‘ချစ်ခြင်းဖြင့်ဖွဲ့သီသော’
CM ပရိတ်သတ်ကြီးရေ ဇာတ်လမ်းထဲက မိဘတစ်ယောက်ရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှုသူကိုကူးစက်လာအောင်အထိ ရိုက်ပြတဲ့ဇာတ်လမ်းမျိုးမြည်းစမ်းကြည့်လိုပါသလား။ မိဘတွေဟာ သားသမီးအပေါ်ဘယ်လိုပေးဆပ်ကြောင်း မိနစ် ၁၀၀ လောက် ကောင်းကောင်းကြီးတွေ့ကြုံလိုပါသလား။ ဒါဆိုရင်တော့ ဒီရုပ်ရှင်လေးနဲ့ကိုယ်တိုင်ခံစားကြည့်ပါလို့ပြောပါရစေ။
ဇာတ်ကားနာမည်က စစ်ကြေညာစာတမ်းတဲ့ ဒါပေမယ့် ဘယ်စစ်ပွဲမှလည်းမတိုက်သလို သတ်တာပုတ်တာလည်းတစ်ခုမှမပါပါဘူး။ ရှိတ်စပီးယားရဲ့ရိုမီယိုနဲ့ဂျူးလိယက်ဟာ အချစ်အတွက်မိဘတွေကိုစစ်ခင်းခဲ့ကြသလိုပဲ (တင်စားပြောတာဟ) ဒီတစ်ခေါက် IMDB 7 ရရှိထားပြီး ၂၀၁၁ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ထဲက ရိုမီယိုနဲ့ဂျူးလိယက်တို့ဟာလည်း သူတို့သားလေးအတွက် Brain Tumor နဲ့စစ်ခင်းရင်း မေတ္တာဆိုတာဘာလဲနဲ့ သစ္စာတွေ ယုံကြည်မှုတွေဆိုတဲ့ စကားလုံးတွေကိုနောက်ခံတေးဂီတကောင်းကောင်းနဲ့ ဆွတ်ပျံ့ဖွယ်ဖော်ကျူးထားတာကိုရှုစားရမှာပဲဖြစ်ပါတယ်။ တင်ပြပုံကောင်းသလို ပိုပြီးအံ့သြဖို့ကောင်းတာက ဒီရုပ်ရှင်ထဲကမင်းသားမင်းသမီးဟာ အပြင်မှာတကယ့်လင်မယားတွေဖြစ်ပြီး ဒီရုပ်ရှင်ထဲကအဖြစ်အပျက်တွေဟာလည်း တကယ့်လက်တွေ့ဘဝက သူတို့ရဲ့ကင်ဆာရောဂါရှင်သားဦးလေးနဲ့အတူ ဘဝဖြတ်သန်းခဲ့ရပုံဖြစ်ရပ်မှန်တွေကိုရိုက်ပြထားတာဖြစ်ပါတယ်။
ဒီတော့ အများကြီးမညွှန်းတော့ဘူး။ တစ်ခုပဲသတိပေးချင်တာက ပြင်သစ်ရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း အသံက ရုတ်တရက်ဆောင့်ဆောင့်ထွက်လာတတ်တာလေးတစ်ခုပါပဲ။
ကျွန်တော်ကတော့ Alex666 ပါ။ ရှုစားလိုက်ကြပါဦး။
File size…(1.6 GB)/(800 Mb)
Quality….Blu-Ray 1080p / 720p
Format…mp4
Duration….01:40:00
Genre… Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Alex666
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။