Channel Myanmar

Report error

442

Doomsday (2008)

IMDb Rating (5.9) / Rotten Tomatoes (50%)

အကောင်းအဆိုးဒွန်တွဲမှုတွေရှိနေပေမယ့် Action/Sci-Fi တွေထဲတော့ ဒီရုပ်ရှင်ကားက မှတ်မိစရာဇာတ်ကားတစ်ကားပါပဲ။

Mad max တို့၊ Escape from New York နဲ့ 28 days later တို့လို ဂန္ထဝင်ဇာတ်ကားကြီးတွေကို မှီငြမ်းအတုယူ၊ အနာဂတ်စစ်သားနဲ့ အလယ်ခေတ် မြင်းစီးချပ်ဝတ်စ်သည်တော်နဲ့ ယှဉ်ပြိုင်တယ်ဆိုတဲ့ စိတ်ကူးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်၊ ဒါရိုက်တာကြီးကို သူ့ရဲ့အရင် ဇာတ်ကားနှစ်ကားမှာရခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးဘက်ဂျက်တွေရဲ့ သုံးဆအထိ ထုတ်ပေးပြီး အားပါးတရ ရိုက်ကူးခိုင်းလိုက်တဲ့အခါ rating တွေထိုးကျ၊ ခရမ်းချဉ်သီးပုပ်တွေ ဟိုတစ ဒီတစနဲ့ ရုံတင်ဝင်ငွေ အရှုံးပေါ်သွားတဲ့ Hollywood Bomb သောက်တလွဲကားကြီး ဖြစ်လာပါတော့တယ်။

စိတ်မပျက်ပါနဲ့ လူကြီးမင်း။ ဘာမှ မခိုင်မာ၊ ယုတ္တိမရှိတဲ့ဇာတ်အိမ်၊ မခိုင်မာ မပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက် ဖော်ကျူးမှု၊ ဟိုမရောက် ဒီမရောက်၊ ဘာကိုကြည့်ရမယ်မှန်းမသိတဲ့ တည်းဖြတ်မှု၊ မလိုအပ်ဘဲ သွေးသံရဲရဲလုပ်ပြနေတာတွေကြောင့် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခံရတဲ့ ဇာတ်ကားလည်း ဖြစ်နေပါသေးတယ်။

ချီးကျူးခံရတဲ့ အရာလေးတွေလည်း ရှိပါသေးတယ်။ ဥပမာ သရုပ်ဆောင်ရွေးချယ်ရေးက အံဝင်ခွင်ကျဖြစ်တာ၊ ဇာတ်ကြောင်းကို အစဉ်လိုက် လှလှပပ ပြနိုင်တာ၊ မှီငြမ်းထားတဲ့ ဇာတ်ကားတွေကို လွမ်းမောဖွယ်လုပ်ပြနိုင်တာ ဘာညာတွေမှာလည်း မဆိုးဘူး ဂွတ်တယ် အပြောခံရပါသတဲ့။

ဇာတ်လမ်းအတွက် စိတ်ကူးကတော့ သိပ်ကိုလှပပြီး ဆန်းကြယ်တာကိုတော့ ဝန်ခံရမယ်ဗျ။ လူသတ်ဗိုင်းရက်စ်ရောဂါပိုး ပြန့်ပွားလာတဲ့ကမ္ဘာမှာ survive လုပ်ရတဲ့ survival ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးက နောင်တော်ဇာတ်ကားကြီးတွေမှာ ရောဂါမဖြစ်တဲ့သူက တံတိုင်းတွေနောက်မှာ ပုန်းအောင်းကြရတာပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ စဖြစ်တဲ့ zero patients တွေကို တံတိုင်းထဲတည့်ပိတ်ပြီး သေပါစေပစ်ထားလိုက်တဲ့ မဟာကရုဏာရှင်တွေအကြောင်းဖြစ်လို့ မတူတဲ့စိတ်ကူးတော့ ဖြစ်နေပါပြီ။

နောက်ပြီး အန္တရာယ်မြေဖြစ်သွားတဲ့ စကော့တလန်မှာ တံတိုင်းခတ်ခံရပြီး အစွန့်ပစ်ခံလိုက်ရတဲ့ ရှင်သန်ကျန်ရစ်သူတွေမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားပါတယ်။ မရောက်ဒါး လို့ခေါ်တဲ့ လှည့်လည်ကျက်စား သားရဲများ အဖွဲ့ကတစ်ဖွဲ့။ အလယ်ခေတ် သံချပ်ဝတ်မြင်းစီးစစ်သည်တော်တွေကတစ်ဖွဲ့။ သိပ္ပံခေတ်မှာ လေးမြားဓားလှံတွေနဲ့ လူရာဝင်နေကြသူတွေပေါ့။

တံတိုင်းပြင်ပ ရောဂါမဖြစ်သူတို့မြေမှာ သေမင်းတမန်‌ဗိုင်းရက်စ်က ခေါင်းပြန်ထောင်လာတော့ တံတိုင်းတွင်းက သေရမယ့်လူတွေ မသေတဲ့အဖြစ်ကို သူတို့စိတ်ဝင်စားသွားတယ်။ ‌ဗိုင်းရက်စ်ပေါက်ဖွားဖို့ သိပ်ကောင်းတဲ့ ရေမြေဖြစ်ပြီး ဖင်ချင်းပေါက် ကြပ်ညပ်နေတဲ့ နေရာကျဉ်းကျဉ်း တံတိုင်းထဲမှာ ဒီလူတွေ မသေတာ ကုသနည်းရှိလို့ပဲဆိုပြီး အလန်းစား အမိုက်စား သောက်ကြမ်းကြီး အထူးတပ်ဖွဲ့ဝင် အမျိုးသမီးကို အဖွဲ့တစ်ဖွဲ့ဦးဆောင်စေပြီး တံတိုင်းထဲကို လွှတ်လိုက်တာက ဇာတ်လမ်းစပါတယ်။

ဒီတော့ တံတိုင်းပြင်ပက သူတို့ကိုသေပါစေ ပစ်ထားခဲ့သူတွေအပေါ် တံတိုင်းတွင်းကလူတွေ ဘယ်လိုသဘောထားမလဲ စိတ်ကူးကြည့်ပေါ့။ ဒီလက်တစ်ဆုပ်စာအဖွဲ့လေးက ရှင်သန်သူ နှစ်ဖွဲ့ကြားမှာ သွေးသံရဲရဲသေကုန်တာကလည်း ‌ကြည့်လို့ကောင်းတဲ့ဇာတ်ကွက်တွေပါပဲ။

စားစရာ ရိက္ခာပြတ်လို့ လူသားအချင်းချင်း ပြန်စားနေရပါတယ်ဆိုတဲ့ တံတိုင်းအတွင်းမှာ နွားမအုပ်ကြီးကြားက မင်းသမီးတို့အဖွဲ့ ဖြတ်လာတဲ့အခန်းကိုကြည့်ရတော့ ကိုယ်ပဲဉာဏ်မမီတာလား မပြောတတ်တော့ဘူး။ ရှင်သန်သူတွေက အမဲသားမစားကြတဲ့သူတွေမလို့ဖြစ်မှာပါလေ။ လျှပ်စစ်စွမ်းအင် မရှိတော့လို့ အလယ်ခေတ် မြင်းစီးစစ်သည်တိုင်းပြည်ထူထောင်ကြသူတွေနားက စစ်စခန်းတစ်ခုမှာ အရံမီးစက်တွေ၊ လောင်စာတွေအပြည့်ရှိနေတာ။

သေတ္တာကြီးထဲက ကားအကောင်းစားတစ်စင်းထုတ်ယူလာပြီး ဆီအပြည့်ထည့် မောင်းထွက်သွားတဲ့ မင်းသမီးတို့အဖွဲ့ကိုတွေ့ရတော့ ဟိုရှင်သန်သူအဖွဲ့က လိုအပ်ရင်သုံးမလို့ ဥထားတာပါလို့ပဲ တွေးမိပါတယ်။ ဒါပေမဲ့ နှစ်အစိတ်လောက်သက်တမ်းရှိတဲ့ဓာတ်ဆီက ကားထဲထည့်မောင်းလို့ရသေးတယ်ဗျ။ တော်တော်ကောင်းတဲ့ ဓာတ်ဆီတွေပါဗျာ။ အင်္ဂလန်ထုတ် ဖြစ်နေလို့နဲ့တူပါရဲ့။

ဒါပေမဲ့ ဒီအချက်တွေကို ဇာတ်ကားကို ဇာတ်ကားလိုပဲကြည့်ဟဲ့ဆိုပြီး သည်းခံလိုက်ရင်တော့ CGI အမိုက်စား၊ သရုပ်ဆောင်ကောင်းကောင်း၊ အရင်က ဂန္တဝင်ဇာတ်ကားကြီးတွေရဲ့ အငွေ့အသက်တွေ၊ အလန်းစား ဖိုက်တင်ကတ်တွေနဲ့ ရင်ကိုထိတဲ့ဇာတ်ကားဖြစ်ပါကြောင်း။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

File size – (3.1 GB)/(1.5 GB)
Quality – BluRay HEVC 1080p / 720p
Format – mkv / mp4
Duration – 01:53:43
Subtitle – Myanmar Subtitle (Hardsub)
Encoder – Benjamin
Translated by Arr Khun Winchester



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)
Doomsday (2008)


No downloads available

Genres



Related movies