Channel Myanmar

Charisma (1999)

~ IMDb – 6.8/10, Rotten Tomatoes – 76% ~

442

ထူးခြားတဲ့အပင်တစ်ပင်အတွက် တစ်တောလုံးကို သတ်ပစ်မလား။
တစ်တောလုံးကို ကယ်ဖို့အတွက် အဲဒီအပင်တစ်ပင်ကို သတ်ပစ်မလား။
နှစ်မျိုးစလုံးကို ကယ်မှာလား။
နှစ်မျိုးစလုံးကို ကယ်ဖို့လုပ်ရင်း နှစ်ခုလုံးက သေသွားတာဖြစ်နိုင်ပြန်ပါသေးတယ်။
ဒါမှမဟုတ် နှစ်မျိုးလုံးကို သတ်ပစ်လိုက်ပြီးတော့ အစသစ်တစ်ခုကို ဖန်တီးမှာလား။

ဒီလိုဝေခွဲရခက်တဲ့ မေးခွန်းတွေကို Charisma (1999) ဆိုတဲ့ ဇာတ်ကားလေးက မေးပြီးတော့ အဖြေတွေကို ဖြေပြသွားပါတယ်။

အပင်တွေရဲ့ ဂေဟစနစ်နဲ့ လူ့အဖွဲ့အစည်းကိုလည်း လှလှပပလေး ယှဉ်ပြီး ပြသွားပါသေးတယ်။ မှန်းဆမရတဲ့ လူ့သဘာဝနဲ့ မတူတဲ့ ယုံကြည်မှုရှိတဲ့သူတွေ၊ မတူတဲ့ အဖြေတစ်ခုစီ ရှိနေကြတဲ့ လူတွေရဲ့ ပဋိပက္ခတွေ စတဲ့ အဖြေရှာမရတဲ့ ပြဿနာတွေကို အဓိကဇာတ်ကောင်က ဖြေရှင်းသွားတဲ့ပုံကတော့ ရွဲ့တယ်ပဲ ထင်ရမလား၊ အဲဒါကပဲ တကယ့်အဖြေဖြစ်နေမလား၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာရဲ့ ယုံကြည်မှု ဒါမှမဟုတ် နောက်ထပ် အဖြေတစ်ခုပဲလားတော့ ကျွန်တော်လည်း မသိတော့ပါဘူး။

ဂျပန် Psychological Horror လောကကို အပြောင်းအလဲတစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ Cure ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Kiyoshi Kurosawa ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပေါ့။ ခိရိုရှိကူရိုဆာဝါဟာ ခိုဂျိနဲ့တွဲရိုက်တဲ့ သူ့မာစတာပိစ်ရုပ်ရှင်ဖြစ်တဲ့ Cure နဲ့ နိုင်ငံတကာမှာ အောင်မြင်မှုရပြီးနောက်ပိုင်းမှာ Perfect Days နဲ့ခုနောက်ပိုင်း ဒီကလူတွေတော်တော်သိလာတဲ့ ခိုဂျိနဲ့ပဲ Charisma နဲ့ Pulse ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားကလည်း Cure လိုပဲ ဂျပန်ဟော်ရာရုပ်ရှင်တွေရဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်။ ဟော်ရာနဲ့ပတ်သက်ရင် အခုနောက်ဆုံးထွက်တဲ့ Chime မှာ ဘာမှမပါဘဲကို ရိုက်ပြနိုင်တဲ့ အမြင့်ဆုံးအဆင့်လို့ပြောလို့ရတဲ့ အဆင့်ကိုရောက်သွားပြီဆိုတော့ ဒီအစောပိုင်းကားတွေမှာ ဘယ်လိုလက်စွမ်းပြထားမလဲ ကြည့်ကြသင့်တဲ့ ရုပ်ရှင်ပါပဲ။ ဂျပန်ဟော်ရာနဲ့ပတ်သက်ရင် Kiyoshi Kurosawa ကတော့ ခင်ဗျားကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ဘူး။

(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.3GB, 980MB
Quality – 1080p, 720p
IMDb Rating – 6.8/10
Format – mp4
Duration – 1H 44Min
Genre – Drama, Mystery
Subtitle – Myanmar Subtitle (Hardsub)
Translated by 666
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Charisma (1999)
Charisma (1999)
Charisma (1999)


No downloads available

Genres



Related movies