Happy Death Day (2017)
IMDb Rating (6.6) / Rotten Tomatoes (71%)
Thiller ဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက် ဒီကားကတော့ လုံးဝအမိုက်စားပါပဲ။
Before I Fall ဇာတ်ကားလေးနဲ့ပုံစံတူပါတယ်။
ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီး Mystery ဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။
လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။
လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့်
တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။
ဇာတ်လမ်းလေးကတော့…
ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာ
ကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။
ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်
မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။
ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။
ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။
မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်
ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။
ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။
ဇာတ်လမ်းကအဲဒီမှစတာပါ။
သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။
နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။
အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်
အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့
သူပြန်လည်နိုးထလာချိန်မှာ Happy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။
ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း
လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။
သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။
ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။
တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက်
အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။
ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။
မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့်
အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။
ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။
လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊
Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရော
အဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာကတော့……..။
Happy Death Day (2017) နဲ့ Happy Death Day 2U (2019) ဆိုတဲ့ အဆက်ရုပ်ရှင် ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါပြီ။
File size…(1.4 GB )/(940 MB)
Quality….BluRay 1080p HEVC / 720p
Format…mkv/mp4
Duration….01:36:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Trasnlated by Fridays
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။