Channel Myanmar

Report error

442

 

Chances Are, You and I (2024)

IMDb Rating (8.4)

Sol Sikat ဟာဦးနှောက်ထဲမှာအကျိတ်တည်နေတဲ့ဝေဒနာကိုခံစားနေရပြီး လောကကြီးကိုစိတ်ကုန်အရွဲ့တိုက်နေတဲ့
လူငယ်တစ်ယောက်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်က မတော်တဆမှုတစ်ခုမှာ သူ့မိခင်ကိုဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူကလည်း
သူ့မိသားစုအသစ်နဲ့နိုင်ငံခြားမှာပျော်ရွှင်နေပြီဖြစ်တဲ့အတွက် သူ့အတွက်အသက်ဆက်ရှင်စရာအကြောင်းပြချက်မရှိတော့ဘူးလို့
ယူဆထားတာဖြစ်ပါတယ်။

Gabi Sinag ဆိုတဲ့ကောင်မလေးကလည်း သူနဲ့ထပ်တူဝေဒနာမျိုးခံစားနေရတဲ့သူဖြစ်ပြီး သူ့လိုပဲ မတော်တဆမှုတစ်ခုမှာ
မိခင်ရောဖခင်ကိုပါဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမယ့် သူနဲ့ဆန့်ကျင်စွာ လောကကြီးကိုအကောင်းမြင် လူတွေကိုအကူအညီပေးတတ်
ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။

တစ်နေ့မှာတော့ သူတို့နှစ်ယောက် အတူဆုံဖြစ်ခဲ့ပြီး ရင်းနှီးမှုရလာ လောကကြီးအပေါ် ခံစားချက်တွေ အတွေးအမြင်တွေရင်ဖွင့်ဖလှယ်ရင်းကနေ
ခရီးရှည်တစ်ခုထွက်ဖြစ်ခဲ့ပြီးဘ၀ရဲ့အပြောင်းအလဲတွေကို ရင်ဆိုင်တွေ့ကြုံရဖို့ဖြစ်လာပါတော့တယ်။

နာမည်ကျော်တက်သစ်စနှစ်ယောက်ဖြစ်တဲ့ Kelvin Miranda နဲ့ Kira Balinger တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်
Netflix ထုတ် ဖိလစ်ပိုင် romance/drama ဇာတ်ကားကောင်းလေးတစ်ကားပါ။

(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)

File size…(2.2 GB) / (985 MB)
Quality….WEB-DL 1080p HEVC / 720p
Format…. mkv/mp4
Duration….02:13:29
Subtitle….Myanmar Subtitle (Hardsub)
Encoder….Benjamin
Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Chances Are, You and I (2024)


No downloads available

Genres



Related movies