Drop (2025)
IMDb Rating (6.4) / Rotten Tomatoes (84%)
Drop ကတော့ thriller, mystery, drama အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ဗိုင်အိုလက်လို့ခေါ်တဲ့ တစ်ခုလပ်ကလေးအမေအမျိုးသမီးတစ်ယောက်ဟာ အွန်လိုင်းအပ်ပလီကေးရှင်းတစ်ခုကနေ လူတစ်ယောက်နဲ့တွေ့ဆုံဖို့ချိန်းဆိုခဲ့ပါတယ်။
အဲဒီလူနဲ့တွေ့ဆုံနေချိန်မှာပဲ သူမရဲ့ဖုန်းထဲကိုစိတ်အနှောင့်အယှက်ဖြစ်စရာ စာတွေတစောင်ပြီးတစောင်ဝင်လာပါတော့တယ်။
အစမှာတော့ အပျော်အပျက်အနေနဲ့အမှတ်မထင်ထားလိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ဘဝကိုအကြီးအကျယ်ခြိမ်းခြောက်မှုတွေပါလာပါတော့တယ်။
ဒီအရာကိုလုပ်ဆောင်နေသူဟာ သူမရဲ့လှုပ်ရှားမှုတိုင်းကိုမြင်တွေ့နေရသလိုထိန်းချုပ်နေပြီး သူမရဲ့အနားမှာရှိနေတဲ့ဘယ်သူမဆိုဖြစ်နေနိုင်တာကိုသိခဲ့ရပြီးနောက်..
ဒီအကြပ်အတည်းကနေ သူမဘယ်လိုပုံစံနဲ့ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။)
File size… (3.4 GB) / (1 GB) / (650 MB)
Quality…. WEB-DL 4K HEVC / 1080p HEVC / 720p
Format…. mkv/mp4
Genre…. Drama, Mystery, Thriller
Duration…. 01:36:46
Subtitle…. Myanmar Subtitle (Hardsub)
Encoder…. Benjamin
Translated by Senju
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။