Girlfight (2000)
IMDb Rating (6.7) / Rotten Tomatoes (87%)
ဒီဇာတ်ကားကတော့ ၂၄နှစ်အတွင်းအကောင်းဆုံး လက်ဝှေ့ဖိုက်တာကားဆိုပြီးသတ်မှတ်ထားတဲ့ဇတ်ကားဖြစ်ပါတယ်။
ဒါရိုက်တာ Karyn Kusama နဲ့အဓိက အမျိုးသမီးသရုပ်ဆောင် Michelle Rodriguezတို့ကိုအနုပညာလမ်းကြောင်းမှာအောင်မြင်ကျော်ကြားလျှောက်လှမ်းနိုင်အောင်စတွန်းတင်ပေးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။
ဒါရိုက်တာ Karyn Kusama ရဲ့တကယ့်အတွေ့အကြုံတွေကို ထင်ဟပ်ပြသတဲ့ကားလို့လဲဆိုကြပါတယ်။ အမေရိကန်နိုင်ငံကလက်တင်နိုတွေရဲ့ဘဝနဲ့ အလုပ်သမားလူတန်းစားရဲ့ဘဝကို သဘာဝကျကျဖော်ပြပေးနိုင်တယ်လို့လဲဆိုကြပါတယ်။
ရုပ်ရှင်ပွဲတော်တွေမှာဆုရထားတဲ့ ဇာတ်ကားဖြစ်သလို Michelle Rodriguez ကလည်းဒီဇတ်ကားနဲ့ဆုတွေရထားပါတယ်။
ဇာတ်လမ်းအကျဥ်း
ဒိုင်ယာနာဂူးဇ်မန်း(Michelle Rodriguez)ဟာ မိန်းကလေးမဆန်တဲ့မိန်းကလေးဖြစ်ပြီး ကျောင်းစာမှာစိတ်ဝင်စားတာနည်းသလို အတန်းဖော်နဲ့လည်းရန်ဖြစ်လို့ နောက်တစ်ခါဆိုကျောင်းထုတ်ခံရမယ်သတိပေးခံထားရပါတယ်။ သူ့အဖေကလည်း သူ့ကိုပြဿနာအိုးလေးဆိုပြီး မကြည်တဲ့အပြင် သူ့အဖေနဲ့လည်းခဏ ခဏစကားများပါတယ်။သူ့အမေကကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပြီး သူ့မှာတိုင်နီဆိုတဲ့မောင်တစ်ယောက်ရှိပါတယ်။
တိုင်နီ့ကို သူ့အဖေက ဂျင်မ်တစ်ခုမှာလက်ဝှေ့ကျင့်ခိုင်းထားပါတယ်။တစ်ရက်သူ့အဖေက ဒိုင်ယာနာကို တိုင်နီ့အတွက်လက်ဝှေ့နည်းပြကိုပိုက်ဆံသွားပေးခိုင်းပါတယ်။
တိုင့်နီကို အနိုင်ကျင့်တဲ့ ရေးဆိုတဲ့ လက်ဝှေ့လေ့ကျင့်နေတဲ့ကောင်လေးကို ဒိုင်ယာနာက ထိုးပစ်လိုက်ပါတယ်။ ဒိုင်ယာနာက လက်ဝှေ့မှာစိတ်ဝင်စားသွားပြီးသူ့ကို လက်ဝှေ့ကျင့်ပေးဖို့ ဆရာဟက်တာ့ကိုပြောတော့ တစ်ချိန်ကို ၁၀ ဒေါ်လာနဲ့သင်ပေးဖို့ သဘောတူလိုက်ပါတယ်။
သူ့အဖေဆီက ပိုက်ဆံတောင်းမရတာနဲ့ဒိုင်ယာနာက သူ့အဖေဆီက ပိုက်ဆံခိုးပြီး လက်ဝှေ့လေ့ကျင့်ပါတယ်။အပြန်အလှန်ထိုးတာကိုလေ့ကျင့်တဲ့အခါယောကျာ်းလေးတွေနဲ့ကျင့်ရပါတယ်။ အားကစားခန်းမမှာ အေဒရီယမ်ဆိုတဲ့လူငယ်လေးနဲ့ ဒိုင်ယာနာတွေ့ပြီးသူတို့နှစ်ယောက်အချင်းချင်းစိတ်ဝင်စားသွားကြပါတယ်။ ကျားမ မခွဲခြားတဲ့ လက်ဝှေ့ပြိုင်ပွဲတွေစခေတ်စားလာပြီး ထောက်ခံသူတွေမထောက်ခံသူတွေရဲ့ ပွတ်တိုက်မှုကြားကပဲ ဒိုင်ယာနာလည်း ကြိုးဝိုင်းထဲမှာယောကျာ်းလေးတွေနဲ့ ထိုးသတ်ရဖို့
ဖြစ်လာပါတယ်။
ဘယ်သူတွေနဲ့ထိုးသတ်ရမလဲ ဒိုင်ယာနာ အနိုင်ရမလား သူ့ရဲ့ အိမ်တွင်းရေးအချစ်ရေး ကျောင်းပညာရေးတွေမှာဘာတွေဖြစ်လာမလဲဆိုတာကိုတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။
ဇာတ်လမ်းရဲ့ထူးခြားချက်
ဇာတ်လမ်းရဲ့အဓိကတင်ပြချက်ကအားကစားပညာ၊သတ္တိနဲ့ဆုံးဖြတ်ချက်တွေဟာကျားမမခွဲခြားဘူးဆိုတာကိုထင်ဟပ်ပြသပေးနိုင်ပါတယ်။ မိန်းကလေးတစ်ယောက်ကလည်း သူ့အိပ်မက်ကို အကောင်ထည်ဖော်နိုင်တယ်ဆိုတဲ့အကြောင်းကိုချပြထားပါတယ်။ အားကစားဇာတ်ကားတွေကိုကြိုက်တယ်ခံစားမှုပါတဲ့ဇာတ်ကားတွေကိုလည်း ကြိုက်တယ်ဆိုရင် Girlfight ဟာမဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
ကျားမစွမ်းရည်မခွဲခြားတဲ့လူ့ဘောင်တစ်ခုအနာဂတ်မှာတည်ရှိနိုင်မလား၊အမျိုးသမီးတွေအတွက်အခွင့်အရေးတွေကိုတကယ်အားပေးနိုင်မလားဆိုတဲ့အတွေးတွေပေါ်
လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျားမ မခွဲခြားဘူးဆိုတာပြောနေပေမဲ့တကယ်ဘာတွေဖြစ်နေလဲဆိုတာကြည့်ရင်းသိလာပါလိမ့်မယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)
File size…(3.6 GB) / (1.6 GB)
Quality….Blu-Ray 1080p HEVC / 720p
Format…. mkv/mp4
Genre….Drama
Duration….01:51:21
Subtitle….Myanmar Subtitle (Hardsub)
Encoder….Double K
Translated by Khin Sakar Khin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။