ဒါရိုက်တာ Franck Dubosc ရိုက်ကူးထားတဲ့
ပြင်သစ်လူသတ်ကားလေးတစ်ကားဖြစ်ပါတယ် ။
လူသတ်ကားဆိုပေမဲ့ comedy ဆန်ဆန်သွားထားပြီး
ထင်းရှူးစိုက်ရောင်းတဲ့ လူတစ်ဦးဟာ နှင်းတဖွဲဖွဲ
ခရစ္စမတ်အကြိုနေ့လေးမှာ ကားမောင်းလာရင်းကနေ
လမ်းပေါ်တက်လာတဲ့၀က်ဝံကိုအရှောင် လမ်းဘေးမှာ
ရပ်ထားတဲ့ကားကို၀င်တိုက်လိုက်မိရာမှာ အထဲမှာ
ရှိနေတဲ့စုံတွဲကို မတော်တဆသတ်လိုက်မိပါတယ် ။
အစကတည်းက နပ်မှန်အောင်ရုန်းကန်နေရတဲ့ဘ၀တွေ
ဆိုတော့ အာမခံငွေကြေးလဲမတတ်နိုင်တဲ့အခါမှာ
မှုခင်း၀တ္ထုတွေဖတ်ရတာကြိုက်တဲ့ သူ့မိန်းမက
ခေါင်းရှောင်ဖို့အတွက်အကြံပေးလာတယ် ။
ထူးဆန်းတာက သေသွားတဲ့စုံတွဲမှာ ယူရိုငွေနှစ်သန်း
တောင်ရှိနေတာပဲ ။ ပြီးတော့ ထပ်ဖြစ်လာတဲ့လူသေမှု
တွေကြောင့် ပထမဆုံးသံသယ၀င်ခံရမဲ့လူတွေအနေနဲ့
သူတို့လင်မယားရှောင်ရင်းကွင်းရင်းကနေပြီးတော့
လိမ်ဆင်ကပိုပိုပြီးကြီးထွားသွားကာ အန္တာရယ်များတဲ့
နယ်ပယ်တွေထဲကို ကျရောက်လာတော့တယ် ……
အဲ့ငွေနှစ်သန်းက ဘယ်ကအရင်းခံတာလဲ ………
သူတို့လင်မယားကရော ရဲလက်ထဲကနေ ဘယ်လို
လွတ်အောင်ရှောင်ကြမလဲ ……
ဒါတွေကိုတော့ ဆက်ကြည့်ရှု့လိုက်ကြပါနော် ။
File size… (1.52 GB) / ( 906 MB)
Quality… WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration….1h 49m
Genre …..Comedy , Crime , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Phu Thet Khin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။