့

သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာလူစုနေကြပါတော့တယ်။

တစ်ယောက်ပြီးတစ်ယောက် နောက်ကျမှရောက်လာရင်းနဲ့

သူငယ်ချင်းတွေစုံလို့ သွားတော့မယ်လည်းဆိုရော သူငယ်ချင်း

တစ်ယောက်က ကောက်ကာငင်ကာကြီးသေဆုံးသွားပါတော့တယ်။

ဒီလိုနဲ့အကုန်လုံး ပြာယာခတ်ကုန်ကြပြီး အကူအညီတောင်းဖို့ကြိုးစား

တော့လည်း ဖုန်းလိုင်းမမိ အပြင်ထွက်ဖို့ကြံတော့လည်း အိမ်ပြင်မှာ

သူတို့မမျှော်လင့်ထားတဲ့ထိတ်လန့်စရာကြီးကစောင့်ဆိုင်းနေတဲ့

အတွက် ဘာလုပ်ရမှန်းမသိဘဲ တိုင်ပတ်နေကြပြီး အသက်မသေဘဲ

လွတ်မြောက်ဖို့ကြိုးစားကြပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။

 

 

File size…895MB / 451MB
Quality…WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 24m
Genre ….. Comedy , Horror , Sci-Fi
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies