Channel Myanmar

Faqiu-The Lost Legend ( 2022 )

1h 20 min Uncategorized

6
IMDB: 6/10 20 votes

, ,

China

276430

Report error

Faqiu-The lost legend (2022)

ခွန်းလွန်တောင်ဆိုတာကတော့ ကောင်းကင်ဘုံက
နတ်ဘုရားတွေကျင့်ကြံအားထုတ်တဲ့နေရာဖြစ်ပြီး
သာမန်မျက်စိနဲ့မမြင်နိုင်ဘူးလို့ဆိုကြပါတယ်။

442

ခွန်းလွန်တောင်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ကျောရိုးဖြစ်ပြီး
နတ်ဘုရားပေါင်းရာချီကနေတည်ဆောက်ထားတဲ့ ရတနာတိုက်ဖြစ်တယ်။
ရှေးဟောင်းအုတ်ဂူအမြောက်အများတည်ရှိနေတဲ့နေရာလည်းဖြစ်တယ်။
“တောင်တန်းတွေကြားမှာ အထွတ်အမြတ်ရတနာတွေကိုသိုဝှက်ထားတယ်၊
ကျောက်မင်ကလမ်းပြလိမ့်မယ်” လို့ထျန်းကွမ်းစာအုပ်ကဆိုပါတယ်။

ကျောက်မင်ဆိုတာဘာလဲ? ရှေးဟောင်းကြေးမုံတစ်ချပ်ဖြစ်ပြီး
ရတနာတိုက်ရဲ့သော့ချက်လို့အများကသိထားကြတယ်။
ခွန်းလွန်ရဲ့ရတနာတိုက်ကို မတရားလောဘတက်သူ
သင်္ချိုင်းဂူဖောက်သမားအများစုဟာလည်း ခွန်းလွန်အပြင်ကိုပြန်မရောက်နိုင်ဘဲ
အထဲမှာပဲဇိဝိန်ချုပ်သွားခဲ့တယ်။ သားရဲတိရစ္ဆာန်တွေ ၊
အသူတရာနက်တဲ့ချောက်ကမ်းပါး၊ အလောင်းကောင်နဲ့အရိုးစုအမြောက်အများကြောင့်
ခွန်းလွန်ပတ်ဝန်းကျင်ဟာ ကြောက်မက်ဖွယ်ကောင်းနေပါတော့တယ်။
ခွန်းလွန်ကိုသွားသူအကုန်လုံးဟာလည်းပြန်လမ်းမရှိပျောက်ဆုံးသွားကြတယ်။

ဒီလိုဒဏ္ဍာရီတွေနဲ့ကြောက်မက်ဖွယ်ကောင်းနေတဲ့ခွန်းလွန်ကို
ကျန်းဝမ်ဖုန်းတစ်ယောက်သွားဖို့ဖြစ်လာတာကတော့
မိမိတိုင်းပြည်ရဲ့အမွေအနှစ်တွေကို တိုင်းတစ်ပါးသားလက်ဝါးကြီးအုပ်မှာကိုကာကွယ်ဖို့ရယ်၊
လွန်ခဲ့တဲ့ ၁၇နှစ်ကခွန်းလွန်ကိုသွားရင်းပျောက်ဆုံးသွားတဲ့အဖေဖြစ်သူရဲ့
အကြောင်းကို တူးဆွဖို့ရယ်ဖြစ်ပါတယ်။
ဒါပေမဲ့ ခွန်းလွန်ကိုသွားတာသူတို့တစ်ဖွဲ့တည်းမဟုတ်ဘဲ
တိုင်းတစ်ပါးကအဖွဲ့နဲ့ရင်ဆိုင်တွေ့မိကြတဲ့အခါ၊
အဲ့အဖွဲ့ခေါင်းဆောင်ဟာ လွန်ခဲ့တဲ့၁၇နှစ်က အဖေဖြစ်သူနဲ့အတူသွားခဲ့တဲ့လူရဲ့တပည့်ဖြစ်နေတဲ့အခါ…

ခွန်းလွန်တောင်ရဲ့လျို့ဝှက်ဆန်းကြယ်မှုတွေနဲ့အတူ
ရတနာသိုက်ရှာပုံတော်အကြောင်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Filesize : 1.03 GB / 560 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mkv
Genres : Action , Thriller , Adventure
Runtime : 1h 20 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies