Channel Myanmar

Django Unchained (2012)

Django Unchained    

R 165 min ComedyDramaWestern

8.4
IMDB: 8.4/10 1,229,099 votes

, ,

, , , , , , , , ,

Won 2 Oscars. Another 56 wins & 151 nominations.

USA

949608

Report error

442

Django Unchained (2012)

IMDb Rating (8.5) / Rotten Tomatoes (87%)

ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။

ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။

Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ၃ ယောက်ဆိုတာက လွဲလို့ ဘာမှ မသိဘူး။ အဲဒါကြောင့် အဲဒီညီအစ်ကို ၃ ယောက်ဆီမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တစ်ယောက်ကို လိုက်ရှာနေတယ်။

ဖြစ်ချင်တော့ တစ်ည လမ်းခရီးမှာ အဲဒီကျွန်တစ်ယောက်ကို တွေ့သွားခဲ့တယ်။ ဒါပေမယ့် အဲဒီဂျာမန်သွားဆရာဝန်ရဲ့ ပြောပုံဆိုပုံကြောင့် လူဖြူကျွန်ပိုင်ရှင်တွေက မရောင်းဘဲနဲ့ ငြင်းလိုက်တယ်။ ဒါပေမယ့်လည်း ဂျာမန်သွားဆရာဝန်ဟာ bounty hunter လေ။ သူ့ကို အဲဒီလို အချိုးမျိုး လာလုပ်လို့မရဘူးဆိုတာ လက်တွေ့ပြလိုက်တယ်။

ဒီလိုနဲ့ သူလိုချင်တဲ့ ကျွန်တစ်ယောက် ခေါ်လာနိုင်ခဲ့တော့တယ်။ အဲဒီလူမည်းနာမည်က Django ။ D silent ဂျန်ဂို တဲ့။ ဒီနေရာမှာ bounty hunter ဂျာမန်သွားဆရာဝန်ရဲ့ ကာရိုက်တာကို နည်းနည်းပြောချင်တယ်။ လူမည်းကျွန်စနစ်ခေတ်ကြီးထဲမှာ သူခေါ်လာတဲ့ လူမည်းကို လူလိုသဘောထားပြီး တန်းတူဆက်ဆံတာဆိုလို့ သူ တစ်ယောက်တည်း ရှိတယ်။ အဲဒါအပြင်သူက သူ့ကျွန်ကို အပြည့်အ၀ ကာကွယ်ပေးသေးတာ။ အဲဒီလိုသဘောထားလို့လည်း ရောက်တဲ့နေရာတိုင်းမှာ သူ့တို့နှစ်ယောက်ကို လူဖြူတွေရော လူမည်းတွေပါ အထူးအဆန်းလို ကြည့်ကြတယ်။

အဲဒီ bounty hunter က ဂျန်ဂို ကိုပြောတယ်။ ဂျန်ဂိုအနေနဲ့ ညီအစ်ကို ၃ ယောက်ကို ရှာတွေ့ပြီး သတ်ပေးနိုင်ရင် သူ့ကို ကျွန်ဘဝကနေ လွတ်လပ်ခွင့်ပေးပါမယ်တဲ့။ ဆိုတော့ သူတို့နှစ်ယောက် ညီအစ်ကို ၃ ယောက် ရှာပုံတော် ဖွင့်ကြတော့တယ်။

ဒီကားထဲမှာ Quentin Tarantino ရဲ့ ကာရိုက်တာတွေ အထိုင်ချတာကို တော်တော်သဘောကျတယ်။ ဂျာမန် bounty hunter အဖြစ် Christoph Waltz ကို လုပ်ခိုင်းပြီး သူ့ရဲ့ အဖော်ကျွန်နေရာမှာတော့ Jamie Foxx ကို လုပ်ခိုင်းတယ်။

လူဖြူသူဌေးအဖြစ် Leonardo ၊ လူဖြူသူဌေးရဲ့ သစ္စာတော်ခံလူယုံအဖြစ် Samuel Jackson က သရုပ်ဆောင်ရတယ်။ ဒီနေရာမှာ Leo Vs Christoph ထက် Samuel Jackson Vs Jamie Foxx နှစ်ယောက်ရဲ့ အားပြိုင်သရုပ်ဆောင်မှုကို ပိုပြီးတွေ့ရမယ်။

မထုံတတ်သေးနဲ့ ရန်သူကို သွေးအေးအေးနဲ့ လှည့်စားတတ်တဲ့ Christoph ရဲ့ ကာရိုက်တာကြောင့်လည်း ဒီကားက ပိုပြီးဆွဲဆောင်မှု ရှိနေတာပါ။ (Christoph Waltz ဟာ ဒီဇာတ်ကားနဲ့ ဒုတိယအကြိမ် အော်စကာဆုရခဲ့ပါတယ်။ )

နောက်ပြီး ဒီရုပ်ရှင်ထဲမှာ Spaghetti Western ရုပ်ရှင်တွေရဲ့ လွမ်းမိုးမှုတွေ ပါဝင်နေတာတွေ့ရတယ်။ အထူးသဖြင့် သေနတ်ထပစ်ကြတဲ့အခန်းတွေ။ သေနတ်ပစ်ကြတဲ့ပုံစံတွေ။

Django Unchained နဲ့ The Hatefull Eight ဟာ ခေတ်တစ်ခေတ်ကို အကြောင်းပြုပြီး ရိုက်ထားတာဆိုပေမယ့် Bounty Hunter Character ကို ယူသုံးထားတာက လွဲလို့ တစ်ခြားဇာတ်အိမ် ဆက်စပ်မှု သိပ်မရှိပါဘူး။ လုပ်မယ့်လုပ်စေချင်ရင် Django Unchated ( 2012 ) ထဲက bounty hunter ဖြစ်သွားတဲ့ လူမည်း Jamix Foxx ကာရိုက်တာဟာ sequel အနေနဲ့ The Hatefull Eight ( 2015 ) မှာ Major Warren အနေနဲ့ Bounty Hunter လာဖြစ်တယ်ဆိုတာမျိုးပဲ ဖြစ်လုပ်လို့ရမယ်ထင်တယ်။

(ရုပ်ရှင်အညွှန်းကို Cinemanto FB Page မှ ကူးယူဖော်ပြပါသည်။)

 

File size…(13 GB)/(3 GB )/(1.8 GB)
Quality….BluRay 4K HEVC/ 1080p HEVC/ 720p
Format…mkv/mp4
Duration….02:45:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Kiwi



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Cast

Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)
Django Unchained (2012)


No downloads available

Genres



Related movies